အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ႏွစ္ပတ္လည္အထိမ္းအမွတ္ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပ

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ႏွစ္ပတ္လည္အထိမ္းအမွတ္ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပ
နိုဝင်ဘာ 6, 2017
By Tachileik News Agency

ႏိုဝင္ဘာလ(၇)ရက္ေန႔တြင္ က်ေရာက္မည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ရိွ ၿမိဳ႕ေတာ္ခန္းမတြင္ ႏိုဝင္ဘာလ (၅)ရက္ေန႔က က်င္းပရာ အုပ္ခ်ဳပ္ေရးနယ္ပယ္ဖြံ႕ၿဖိဳးေရးအတြက္ ျပည္သူလူထုႏွင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ဝန္ထမ္းမ်ားအား တုိက္တြန္းေျပာၾကားလုိက္သည္။

“ဒီမိုကေရစီစနစ္ အသြင္ကူးေျပာင္းေရးျဖစ္စဥ္အား ျဖတ္သန္းအေကာင္အထည္ေဖာ္ ေဆာင္ရြက္ လ်က္ရွိရာ ေျပာင္းလဲေနသည့္ ေခတ္ကာလႏွင့္အညီ ျပည္သူမ်ားအတြက္ အဓိကက်ၿပီး လိုအပ္ခ်က္ တစ္ခုျဖစ္သည့္ ထိေရာက္ေကာင္းမြန္ေသာ စီမံအုပ္ခ်ဳပ္မႈစနစ္ျဖစ္ေပၚေစေရးႏွင့္ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးအသြင္သစ္ကို ျပည္သူမ်ားႏွင့္အတူ ပူးေပါင္းၿပီး ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား ထိေရာက္ ေအာင္ျမင္စြာ ေဆာင္ရြက္ေပးႏိုင္ေရးတို႔အတြက္ ဝန္ထမ္းမ်ားသည္ ေသာ့ခ်က္ျဖစ္ၿပီး အစိုးရအုပ္ခ်ဳပ္ေရး နယ္ပယ္ ဖြံ႕ၿဖိဳးတိုးတက္ရန္အဓိက ေမာင္းႏွင္အားမ်ားျဖစ္ေသာေၾကာင့္ ျပည္သူလူထုအတြက္ စြမ္းရည္ျမင့္မားၿပီး တာဝန္ခံမႈရိွသည့္ ဝန္ထမ္းအဖြဲ႕ျဖစ္ေပၚလာေစရန္ အထူးဂ႐ုစိုက္ ေဆာင္ရြက္သြားရန္ လိုအပ္ပါတယ္”ဟု အဆိုပါ အခမ္းအနား၏ အဖြင့္အမွာစကားတြင္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ထည့္သြင္း ေျပာၾကားသြားသည္။

၁၉၈၈ ခုႏွစ္၊ နိုဝင္ဘာလ (၇) ရက္ေန႔ ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ (၄/၈၈)ျဖင့္ ျပည္ထဲေရးႏွင့္ သာသနာေရးဝန္ႀကီးဌာနေအာက္ရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအျဖစ္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
၁၉၈၈ ခုႏွစ္တြင္ တပ္မေတာ္က နိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈအဖြဲ႕ ဖြဲ႕စည္းကာ ယခင္ျပည္သူ႔ေကာင္စီ၏ အေျခခံ ႐ုံးမ်ားကို ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕၏ လုပ္ငန္းတာဝန္မ်ားကို အေထာက္အကူျပဳ ေဆာင္ရြက္ေပးသည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးမ်ားအျဖစ္ အဆိုပါ အမိန္႔ေၾကာ္ျငာစာအရ ေျပာင္းလဲခဲ့ျခင္းျဖစ္ကာ ဝန္ထမ္းဖြ႔ဲ႔စည္းပံုကိုလည္း ယခင္နိုင္ငံေတာ္ေကာင္စီလက္ထက္က ဝန္ထမ္းမ်ား အျပင္ ျပည္ထဲေရးဝန္ႀကီးဌာန၊ အေထြေထြဦးစီးဌာန (စည္ပင္သာယာေရး၊ စာေပစိစစ္ေရးႏွင့္ မွတ္ပုံတင္လုပ္ငန္း)ရွိ ဝန္ထမ္းမ်ားႏွင့္ ပူးေပါင္း၍  ျပင္ဆင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

၎အခမ္းအနားသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး (ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ရွမ္းျပည္နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန) ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးစိုးေဇာ္၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္းေဟာင္းမ်ား၊ ရွမ္းျပည္နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ဝန္ထမ္းမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ဓါတ္ပံု - ျပည္နယ္အစိုးရ
သတင္း - နန္းဟြမ္ခမ္း



~~~~~~~~⊰❂ unicode ~~~~~~~~

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် နိုဝင်ဘာလ (၅)ရက်နေ့က ကျင်းပရာ အုပ်ချုပ်ရေးနယ်ပယ်ဖွံ့ဖြိုးရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအား တိုက်တွန်းပြောကြားလိုက်သည်။

“ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးဖြစ်စဉ်အား ဖြတ်သန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ပြောင်းလဲနေသည့် ခေတ်ကာလနှင့်အညီ ပြည်သူများအတွက် အဓိကကျပြီး လိုအပ်ချက် တစ်ခုဖြစ်သည့် ထိရောက်ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်ဖြစ်ပေါ်စေရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးအသွင်သစ်ကို ပြည်သူများနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဝန်ထမ်းများသည် သော့ချက်ဖြစ်ပြီး အစိုးရအုပ်ချုပ်ရေး နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရန်အဓိက မောင်းနှင်အားများဖြစ်သောကြောင့် ပြည်သူလူထုအတွက် စွမ်းရည်မြင့်မားပြီး တာဝန်ခံမှုရှိသည့် ဝန်ထမ်းအဖွဲ့ဖြစ်ပေါ်လာစေရန် အထူးဂရုစိုက် ဆောင်ရွက်သွားရန် လိုအပ်ပါတယ်”ဟု အဆိုပါ အခမ်းအနား၏ အဖွင့်အမှာစကားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ထည့်သွင်း ပြောကြားသွားသည်။

၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၈၈)ဖြင့် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ ဖွဲ့စည်းကာ ယခင်ပြည်သူ့ကောင်စီ၏ အခြေခံ ရုံးများကို ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြု ဆောင်ရွက်ပေးသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများအဖြစ် အဆိုပါ အမိန့်ကြော်ငြာစာအရ ပြောင်းလဲခဲ့ခြင်းဖြစ်ကာ ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း ယခင်နိုင်ငံတော်ကောင်စီလက်ထက်က ဝန်ထမ်းများ အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာန (စည်ပင်သာယာရေး၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်လုပ်ငန်း)ရှိ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး (ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဟောင်းများ၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်နယ်အစိုးရ
သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~