ရွမ္းျပည္နယ္အတြင္း ဝန္ေဆာင္မႈလုပ္ငန္းမ်ား ဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ရန္ အသိေပးေဆြးေႏြးမႈ စတင္မည္

ရွမ္းျပည္နယ္အတြင္း ဝန္ေဆာင္မႈလုပ္ငန္းမ်ား ဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ရန္ အသိေပးေဆြးေႏြးမႈ စတင္မည္
နိုဝင်ဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ဝန္ေဆာင္မွူလုပ္ငန္းမ်ား ဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္ ညီညြတ္မႈရွိေစေရးအတြက္ အသိပညာေပး ေဆြးေႏြးၿပီးေနာက္ စားသံုးသူအခြင့္အေရး ခ်ိဳးေဖာက္ခံေနရမႈမ်ားမွ ကာကြယ္ႏုိင္ေရး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း စားသံုးသူေရးရာဦးစီးဌာနထံမွ သိရသည္။

ဝန္ေဆာင္မွူလုပ္ငန္းမ်ား ဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္ညီညြတ္မႈရွိေစေရးအတြက္ ေမာ္ေတာ္ယာဥ္ လုိင္းမ်ားအား ပညာေပးေဆြးေႏြးမႈမ်ား စတင္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“စားသံုးသူကာကြယ္ေရးဥပေဒအရ ဝန္ေဆာင္မႈနဲ႔ပတ္သက္လုိ႔ ခ်ိဳးေဖာက္ခံရတာေတြကိုလည္း ကာကြယ္ေပးဖို႔ ပါ ပါတယ္။ ခရီးသြားေတြအေပၚ ဝန္ေဆာင္မႈ ခ်ိဳးေဖာက္ျခင္းဆိုတာ ဥပမာအားျဖင့္ ခရီးသည္တင္ ယာဥ္ေတြက ကုန္ပစၥည္းတင္ေနတာမ်ိဳးေတြက စီးနင္းလုိက္ပါသူ ခရီးသြားေတြအေပၚ ခ်ိဳးေဖာက္တာမ်ိဳးေပါ့။ ဒီေတာ့ ခရီးသြားယာဥ္လုိင္းေတြအတြက္ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ပို႔/ဆက္နဲ႔ ေပါင္းၿပီး ေရးမယ္။ ၿပီးရင္ ယာဥ္လိုင္းေတြရဲ႕ တာဝန္ခံေတြေပါ့၊ ယာဥ္လုိင္းေတြစာရင္းကို ေကာက္ထားၿပီးၿပီ။ အဲဒါ သူတို႔ကိုေခၚၿပီး ေဆြးေႏြးမယ္။ ေဆြးေႏြးၿပီးရင္ေတာ့ ပညာေပးကာလကို တစ္လေလာက္ေတာ့ လုပ္ရမွာေပါ့”ဟု ရွမ္းျပည္နယ္စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ခရီးသည္တင္ယာဥ္လုိင္းအခ်ိဳ႕က ပံုမွန္ဝန္ေဆာင္မႈအား အထူးကားလက္မွတ္အျဖစ္ လိမ္လည္ေရာင္းခ်ျခင္းမ်ား၊ ခရီးသည္တင္ယာဥ္မ်ားတြင္ ကုန္ပစၥည္းမ်ား တင္ေဆာင္ျခင္း စသည္တို႔ကို ေျဖရွင္းေပးရျခင္းမ်ား ရိွေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ က်ိဳင္းတံုမွာေတာ့ ေအာက္တိုဘာလ (၂၀)ရက္ေန႔က ေမာ္ေတာ္ယာဥ္လုိင္းပိုင္ရွင္ေတြကို ေခၚယူၿပီး အသိပညာေပးေဆြးေႏြးထားပါတယ္။ ေနာက္ပိုင္းမွာ တာခ်ီလိတ္မွာလည္း ဆက္လက္ လုပ္ေဆာင္သြားဖို႔ရိွပါတယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႔ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

က်ိဳင္းတံုၿမိဳ႕မွ ေမာ္ေတာ္ယာဥ္လုိင္းမ်ားအား ဝန္ေဆာင္မွူလုပ္ငန္းမ်ား ဥပေဒ ျပဌာန္းခ်က္မ်ားႏွင့္ ညီညြတ္မႈ ရွိေစေရးအတြက္ အသိပညာေပးေဆြးေႏြးမႈမ်ားအတြက္ စားသုံးသူေရးရာဦးစီးဌာန ၊ စီး / ပို႕ေဆာင္ဆက္သြယ္ေရးဦးစီးဌာန၊ က်ိဳင္တုံျမိဳ႕နယ္ ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစုံအသင္းႏွင့္ က်ဳိင္းတံုၿမိဳ႕မွ ေမာ္ေတာ္ယာဥ္လိုင္း (၁၁) လိုင္းမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

စားသုံးသူေရးရားဦးစီးဌာန အေနနွင့္ ဝန္ေဆာင္မွူလုပ္ငန္း (၅)မ်ိဳးနွင့္ပတ္သက္၍ ျပည္သူမ်ား နစ္နာဆံုးရံႈးမႈ မရွိေစေရး အသိပညာေပးမႈမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရၿပီး ျပည္သူမ်ား အေနျဖင့္လည္း မိမိတို႕၏ အခြင့္အေရးမ်ားသိရိွျခင္းျဖင့္ အခြင့္အေရးအျပည့္အဝရရိွေစေရးႏွင့္ နစ္နာမႈမ်ားမရွိေစေရးတို႔အတြက္ စားသုံးသူသတင္းျပန္ၾကားေရး နွင့္တိုင္ၾကားမႈ လက္ခံ ေဆာင္ရြက္ေရး စင္တာ(CICC) မ်ားကို ျပည္နယ္အတြင္း ခရိုင္အဆင့္ရိွသည့္ၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြက္ စားသုံးသူသတင္းျပန္ၾကားေရး နွင့္ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး စင္တာ(CICC)ကို က်ိဳင္းတံုၿမိဳ႕တြင္ ဖြင့္လွစ္ထားရိွၿပီး ဖုန္း ၀၈၄ ၄၂၁၀၃၄ ႏွင့္ ၀၉ ၂၅၄၇၉၂၉၉၅ တို႔သို႔ ဆက္သြယ္ေဆာင္ရြက္ႏိုင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဝန်ဆောင်မှူလုပ်ငန်းများ ဥပဒေ ပြဌာန်းချက်များနှင့် ညီညွတ်မှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးပြီးနောက် စားသုံးသူအခွင့်အရေး ချိုးဖောက်ခံနေရမှုများမှ ကာကွယ်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

ဝန်ဆောင်မှူလုပ်ငန်းများ ဥပဒေ ပြဌာန်းချက်များနှင့်ညီညွတ်မှုရှိစေရေးအတွက် မော်တော်ယာဉ် လိုင်းများအား ပညာပေးဆွေးနွေးမှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“စားသုံးသူကာကွယ်ရေးဥပဒေအရ ဝန်ဆောင်မှုနဲ့ပတ်သက်လို့ ချိုးဖောက်ခံရတာတွေကိုလည်း ကာကွယ်ပေးဖို့ ပါ ပါတယ်။ ခရီးသွားတွေအပေါ် ဝန်ဆောင်မှု ချိုးဖောက်ခြင်းဆိုတာ ဥပမာအားဖြင့် ခရီးသည်တင် ယာဉ်တွေက ကုန်ပစ္စည်းတင်နေတာမျိုးတွေက စီးနင်းလိုက်ပါသူ ခရီးသွားတွေအပေါ် ချိုးဖောက်တာမျိုးပေါ့။ ဒီတော့ ခရီးသွားယာဉ်လိုင်းတွေအတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ပို့/ဆက်နဲ့ ပေါင်းပြီး ရေးမယ်။ ပြီးရင် ယာဉ်လိုင်းတွေရဲ့ တာဝန်ခံတွေပေါ့၊ ယာဉ်လိုင်းတွေစာရင်းကို ကောက်ထားပြီးပြီ။ အဲဒါ သူတို့ကိုခေါ်ပြီး ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင်တော့ ပညာပေးကာလကို တစ်လလောက်တော့ လုပ်ရမှာပေါ့”ဟု ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ခရီးသည်တင်ယာဉ်လိုင်းအချို့က ပုံမှန်ဝန်ဆောင်မှုအား အထူးကားလက်မှတ်အဖြစ် လိမ်လည်ရောင်းချခြင်းများ၊ ခရီးသည်တင်ယာဉ်များတွင် ကုန်ပစ္စည်းများ တင်ဆောင်ခြင်း စသည်တို့ကို ဖြေရှင်းပေးရခြင်းများ ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ ကျိုင်းတုံမှာတော့ အောက်တိုဘာလ (၂၀)ရက်နေ့က မော်တော်ယာဉ်လိုင်းပိုင်ရှင်တွေကို ခေါ်ယူပြီး အသိပညာပေးဆွေးနွေးထားပါတယ်။ နောက်ပိုင်းမှာ တာချီလိတ်မှာလည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံမြို့မှ မော်တော်ယာဉ်လိုင်းများအား ဝန်ဆောင်မှူလုပ်ငန်းများ ဥပဒေ ပြဌာန်းချက်များနှင့် ညီညွတ်မှု ရှိစေရေးအတွက် အသိပညာပေးဆွေးနွေးမှုများအတွက် စားသုံးသူရေးရာဦးစီးဌာန၊ စီး / ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန၊ ကျိုင်တုံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းနှင့် ကျိုင်းတုံမြို့မှ မော်တော်ယာဉ်လိုင်း (၁၁) လိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စားသုံးသူရေးရားဦးစီးဌာန အနေနှင့် ဝန်ဆောင်မှူလုပ်ငန်း (၅)မျိုးနှင့်ပတ်သက်၍ ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ပြည်သူများ အနဖြေင့်လည်း မိမိတို့၏ အခွင့်အရေးများသိရှိခြင်းဖြင့် အခွင့်အရေးအပြည့်အဝရရှိစေရေးနှင့် နစ်နာမှုများမရှိစေရေးတို့အတွက် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) များကို ပြည်နယ်အတွင်း ခရိုင်အဆင့်ရှိသည့်မြို့များတွင် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC)ကို ကျိုင်းတုံမြို့တွင် ဖွင့်လှစ်ထားရှိပြီး ဖုန်း ဝ၈၄ ၄၂၁၀၃၄ နှင့် ဝ၉ ၂၅၄၇၉၂၉၉၅ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~