ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ား ေမာင္းႏွင္လာသည့္ သံုးဘီးဆိုင္ကယ္ ႏွင့္ ပစၥည္းတင္ယာဥ္တို႔ တိုက္မႈျဖစ္ပြား

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏိုင္ငံသားမ်ား ေမာင္းႏွင္လာသည့္ သံုးဘီးဆိုင္ကယ္ ႏွင့္ ပစၥည္းတင္ယာဥ္တို႔ တိုက္မႈျဖစ္ပြား
နိုဝင်ဘာ 6, 2017
By Tachileik News Agency

ထိုင္း - ျမန္မာ နယ္စပ္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ ၿမိဳ႕ပိုင္ရံုးေရွ႕တြင္  ျမန္မာႏိုင္ငံသားမ်ား ေမာင္းႏွင္ၾကသည့္ သံုးဘီးဆိုင္ကယ္(ဆမ္ေလာ့) ႏွင့္ ပစၥည္းသယ္ကားတို႔ မေတာ္တဆျဖစ္ပြားရာက တစ္ဆင့္ ထိုင္းအမ်ဳိးသမီးတစ္ဦး ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၆)ရက္ေန႔ ညေန(၃)နာရီခြဲေက်ာ္က ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕လမ္းမႀကီးျဖစ္သည့္ ခ်စ္ၾကည္ေရးတံတားမွ Lotus ကုန္တိုက္သို႔ အသြားလမ္း မယ္ဆိုင္ၿမိဳ႕ပိုင္ရံုးေရွ႕တြင္ ယင္းသို႔ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္းႏွင့္ မေတာ္တဆ ျဖစ္ပြားရာမွ သံုးဘီးဆိုင္ကယ္မွာ တိမ္းေမွာက္သြားၿပီး ပစၥည္းတင္မွန္လံုယာဥ္မွာ ယာဥ္ဦးေခါင္း၏ ယာဖက္အျခမ္းတြင္ ထိခိုက္ပ်က္စီးမႈ ျဖစ္သြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္ႏွစ္စီး မေတာ္တဆျဖစ္ပြားမႈေၾကာင့္ သံုးဘီးဆိုင္ကယ္မွာ ဒရြတ္တိုက္ဆြဲပါသြားသည့္အတြက္ အနီးရွိ ထိုင္းအမ်ဳိးသမီးတစ္ဦးမွာ ညာဖက္ လက္ထိခိုက္ဒဏ္ရာ ရရွိသြားေၾကာင္း သိရသည္။

"ပစၥည္းတင္တဲ့ကားကို ဆမ္ေလာ့က ေက်ာ္တက္တာ ဘယ္ဘက္အျခမ္းနဲ႔ ခ်ိတ္မိၿပီး ဆမ္ေလာ့တံုးလံုးလဲၿပီး ဒရြတ္ ဆြဲသြားၿပီးေတာ့ ကားလမ္းေဘးမွာရွိတဲ့ ထိုင္းအမ်ိဳးသမီးတစ္ေယာက္ကိုတိုက္မိတာ၊ ထိုင္းအမ်ဳိးသမီးလည္း ဒဏ္ရာရသြားတယ္။ တိုက္မိၾကတာကေတာ့ ျမန္မာအခ်င္းခ်င္းပဲ"ဟု ယာဥ္တိုက္မႈျဖစ္ပြားရာ အနီးတြင္ ေတြ႕ျမင္ခ့ဲရသူ ျမန္မာအမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ မယ္ဆိုင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ႏွင့္ တာ၀န္ရွိသူမ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြို့ပိုင်ရုံးရှေ့တွင် မြန်မာနိုင်ငံသားများ မောင်းနှင်ကြသည့် သုံးဘီးဆိုင်ကယ်(ဆမ်လော့) နှင့် ပစ္စည်းသယ်ကားတို့ မတော်တဆဖြစ်ပွားရာက တစ်ဆင့် ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့ ညနေ(၃)နာရီခွဲကျော်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့လမ်းမကြီးဖြစ်သည့် ချစ်ကြည်ရေးတံတားမှ Lotus ကုန်တိုက်သို့ အသွားလမ်း မယ်ဆိုင်မြို့ပိုင်ရုံးရှေ့တွင် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် မတော်တဆ ဖြစ်ပွားရာမှ သုံးဘီးဆိုင်ကယ်မှာ တိမ်းမှောက်သွားပြီး ပစ္စည်းတင်မှန်လုံယာဉ်မှာ ယာဉ်ဦးခေါင်း၏ ယာဖက်အခြမ်းတွင် ထိခိုက်ပျက်စီးမှု ဖြစ်သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်နှစ်စီး မတော်တဆဖြစ်ပွားမှုကြောင့် သုံးဘီးဆိုင်ကယ်မှာ ဒရွတ်တိုက်ဆွဲပါသွားသည့်အတွက် အနီးရှိ ထိုင်းအမျိုးသမီးတစ်ဦးမှာ ညာဖက် လက်ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

"ပစ္စည်းတင်တဲ့ကားကို ဆမ်လော့က ကျော်တက်တာ ဘယ်ဘက်အခြမ်းနဲ့ ချိတ်မိပြီး ဆမ်လော့တုံးလုံးလဲပြီး ဒရွတ် ဆွဲသွားပြီးတော့ ကားလမ်းဘေးမှာရှိတဲ့ ထိုင်းအမျိုးသမီးတစ်ယောက်ကိုတိုက်မိတာ၊ ထိုင်းအမျိုးသမီးလည်း ဒဏ်ရာရသွားတယ်။ တိုက်မိကြတာကတော့ မြန်မာအချင်းချင်းပဲ"ဟု ယာဉ်တိုက်မှုဖြစ်ပွားရာ အနီးတွင် တွေ့မြင်ခဲ့ရသူ မြန်မာအမျိုးသားတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မယ်ဆိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~