တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုတြင္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုတြင္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 20, 2017
By Tachileik News Agency


တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ မူးယစ္ေဆးသံုးစြဲသည့္ ပစၥည္းတို႔ကို ႏို၀င္ဘာလ(၂၀)ရက္ေန႔ ညေန(၃)နာရီေက်ာ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ၀မ္ပံုေက်းရြာ၊ ေဇယ်သုခတပ္ဦးဘုန္းႀကီးေက်ာင္းလမ္းရွိ ေအာင္ေက်ာ္မင္း(ခ)အိုက္လီး၏ ေနအိမ္အား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္း အဖြဲ႔တို႔က ၀င္ေရာက္စစ္ေဆးရွာေဖြရာ ေနအိမ္တြင္ ၎အား ေတြ႕ရွိရၿပီး ဆက္လက္၍ ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ရွာေဖြမႈမ်ားျပဳလုပ္ရာတြင္ ေနအိမ္ အိပ္ခန္းအတြင္းရွိ အိပ္ယာခင္းေအာက္မွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၁၇၀)ျပား ႏွင့္ ပလတ္စတစ္ပိုက္ျဖတ္စမ်ားျဖင့္ ထည့္ထားသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား(၈)ျပားတို႔အား ေတြ႕ရွိရၿပီး ဆက္လက္၍ ရွာေဖြရာ အိပ္ယာေဘးၾကမ္းျပင္ေပၚမွ စိတ္ၾကြေဆးရွဴရာတြင္ အသံုးျပဳသည့္ ၀ါးေျပာင္းတပ္လ်က္ ပလတ္စတစ္ဘူး(၁)ဘူးအား ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၆)ႏွစ္ရွိ ေအာင္ေက်ာ္မင္း(ခ)အိုက္လီးအား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - #စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြားများနှင့်အတူ မူးယစ်ဆေးသုံးစွဲသည့် ပစ္စည်းတို့ကို နိုဝင်ဘာလ(၂၀)ရက်နေ့ ညနေ(၃)နာရီကျော်က ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ဇေယျသုခတပ်ဦးဘုန်းကြီးကျောင်းလမ်းရှိ အောင်ကျော်မင်း(ခ)အိုက်လီး၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့တို့က ဝင်ရောက်စစ်ဆေးရှာဖွေရာ နေအိမ်တွင်၎င်းအား တွေ့ရှိရပြီး ဆက်လက်၍ ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေမှုများပြုလုပ်ရာတွင် နေအိမ် အိပ်ခန်းအတွင်းရှိ အိပ်ယာခင်းအောက်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၇၀)ပြား နှင့် ပလတ်စတစ်ပိုက်ဖြတ်စများဖြင့် ထည့်ထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား(၈)ပြားတို့အား တွေ့ရှိရပြီး ဆက်လက်၍ ရှာဖွေရာ အိပ်ယာဘေးကြမ်းပြင်ပေါ်မှ စိတ်ကြွဆေးရှူရာတွင် အသုံးပြုသည့် ဝါးပြောင်းတပ်လျက် ပလတ်စတစ်ဘူး(၁)ဘူးအား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၆)နှစ်ရှိ အောင်ကျော်မင်း(ခ)အိုက်လီးအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~