က်ိဳင္းတံုတြင္ လူငယ္ဖိုရမ္က်င္းပမည့္လူငယ္မ်ားက ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ျခင္းဆုိင္ရာ အသိေပး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝမည္

က်ိဳင္းတံုတြင္ လူငယ္ဖိုရမ္က်င္းပမည့္လူငယ္မ်ားက ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ျခင္းဆုိင္ရာ အသိေပး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝမည္
နိုဝင်ဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အသက္(၁၅)ႏွစ္မွ (၂၅)ႏွစ္အတြင္း လူငယ္မ်ား တက္ေရာက္မည့္ လူငယ္ဖိုရမ္ကို ဒီဇင္ဘာလ (၃)ရက္ေန႔၌ က်ိဳင္းတံုလူငယ္စင္တာက က်င္းပရန္စီစဥ္ေနၿပီး ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ျခင္းဆုိင္ရာ အသိေပး လက္ကမ္းစာေစာင္မ်ားကိုလည္း ျဖန္႔ေဝသြားမည္ျဖစ္ေၾကာင္း သိရသည္။

လူငယ္ဖိုရမ္ကို အေမရိကန္သံရုံး၏ အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္မ်ားဖြံ႕ၿဖိဳးေရးအစီအစဥ္ YSEALI စတင္ခဲ့သည့္ ေလးႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

“မနက္ပိုင္းမွာ ၿမိဳ႕ထဲက လူစည္တဲ့ေနရာေတြမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးအသစ္ ေရြးတာနဲ႕ ပတ္သက္ၿပီးေတာ့ အသိပညာေပး လက္ကမ္းစာေစာင္ေတြ လိုက္ေဝဖို႔ရိွတယ္။ ေန႔လယ္ပိုင္းမွာက်ေတာ့ စည္ပင္ခန္းမမွာ လူငယ္ေခါင္းေဆာင္မႈဖိုရမ္နဲ႕ ပတ္သက္ၿပီးေတာ့ ေဟာေျပာပြဲကို Panel Discussion ပုံစံလုပ္မွာပါ။ အဲဒီအတြက္ ဆရာ(၃)ေယာက္ကို ရန္ကုန္က ဖိတ္မယ္။ လက္ရိွမွာေတာ့ အဲဒီပြဲအတြက္ မသဥၨာရႊန္းလဲ့ရည္ကေတာ့ လာဖို႕ ေသခ်ာပါၿပီ။ ေနာက္ႏွစ္ေယာက္ကိုလည္း ထပ္ဖိတ္ဖို႔ လုပ္ထားပါတယ္”ဟု က်ိဳင္းတုံလူငယ္စင္တာမွ မခင္ျမတ္မြန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါလူငယ္မ်ားသည္ ဒီဇင္ဘာလ (၃)ရက္ေန႔ နံနက္(၇)နာရီမွ (၁၁)နာရီအထိ ၿမိဳ႕တြင္းရိွ လူစည္ကားရာေနရာမ်ားတြင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးအသစ္ ေရြးခ်ယ္မႈႏွင့္ ပတ္သက္သည့္ လက္ကမ္းစာေစာင္မ်ား ေ၀ငွသြားမည္ျဖစ္ၿပီး လူငယ္ေခါင္းေဆာင္မႈဖိုရမ္ကို စည္ပင္ခန္းမတြင္ ေန႕လယ္(၁)နာရီမွ ညေန(၅)နာရီအထိ ျပဳလုပ္သြားမည္ျဖစ္ရာ လူငယ္ (၈၀)ဦးအထိ တက္ေရာက္ႏိုင္ေၾကာင္း သိရသည္။

 “အဲဒီေန႔မွာက ေန႔လယ္ပိုင္းမွာ လုပ္မယ့္ဖိုရမ္က အဓိကျဖစ္ပါတယ္။ အဲဒီပြဲအတြက္ လူအကန္႔အသတ္ရိွပါတယ္။ လူ(၈၀)ပဲ တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ၿပီးရင္ အဲဒီပြဲအတြင္းမွာ လူငယ္ေတြကို လက္ေဆာင္ေတြလည္း ေပးဖို႕ရိွပါတယ္။ ေနာက္ၿပီးေတာ့ အဲဒီပြဲလုပ္ေနတဲ့ အခ်ိန္အတြင္းမွာ အဲဒီ Program အေၾကာင္း Facebook ေပၚေရးတင္တဲ့လူေတြထဲက Like အမ်ားဆုံးရတဲ့လူကို Social Media Award ေပးဖို႔ရိွပါတယ္”ဟု မခင္ျမတ္မြန္က ေျပာသည္။

အေမရိကန္သံရုံး၏ YSEALI အေရွ႕ေတာင္အာရွ လူငယ္ေခါင္းေဆာင္မ်ားဖြံ႕ၿဖိဳးေရးအစီအစဥ္ စတင္ခဲ့သည့္ ေလးႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံအပါအ၀င္ အာဆီယံ(၁၀)ႏိုင္ငံတြင္လည္း ဒီဇင္ဘာလ (၃)ရက္ေန႕တြင္ YSEALI YOUnified 2017အစီအစဥ္အျဖစ္ တစ္ၿပိဳင္နက္တည္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕တြင္ ျပဳလုပ္မည့္ YSEALI YOUnified 2017အစီအစဥ္အျဖစ္ က်င္းပျပဳလုပ္မည့္ လူငယ္ေခါင္းေဆာင္မႈဖိုရမ္သို႕ ပါ၀င္လိုသူမ်ားအေနျဖင့္ ႏိုဝင္ဘာလ(၃၀)ရက္ေန႕ ေနာက္ဆုံးထားၿပီး က်ိဳင္းတုံလူငယ္စင္တာ၏ Facebook Page တြင္လည္းေကာင္း ဖုန္း ၀၉၄၀၂၅၄၄၃၈၉၊ ၀၉၄၅၈၀၃၁၃၅၃၊ ၀၉၄၅၅၇၉၅၉၅၁ သို႕လည္းေကာင္း ဆက္သြယ္၍ နာမည္စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #USEmbassyRangoon

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် လူငယ်ဖိုရမ်ကျင်းပမည့်လူငယ်များက ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက်(၁၅)နှစ်မှ (၂၅)နှစ်အတွင်း လူငယ်များ တက်ရောက်မည့် လူငယ်ဖိုရမ်ကို ဒီဇင်ဘာလ (၃)ရက်နေ့၌ ကျိုင်းတုံလူငယ်စင်တာက ကျင်းပရန်စီစဉ်နေပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

လူငယ်ဖိုရမ်ကို အမေရိကန်သံရုံး၏ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များဖွံ့ဖြိုးရေးအစီအစဉ် YSEALI စတင်ခဲ့သည့် လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“မနက်ပိုင်းမှာ မြို့ထဲက လူစည်တဲ့နေရာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ရွေးတာနဲ့ ပတ်သက်ပြီးတော့ အသိပညာပေး လက်ကမ်းစာစောင်တွေ လိုက်ဝေဖို့ရှိတယ်။ နေ့လယ်ပိုင်းမှာကျတော့ စည်ပင်ခန်းမမှာ လူငယ်ခေါင်းဆောင်မှုဖိုရမ်နဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲကို Panel Discussion ပုံစံလုပ်မှာပါ။ အဲဒီအတွက် ဆရာ(၃)ယောက်ကို ရန်ကုန်က ဖိတ်မယ်။ လက်ရှိမှာတော့ အဲဒီပွဲအတွက် မသဥ္ဇာရွှန်းလဲ့ရည်ကတော့ လာဖို့ သေချာပါပြီ။ နောက်နှစ်ယောက်ကိုလည်း ထပ်ဖိတ်ဖို့ လုပ်ထားပါတယ်”ဟု ကျိုင်းတုံလူငယ်စင်တာမှ မခင်မြတ်မွန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါလူငယ်များသည် ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၇)နာရီမှ (၁၁)နာရီအထိ မြို့တွင်းရှိ လူစည်ကားရာနေရာများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မှုနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဝေငှသွားမည်ဖြစ်ပြီး လူငယ်ခေါင်းဆောင်မှုဖိုရမ်ကို စည်ပင်ခန်းမတွင် နေ့လယ်(၁)နာရီမှ ညနေ(၅)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ရာ လူငယ် (၈၀)ဦးအထိ တက်ရောက်နိုင်ကြောင်း သိရသည်။

 “အဲဒီနေ့မှာက နေ့လယ်ပိုင်းမှာ လုပ်မယ့်ဖိုရမ်က အဓိကဖြစ်ပါတယ်။ အဲဒီပွဲအတွက် လူအကန့်အသတ်ရှိပါတယ်။ လူ(၈၀)ပဲ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီပွဲအတွင်းမှာ လူငယ်တွေကို လက်ဆောင်တွေလည်း ပေးဖို့ရှိပါတယ်။ နောက်ပြီးတော့ အဲဒီပွဲလုပ်နေတဲ့ အချိန်အတွင်းမှာ အဲဒီ Program အကြောင်း Facebook ပေါ်ရေးတင်တဲ့လူတွေထဲက Like အများဆုံးရတဲ့လူကို Social Media Award ပေးဖို့ရှိပါတယ်”ဟု မခင်မြတ်မွန်က ပြောသည်။

အမေရိကန်သံရုံး၏ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များဖွံ့ဖြိုးရေးအစီအစဉ် စတင်ခဲ့သည့် လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအပါအဝင် အာဆီယံ(၁၀)နိုင်ငံတွင်လည်း ဒီဇင်ဘာလ (၃)ရက်နေ့တွင် YSEALI YOUnified 2017အစီအစဉ်အဖြစ် တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ပြုလုပ်မည့် YSEALI YOUnified 2017အစီအစဉ်အဖြစ် ကျင်းပပြုလုပ်မည့် လူငယ်ခေါင်းဆောင်မှုဖိုရမ်သို့ ပါ၀င်လိုသူများအနေဖြင့် နိုဝင်ဘာလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး ကျိုင်းတုံလူငယ်စင်တာ၏ Facebook Page တွင်လည်းကောင်း ဖုန်း ၀၉၄၀၂၅၄၄၃၈၉၊ ၀၉၄၅၈၀၃၁၃၅၃၊ ၀၉၄၅၅၇၉၅၉၅၁ သို့လည်းကောင်း ဆက်သွယ်၍ နာမည်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #USEmbassyRangoon

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~