သိႏၷီၿမိဳ႕တြင္ ေတာင္သူႏွင့္ ကုန္သည္မ်ား သီးႏွံသိုေလွာင္ႏုိင္သည့္ ဂိုေဒါင္ပါ သီးႏွံကုန္စည္ဒိုင္အား စားသံုးေရးရာဦးစီးဌာန ပံ့ပိုးမႈျဖင့္ ဖြင့္လွစ္

သိႏၷီၿမိဳ႕တြင္ ေတာင္သူႏွင့္ ကုန္သည္မ်ား သီးႏွံသိုေလွာင္ႏုိင္သည့္ ဂိုေဒါင္ပါ သီးႏွံကုန္စည္ဒိုင္အား စားသံုးေရးရာဦးစီးဌာန ပံ့ပိုးမႈျဖင့္ ဖြင့္လွစ္
နိုဝင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕တြင္ ေဒသတြင္းေတာင္သူမ်ားႏွင့္ ကုန္သည္မ်ား သီးႏွံေရာင္းခ် ကုန္သြယ္မႈ လြယ္ကူေစေရးအတြက္ ကုန္စည္ဒိုင္တစ္ခုအား စားသံုးသူေရးရာဦးစီးဌာန၏ ပံ့ပိုးမႈျဖင့္ သိႏၷီၿမိဳ႕တြင္ ႏိုဝင္ဘာလ(၂၁)ရက္ေန႔က စတင္ဖြင့္လွစ္ေပးလုိက္ေၾကာင္း သိရသည္။

“ေျပာင္းက အဓိကထြက္ကုန္လည္းျဖစ္တဲ့အတြက္ ေျပာင္းစိုက္ေတာင္သူေတြရယ္၊ ေျပာင္းကုန္သည္ ေတြရယ္ကို ေရာင္းဝယ္မႈလြယ္ကူေစဖို႔နဲ႔ ေစ်းႏႈန္းတစ္သမတ္တည္း ျဖစ္ဖို႔အတြက္ ရည္ရြယ္ၿပီး သိႏၷီကုန္စည္ဒိုင္ကို ဖြင့္လွစ္ရတာျဖစ္ပါတယ္” ဟု သိႏၷီၿမိဳ႕နယ္ စားသံုးသူေရးရာဌာန မွ ၿမိဳ႕နယ္တာဝန္ခံ ဦးအန္ရွိန္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

သိႏၷီၿမိဳ႕နယ္အတြင္း မိုးရာသီႏွင့္ ေဆာင္းရာသီ ေျပာင္းစိုက္ပ်ိဳးဧကမွာ (၁၉၀၀၀)ေက်ာ္ရိွၿပီး ေျပာင္းဆံမ်ားကို တရုတ္ႏုိင္ငံသို႔ တင္ပို႔ေနျခင္းျဖစ္ရာ ေဒသတြင္း ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ား ေရာင္းခ်မႈတြင္ အဆင္ေျပေစရန္ ကုန္စည္ဒိုင္ ဖြင့္လွစ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဓိကကေတာ့ ေျပာင္းေစ်းႏႈန္း တစ္ေျပးညီတည္းျဖစ္ေအာင္ရယ္ ၊ ျပီးေတာ့ သိႏၷီမွာက ဆန္စပါးလည္း ေရာင္းဝယ္ၾကတာရွိတဲ့အတြက္ ေတာင္သူေတြ ေရာင္းဝယ္ရ အဆင္ေျပေစဖို႔ ရည္ရြယ္ၿပီးေတာ့ ဖြင့္လွစ္ေပးတာျဖစ္ပါတယ္။ ကုန္စည္ဒိုင္မွာလည္း ေျပာင္းဆံအိတ္ေရ (၂၀၀၀၀) ေလာက္ ဆ့ံတဲ့ ဂိုေဒါင္တစ္ခုရွိတဲ့အတြက္ ေရာင္းဝယ္ေရး၊ သိုေလွာင္ေရးကိစၥေတြ အဆင္ေျပေအာင္ လုပ္ေဆာင္ ေပးသြားမွာျဖစ္ပါတယ္”ဟု သိႏၷီၿမိဳ႕နယ္ စားသံုးသူေရးရာဌာန ၿမိဳ႕နယ္တာဝန္ခံက ေျပာသည္။

အဆိုပါကုန္စည္ဒိုင္ဖြင့္လွစ္ေရးအတြက္၂၀၁၅ ခုႏွစ္မွစ၍ အသင္းအဖြဲ႔ ဖဲြ႕စည္းျခင္းႏွင့္ အသင္းဝင္ကတ္မ်ား ထုတ္ေပးျခင္းတို႔ကို ေဆာင္ရြက္ထားခဲ့ျခင္းျဖစ္ေသာ္လည္း ေနရာအခက္အခဲေၾကာင့္ မဖြင့္လွစ္ ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေျမေနရာအခက္အခဲရိွသျဖင့္ ပုဂၢလိကပိုင္ေျမေနရာျဖစ္သည့္ တံတားဦး (ပဲ၊ ေျပာင္း) ပြဲရံုဝန္းအတြင္း ကုန္စည္ဒိုင္အားယာယီဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္းသိရၿပီး ဖြင့္ပြဲအခမ္းအနားသို႔ လားရိႈးၿမိဳ႕ရွိ ( ရွမ္းျပည္နယ္ေျမာက္ပိုင္း) ကုန္သည္/ စက္မႈ အသင္း၊ လားရိႈးလကၠားကုန္စည္ဒိုင္၊ လားရႈိးၿမိဳ႕ စားသံုးသူေရးရာ ဌာနမွ တာဝန္ရွိသူမ်ားႏွင့္ သိႏၷီၿမိဳ႕ရွိ ကုန္သည္ဦးေရ(၄၀)ခန္႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ခမ္းဦး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့တွင် ဒေသတွင်းတောင်သူများနှင့် ကုန်သည်များ သီးနှံရောင်းချ ကုန်သွယ်မှု လွယ်ကူစေရေးအတွက် ကုန်စည်ဒိုင်တစ်ခုအား စားသုံးသူရေးရာဦးစီးဌာန၏ ပံ့ပိုးမှုဖြင့် သိန္နီမြို့တွင် နိုဝင်ဘာလ(၂၁)ရက်နေ့က စတင်ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

“ပြောင်းက အဓိကထွက်ကုန်လည်းဖြစ်တဲ့အတွက် ပြောင်းစိုက်တောင်သူတွေရယ်၊ ပြောင်းကုန်သည် တွေရယ်ကို ရောင်းဝယ်မှုလွယ်ကူစေဖို့နဲ့ ဈေးနှုန်းတစ်သမတ်တည်း ဖြစ်ဖို့အတွက် ရည်ရွယ်ပြီး သိန္နီကုန်စည်ဒိုင်ကို ဖွင့်လှစ်ရတာဖြစ်ပါတယ်” ဟု သိန္နီမြို့နယ် စားသုံးသူရေးရာဌာန မှ မြို့နယ်တာဝန်ခံ ဦးအန်ရှိန်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

သိန္နီမြို့နယ်အတွင်း မိုးရာသီနှင့် ဆောင်းရာသီ ပြောင်းစိုက်ပျိုးဧကမှာ (၁၉၀၀၀)ကျော်ရှိပြီး ပြောင်းဆံများကို တရုတ်နိုင်ငံသို့ တင်ပို့နခြေင်းဖြစ်ရာ ဒေသတွင်း တောင်သူများနှင့် ကုန်သည်များ ရောင်းချမှုတွင် အဆင်ပြေစေရန် ကုန်စည်ဒိုင် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ပြောင်းဈေးနှုန်း တစ်ပြေးညီတည်းဖြစ်အောင်ရယ်၊ ပြီးတော့ သိန္နီမှာက ဆန်စပါးလည်း ရောင်းဝယ်ကြတာရှိတဲ့အတွက် တောင်သူတွေ ရောင်းဝယ်ရ အဆင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ ကုန်စည်ဒိုင်မှာလည်း ပြောင်းဆံအိတ်ရေ (၂၀၀၀၀) လောက် ဆံ့တဲ့ ဂိုဒေါင်တစ်ခုရှိတဲ့အတွက် ရောင်းဝယ်ရေး၊ သိုလှောင်ရေးကိစ္စတွေ အဆင်ပြေအောင် လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်”ဟု သိန္နီမြို့နယ် စားသုံးသူရေးရာဌာန မြို့နယ်တာဝန်ခံက ပြောသည်။

အဆိုပါကုန်စည်ဒိုင်ဖွင့်လှစ်ရေးအတွက်၂၀၁၅ ခုနှစ်မှစ၍ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အသင်းဝင်ကတ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ထားခဲ့ခြင်းဖြစ်သော်လည်း နေရာအခက်အခဲကြောင့် မဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြေနေရာအခက်အခဲရှိသဖြင့် ပုဂ္ဂလိကပိုင်မြေနေရာဖြစ်သည့် တံတားဦး (ပဲ၊ ပြောင်း) ပွဲရုံဝန်းအတွင်း ကုန်စည်ဒိုင်အားယာယီဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရပြီး ဖွင့်ပွဲအခမ်းအနားသို့ လားရှိုးမြို့ရှိ ( ရှမ်းပြည်နယ်မြောက်ပိုင်း) ကုန်သည်/ စက်မှု အသင်း၊ လားရှိုးလက္ကားကုန်စည်ဒိုင်၊ လားရှိုးမြို့ စားသုံးသူရေးရာ ဌာနမှ တာဝန်ရှိသူများနှင့် သိန္နီမြို့ရှိ ကုန်သည်ဦးရေ(၄၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ခမ်းဦး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~