ရှမ်းရိုးမကွင်း သာယာလှပရေးနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် တရားဝင်စာတင်ကာ သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်

ရှမ်းရိုးမကွင်း သာယာလှပရေးနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် တရားဝင်စာတင်ကာ သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်
နိုဝငျဘာ 14, 2017
By Tachileik News Agency




ဆက်လက်၍ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့် ကော်မတီဝင်များက အဆိုပါ ကွင်းအား ပိုင်ဆိုင်မှုအနေဖြင့် ပြည်နယ်အစိုးရက ပိုင်ဆိုင်ခြင်း ဖြစ်သည့်အတွက် တရားဝင်စာတင်မည်ဆိုပါက ရှမ်းရိုးမကွင်းအား သာယာလှပရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်ကိုသာ တင်ပြပါက သင့်လျော်ပြီး မြို့နယ်မှ တစ်ဆင့် ခရိုင်၊ ထိုမှတစ်ဆင့် ပြည်နယ်အစိုးရထံ တင်ပြပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်နှင့်လုပ်ငန်းဆောင်ရွက်နိုင်ရန် အခြေအနေများကိုသာ စောင့်ရမှာဖြစ်ကြောင်း အကြံပြု ဆွေးနွေးကြသည်။

တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အကြံပြုဆွေးနွေးချက်အရ ရှမ်းရိုးမကွင်းအား သာယာလှပရေး လိုလားသူအဖွဲ့ မှ တက်ရောက်လာသူ မြို့မိမြို့ဖ ဦးမြင့်ဦး၊ ဦးခင်မောင်မြင့်(ရွှေမဟာ)၊ ဒေါက်တာ မြင့်အောင်(ASG)၊ ဦးတင့်ဆွေ(မဇ္ဈိမ)တို့က ရှမ်းရိုးမကွင်းအား သာယာလှပရေးနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်မှာ မိမိတို့၏ အကျိုးအတွက်မဟုတ်ကြောင်း၊ ရှမ်းရိုးမကွင်းအား အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည့်အတွက်ဖြစ်ပြီး မိမိတို့မှ လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားရန် နှင့် တာချီလိတ်နေပြည်သူများဖြင့် ပူးပေါင်း၍ လုပ်ဆောင်သွားရန်ဖြစ်ကြောင်း ၊ ရှမ်းရိုးမကွင်း သာယာ လှပရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက တစ်ဆင့် တရားဝင်စာ တင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသအုပ်ချုပ်ရေးအကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် တင်ပြဆွေးနွေးခဲ့ကြသည်။

ရှမ်းရိုးမကွင်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် တည်ရှိပြီး စနစ်တကျဖြစ်စေရေးအတွက် စည်ပင်သာယာရေးဌာနမှ သံဆူးကြိုးများဖြင့် ခြံခတ်ထား ပေးသော်လည်း အဆိုပါကွင်းအတွင်း မြေပြင်အခြေအနေမှာ ချိုင့်ခွက်များလည်းရှိနေသည့်အတွက် တာချီလိတ်နေပြည်သူများမှ တရားဝင် ပြုပြင်ပေးစေလိုကြခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ပွဲလမ်းသဘင်များနှင့် ပတ်သက်၍ အသုံးပြုနေလျက်ရှိသည့် ရှမ်းရိုးမကွင်းအား သာယာလှပရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရှမ်းရိုးမကွင်း သာယာလှပရေးလိုလားသူအဖွဲ့ နှင့် တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ တွေ့ဆုံဆွေးနွေးမှုကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ကြောင်း နှင့် ရှမ်းရိုးမကွင်းနှင့် ပတ်သက်၍ တရားဝင်စာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းလုံမားနှင့် အဖွဲ့ဝင်များ၊ ရှမ်းရိုးမကွင်းအား သာယာလှပရေး လိုလားသူအဖွဲ့မှ မြို့မိမြို့ဖ ဦးမြင့်ဦး နှင့် အဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် ရှမ်းရိုးမကွင်း၏ ပိုင်ဆိုင်မှုနှင့်အတူ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မြို့နယ်စည်ပင် သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက အဆိုပါ ကွင်းမှာ အခြား ပုဂ္ဂလိကပိုင် မဟုတ်ဘဲ ပြည်နယ်အစိုးရပိုင်ဖြစ်ကြောင်း၊ လက်ရှိတွင် ရှမ်းရိုးမကွင်းအား စည်ပင်သာယာရေး ဌာနမှ ထိန်းသိမ်းပေးထားခြင်းဖြစ်ကြောင်း နှင့် ရှမ်းရိုးမကွင်းအတွင်း ပွဲလမ်းသဘင်များ ပြုလုပ်ရာတွင် ကောက်ခံရရှိသည့် ငွေများကို ပြည်နယ်အစိုးရထံအပ်နှံရကြောင်း ရှင်းပြသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့် ကော်မတီဝင်များက အဆိုပါ ကွင်းအား ပိုင်ဆိုင်မှုအနဖြေင့် ပြည်နယ်အစိုးရက ပိုင်ဆိုင်ခြင်း ဖြစ်သည့်အတွက် တရားဝင်စာတင်မည်ဆိုပါက ရှမ်းရိုးမကွင်းအား သာယာလှပရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်ကိုသာ တင်ပြပါက သင့်လျော်ပြီး မြို့နယ်မှ တစ်ဆင့် ခရိုင်၊ ထိုမှတစ်ဆင့် ပြည်နယ်အစိုးရထံ တင်ပြပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်နှင့်လုပ်ငန်းဆောင်ရွက်နိုင်ရန် အခြေအနေများကိုသာ စောင့်ရမှာဖြစ်ကြောင်း အကြံပြု ဆွေးနွေးကြသည်။

တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အကြံပြုဆွေးနွေးချက်အရ ရှမ်းရိုးမကွင်းအား သာယာလှပရေး လိုလားသူအဖွဲ့ မှ တက်ရောက်လာသူ မြို့မိမြို့ဖ ဦးမြင့်ဦး၊ ဦးခင်မောင်မြင့်(ရွှေမဟာ)၊ ဒေါက်တာ မြင့်အောင်(ASG)၊ ဦးတင့်ဆွေ(မဇ္ဈိမ)တို့က ရှမ်းရိုးမကွင်းအား သာယာလှပရေးနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်မှာ မိမိတို့၏ အကျိုးအတွက်မဟုတ်ကြောင်း၊ ရှမ်းရိုးမကွင်းအား အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည့်အတွက်ဖြစ်ပြီး မိမိတို့မှ လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားရန် နှင့် တာချီလိတ်နပြေည်သူများဖြင့် ပူးပေါင်း၍ လုပ်ဆောင်သွားရန်ဖြစ်ကြောင်း၊ ရှမ်းရိုးမကွင်း သာယာ လှပရေးနှင့် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက တစ်ဆင့် တရားဝင်စာ တင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသအုပ်ချုပ်ရေးအကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် တင်ပြဆွေးနွေးခဲ့ကြသည်။

ရှမ်းရိုးမကွင်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် တည်ရှိပြီး စနစ်တကျဖြစ်စေရေးအတွက် စည်ပင်သာယာရေးဌာနမှ သံဆူးကြိုးများဖြင့် ခြံခတ်ထား ပေးသော်လည်း အဆိုပါကွင်းအတွင်း မြပြေင်အခြေအနေမှာ ချိုင့်ခွက်များလည်းရှိနေသည့်အတွက် တာချီလိတ်နပြေည်သူများမှ တရားဝင် ပြုပြင်ပေးစေလိုကြခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~