ေတာင္ႀကီးၿမိဳ႕၌ က်င္းပမည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား နို၀င္ဘာလ ၁၇ ရက္ေန႕တြင္ စတင္က်င္းပမည္

ေတာင္ႀကီးၿမိဳ႕၌ က်င္းပမည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား နို၀င္ဘာလ ၁၇ ရက္ေန႕တြင္ စတင္က်င္းပမည္
နိုဝင်ဘာ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈခန္းမတြင္ က်င္းပမည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား ရွမ္းတိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ႀကီးမွဴးသြားမည္ျဖစ္ၿပီး ႏို၀င္ဘာလ (၁၇)ရက္ေန႔က စ၍ (၃)ရက္တိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏွစ္သစ္ကူးပြဲေတာ္အား ယခင္ႏွစ္ ကဲ့သို႔ မီးပံုးပ်ံလႊတ္တင္ျခင္းမ်ား မျပဳလုပ္ေတာ့ဘဲ ခန္းမအတြင္း၌သာ အက်ဥ္းရံုး က်င္းပသြားမည္ျဖစ္ေၾကာင္း ႏွင့္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၇)ရက္ေန႔မွ ႏို၀င္ဘာလ(၁၉)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီႏွစ္က မီးပံုးပ်ံလႊတ္မဲ့ အစီအစဥ္ မရွိပါဘူး။ (၁၇)ရက္ေန႔ ညမွာ ႏွစ္သစ္ကူးအႀကိဳ ညစာ စားပြဲ လုပ္မယ္၊ ဆုေပးပြဲေတြလည္း မလုပ္ျဖစ္ပါဘူး၊ (၁၈)ရက္ေန႔မွာ ပေဒသာပင္ လွည့္မယ္၊ ညပိုင္းမွာ စတိတ္ရႈိး နဲ႔ ရိုးရာ အက ကပြဲလုပ္မယ္၊ (၁၉)ရက္ေန႔ မနက္ပိုင္းမွာ ဆြမ္းကပ္ၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္နဲ႔ တစ္ညလံုး က်င္းပသြားမွာပါ၊ ႏွစ္သစ္ကူးအတြက္ ရွမ္းေကာ္မတီကပဲ ဦးေဆာင္က်င္းပသြားမွာပါ၊ အရင္ႏွစ္ကလို အေ၀ရာကြင္းမွာ စည္စည္ကားကား မလုပ္ပါဘူး၊ အက်ဥ္းရံုးအေနနဲ႔သာ က်င္းပသြားမွာပါ"ဟု ရွမ္းတိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ေငြစာရင္းျပဳစုသူ နန္းခမ္းေဖာင္ က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း၌ ခရိုင္/ၿမိဳ႕နယ္မ်ားတြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္မ်ားအား က်င္းပသြားမည္ ျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၆)ရက္ေန႔မွ ႏို၀င္ဘာလ(၁၈)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ၿပီး က်ဳိင္းတံုၿမိဳ႕တြင္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၆)ရက္ေန႔မွ ႏို၀င္ဘာလ(၃၀)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို





~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၇)ရက်နေ့က စ၍ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်အား ယခင်နှစ် ကဲ့သို့ မီးပုံးပျံလွှတ်တင်ခြင်းများ မပြုလုပ်တော့ဘဲ ခန်းမအတွင်း၌သာ အကျဉ်းရုံး ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့မှ နိုဝင်ဘာလ(၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်က မီးပုံးပျံလွှတ်မဲ့ အစီအစဉ် မရှိပါဘူး။ (၁၇)ရက်နေ့ ညမှာ နှစ်သစ်ကူးအကြို ညစာ စားပွဲ လုပ်မယ်၊ ဆုပေးပွဲတွေလည်း မလုပ်ဖြစ်ပါဘူး၊ (၁၈)ရက်နေ့မှာ ပဒေသာပင် လှည့်မယ်၊ ညပိုင်းမှာ စတိတ်ရှိုး နဲ့ ရိုးရာ အက ကပွဲလုပ်မယ်၊ (၁၉)ရက်နေ့ မနက်ပိုင်းမှာ ဆွမ်းကပ်ပြီး ဖျော်ဖြေရေးအစီအစဉ်နဲ့ တစ်ညလုံး ကျင်းပသွားမှာပါ၊ နှစ်သစ်ကူးအတွက် ရှမ်းကော်မတီကပဲ ဦးဆောင်ကျင်းပသွားမှာပါ၊ အရင်နှစ်ကလို အေဝရာကွင်းမှာ စည်စည်ကားကား မလုပ်ပါဘူး၊ အကျဉ်းရုံးအနေနဲ့သာ ကျင်းပသွားမှာပါ"ဟု ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ငွေစာရင်းပြုစုသူ နန်းခမ်းဖောင် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း၌ ခရိုင်/မြို့နယ်များတွင် ရှမ်းနှစ်သစ်ကူးပွဲတော်များအား ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျိုင်းတုံမြို့တွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~