တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသခံမ်ားျဖင့္ စုေပါင္း၍ ရွမ္းရိုးမကြင္းအား သာယာလွပေရးႏွင့္အဆင္ျမႇင့္တင္ႏိုင္ေရးအတြက္ အႀကိဳညႇိႏႈိင္းေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသခံမ်ားျဖင့္ စုေပါင္း၍ ရွမ္းရိုးမကြင္းအား သာယာလွပေရးႏွင့္အဆင္ျမႇင့္တင္ႏိုင္ေရးအတြက္ အႀကိဳညႇိႏႈိင္းေဆြးေႏြး
နိုဝင်ဘာ 7, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕လယ္ရွိ ရွမ္းရိုးမကြင္းအား ေဒသခံအလွဴရွင္မ်ား စုေပါင္း၍ သာယာလွပေရးႏွင့္ အဆင္ျမႇင့္တင္ႏိုင္ရန္အတြက္ အႀကိဳညႇိႏႈိင္းေဆြးေႏြးမႈအား တာခ်ီလိတ္ၿမိဳ႕ရွိ ဗယ္လင္တိုင္း စားေသာက္ဆိုင္တြင္ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၇)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က ျပဳလုပ္ၿပီး တာခ်ီလိတ္ၿမိဳ႕အတြင္းရွိ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈအသင္းအဖြဲ႔မ်ား၊ ေဒသခံမ်ားျဖင့္ ေတြ႕ဆံုေဆြးေႏြးမႈကို ႏို၀င္ဘာလ(၉)ရက္ေန႔တြင္ ျပဳလုပ္ရန္အတြက္ ဆံုးျဖတ္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းသည္ တရားပြဲ ႏွင့္ ဆယ့္ႏွစ္လရာသီပြဲမ်ား၊ ႏွစ္သစ္ကူးပြဲမ်ား က်င္းပျပဳလုပ္ေလ့ရွိသည့္ ပင္မေနရာတစ္ခုျဖစ္ရာ အဆိုပါ ကြင္းအတြင္း၌ လက္ရွိတြင္ ပ်က္စီး ယိုယြင္းမႈမ်ားျဖစ္ေနသည့္အတြက္ လိုအပ္သည့္ေနရာမ်ား၌ ကြန္ကရစ္ခင္းျခင္း၊ တရားပြဲ ႏွင့္ေဖ်ာ္ေျဖေရးမ်ား အတြက္ စတိတ္စင္ တည္ေဆာက္ျခင္း၊ အမ်ားျပည္သူမ်ား အပန္းေျဖႏိုင္ရန္အတြက္ ျပဳလုပ္ျခင္း၊ ကေလးကစားကြင္း ထည့္သြင္းျခင္း၊ ညေစ်းတန္းထည့္သြင္းျခင္း၊ ကိုယ္လက္က်န္းမာေရး ျပဳလုပ္ႏိုင္ရန္အတြက္ ႏွင့္ ကြင္းအတြင္းသာယာလွပေစရန္ သစ္ပင္ပန္းမန္မ်ား စိုက္ပ်ဳိးျခင္း စသည္မ်ားကို သက္ဆိုင္ရာႏွင့္ေဒသခံမ်ား စုေပါင္း၍ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏို၀င္ဘာလ(၇)ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ဗယ္လင္တိုင္း စားေသာက္ဆိုင္၌ အဆိုပါကိစၥႏွင့္ပတ္သက္၍ ဦးျမင့္ဦး(မုတ္ဆိတ္)၊ ဦးထြန္းေနဦး(ဟိုတယ္တာခ်ီလိတ္)၊ ဦးေအာင္ၿဖဳိးရွိန္(သူရိယ)၊ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)၊ ဦးစိုင္းႏြံတီြ(က်ားေခါင္း) ၊ ဦးစိုးထြန္းႏိုင္(ေကာင္းဆက္လင္း)ႏွင့္ ေဒၚနန္းခမ္းေဆာင္(ရႈတိုင္းယဥ္)တို႔ ပါ၀င္သည့္ ေဒသခံမ်ားေတြ႕ဆံုကာ ႏို၀င္ဘာလ(၉)ရက္ေန႔တြင္ ျပဳလုပ္မည့္ ေဆြးေႏြးပြဲ ႏွင့္ ရွမ္းရိုးမကြင္းအတြင္း ျပဳလုပ္လိုသည္မ်ားကို အၾကမ္းအားျဖင့္ ေဆြးေႏြးခဲ့ၾကသည္။

ရွမ္းရိုးမကြင္းအား သာယာလွပေရး ႏွင့္ အဆင္ျမင့္တင္ရန္အတြက္ ကနဦး မတည္ေငြအျဖစ္ ဘုရင့္ေနာင္ပုဂၢလိကေစ်း ႏွင့္ ဟိုတယ္တာခ်ီလိတ္ ပိုင္ရွင္ ဦးထြန္းေနဦး မိသားစုက ထိုင္းဘတ္ေငြ (၁)သိန္း ႏွင့္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္ မိသားစုက ထိုင္းဘတ္ေငြ (၁)သိန္းတို႔အား ထည့္၀င္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ လူမႈေရးအသင္းအဖြဲ႔မ်ား ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈအသင္းအဖြဲ႔မ်ား၊ ေဒသခံမ်ားျဖင့္ ရွမ္းရိုးမကြင္းႏွင့္ ပတ္သက္၍ ေဆြးေႏြးမႈကို ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၉)ရက္ေန႔ ေန႔လယ္(၁)နာရီ တိတိ အခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္း သြားလမ္းထိပ္အနီးရွိ ဟိုတယ္တာခ်ီလိတ္တြင္ ျပဳလုပ္မည္ျဖစ္ရာ မည္သူမဆို လာေရာက္ ေဆြးေႏြးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းအား ဒေသခံအလှူရှင်များ စုပေါင်း၍ သာယာလှပရေးနှင့် အဆင်မြှင့်တင်နိုင်ရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးမှုအား တာချီလိတ်မြို့ရှိ ဗယ်လင်တိုင်း စားသောက်ဆိုင်တွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ပြီး တာချီလိတ်မြို့အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံများဖြင့် တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာလ(၉)ရက်နေ့တွင် ပြုလုပ်ရန်အတွက် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းသည် တရားပွဲ နှင့် ဆယ့်နှစ်လရာသီပွဲများ၊ နှစ်သစ်ကူးပွဲများ ကျင်းပပြုလုပ်လေ့ရှိသည့် ပင်မနေရာတစ်ခုဖြစ်ရာ အဆိုပါ ကွင်းအတွင်း၌ လက်ရှိတွင် ပျက်စီး ယိုယွင်းမှုများဖြစ်နေသည့်အတွက် လိုအပ်သည့်နေရာများ၌ ကွန်ကရစ်ခင်းခြင်း၊ တရားပွဲ နှင့်ဖျော်ဖြေရေးများ အတွက် စတိတ်စင် တည်ဆောက်ခြင်း၊ အများပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ပြုလုပ်ခြင်း၊ ကလေးကစားကွင်း ထည့်သွင်းခြင်း၊ ညဈေးတန်းထည့်သွင်းခြင်း၊ ကိုယ်လက်ကျန်းမာရေး ပြုလုပ်နိုင်ရန်အတွက် နှင့် ကွင်းအတွင်းသာယာလှပစေရန် သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း စသည်များကို သက်ဆိုင်ရာနှင့်ဒေသခံများ စုပေါင်း၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ(၇)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့ရှိ ဗယ်လင်တိုင်း စားသောက်ဆိုင်၌ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)၊ ဦးအောင်ဖြိုးရှိန်(သူရိယ)၊ ဦးခင်မောင်မြင့်(ရွှေမဟာ)၊ ဦးစိုင်းနွံတွီ(ကျားခေါင်း)၊ ဦးစိုးထွန်းနိုင်(ကောင်းဆက်လင်း)နှင့် ဒေါ်နန်းခမ်းဆောင်(ရှုတိုင်းယဉ်)တို့ ပါဝင်သည့် ဒေသခံများတွေ့ဆုံကာ နိုဝင်ဘာလ(၉)ရက်နေ့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ နှင့် ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်လိုသည်များကို အကြမ်းအားဖြင့် ဆွေးနွေးခဲ့ကြသည်။

ရှမ်းရိုးမကွင်းအား သာယာလှပရေး နှင့် အဆင်မြင့်တင်ရန်အတွက် ကနဦး မတည်ငွေအဖြစ် ဘုရင့်နောင်ပုဂ္ဂလိကဈေး နှင့် ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး မိသားစုက ထိုင်းဘတ်ငွေ (၁)သိန်း နှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် မိသားစုက ထိုင်းဘတ်ငွေ (၁)သိန်းတို့အား ထည့်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံများဖြင့် ရှမ်းရိုးမကွင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ နေ့လယ်(၁)နာရီ တိတိ အချိန်တွင် တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်း သွားလမ်းထိပ်အနီးရှိ ဟိုတယ်တာချီလိတ်တွင် ပြုလုပ်မည်ဖြစ်ရာ မည်သူမဆို လာရောက် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~