ခ်င္းမိုင္တြင္ ျမန္မာႏုိင္ငံသားကေလးမ်ား ျမန္မာစာႏွင့္ ထုိုင္းဥပေဒမ်ား ေလ့လာႏိုင္ရန္ ေက်ာင္းေဆာင္လွဴဒါန္း

ခ်င္းမိုင္တြင္ ျမန္မာႏုိင္ငံသားကေလးမ်ား ျမန္မာစာႏွင့္ ထုိုင္းဥပေဒမ်ား ေလ့လာႏိုင္ရန္ ေက်ာင္းေဆာင္လွဴဒါန္း
နိုဝင်ဘာ 12, 2017
By Tachileik News Agency

ထုိင္းႏိုင္ငံေရာက္ ျမန္မာႏုိင္ငံသားကေလးမ်ားအား ျမန္မာစာေပ၊ ဗုဒၶဘာသာႏွင့္ ထိုင္းႏိုင္ငံ၏ ဥပေဒအေျခခံ မ်ားကို သင္ၾကားေပးႏုိင္ရန္ ဘတ္ေငြ (၅)သန္းကုန္က်သည့္ စာသင္ေက်ာင္းေဆာင္အား ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ ဝမ္ဆိုင္းမြန္း ျမန္မာဘုန္းေတာ္ႀကီးေက်ာင္းတြင္ ခ်င္းမိုင္ၿမိဳ႕ ျမန္မာႏိုင္ငံဆိုင္ရာ ေကာင္စစ္ဝန္ခ်ဳပ္ႏွင့္ အလွဴရွင္မ်ားက ေဆာက္လုပ္လွဴဒါန္းေၾကာင္း သိရသည္။

“ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြရဲ႕ကေလးေတြဟာ ထုိင္းေက်ာင္းပဲ တက္ရၿပီး ျမန္မာစာသင္ဖို႔ အခြင့္အလမ္း မရိွဘူး။ ဒီကေလးေတြသည္ ျမန္မာႏိုင္ငံသားေတြျဖစ္တဲ့အတြက္ ျမန္မာစာလည္း တတ္ရမယ္ေပါ့။ ဘာသာေရး အဆံုးအမလည္း ရေအာင္ဆိုၿပီး ဒီေက်ာင္းေလးကို ေဆာက္လုပ္လွဴဒါန္းရတဲ့ ရည္ရြယ္ခ်က္ပါ” ဟု ခ်င္းမိုင္ၿမိဳ႕ ျမန္မာႏိုင္ငံဆိုင္ရာေကာင္စစ္ဝန္ခ်ဳပ္ ဦးေကာင္းစံလြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပညာအလင္းေရာင္ေက်ာင္းေဆာင္အား တည္ေဆာက္ရန္ ဦးေဆာင္ႀကိဳးပမ္းခဲ့သည့္ ခ်င္းမိုင္ၿမိဳ႕ ျမန္မာႏိုင္ငံဆိုင္ရာ ေကာင္စစ္ဝန္ခ်ဳပ္ ဦးေကာင္းစံလြင္ႏွင့္ မိသားစုတို႔ႏွင့္အတူ အလွဴရွင္မ်ားက ႏိုဝင္ဘာလ (၁၁)ရက္ေန႔တြင္ အဆုိပါေက်ာင္း၌ ေရစက္ခ်လွဴဒါန္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ဒီကို စၿပီး တာဝန္ထမ္းေဆာင္ေတာ့ ဝပ္ဆိုင္းမြန္းကို ေရာက္တယ္။ ခ်င္းမိုင္မွာ ျမန္မာပိုင္ ျမန္မာဘုန္းေတာ္ႀကီးေက်ာင္းက ဒီဝပ္ဆုိင္းမြန္းေပါ့့ေနာ္ တစ္ေက်ာင္းပဲရိွတယ္။ အဲဒီမွာ ျမန္မာေရႊ႕ေျပာင္း လုပ္သားေတြရဲ႕ ကေလးေတြဟာ ေက်ာင္းရဲ႕ေအာက္မွာ ရိွတဲ့ေနရာမွာ ျဖစ္သလို စာသင္ေပးေနတာကို ေတြ႔ရတယ္။ ကေလးေတြက (၇၀)ေက်ာ္ (၈၀)ေလာက္ရိွတယ္။ ဒီကေလးေတြ စာသင္ဖို႔ သီးသန္႔ေနရာ မရိွဘူး။ လြတ္တဲ့ေနရာ၊ အားတဲ့ေနရာမွာ သင္ရတယ္။ တစ္ခါတေလ အသုဘရိွရင္၊ အလွဴပြဲရိွရင္ ေနရာေရႊ႕ေနၾကရတယ္။ ဒီေတာ့ ကၽြန္ေတာ္စဥ္းစားလုိက္တာက ဒီမွာ ေရႊ႕ေျပာင္းျမန္မာလုပ္သားေတြက အမ်ားႀကီးရိွတယ္။ သူတို႔သားသမီးေတြက ထုိင္းေက်ာင္းေတြပဲ တက္ရတယ္။ ျမန္မာစာမတတ္ဘူး။ ဒါေၾကာင့္ ဘုန္းဘုန္းနဲ႔တုိင္ပင္ၿပီး ေက်ာင္းေဆာက္မယ္၊ ျမန္မာစာသင္ေပးမယ္။ ဘုန္းေတာ္ႀကီးေတြ ကလည္း ၃၈ ျဖာမဂၤလာတို႔ ဗုဒၶဘာသာဆိုင္ရာေတြ သင္ေပးမယ္။ ေနာက္ ကၽြန္ေတာ္က ထုိင္းတကၠသိုလ္ တစ္ခုနဲ႔ ညိႇႏိႈင္းၿပီးေတာ့ ထုိင္းရဲ႕ အေျခခံဥပေဒေတြကို သင္ေပးမယ္ေပါ့။ အဲဒါနဲ႔ စာသင္ေက်ာင္း ေသးေသးေဆာက္မယ္ဆိုၿပီး တုိင္ပင္လိုက္တာ”ဟု ခ်င္းမိုင္ၿမိဳ႕ ျမန္မာႏိုင္ငံဆိုင္ရာေကာင္စစ္ဝန္ခ်ဳပ္ ဦးေကာင္းစံလြင္က ေက်ာင္းေဆာက္လုပ္ လွဴဒါန္းျဖစ္သည့္ အေၾကာင္းရင္းအား ေျပာသည္။

ဘတ္(၄)သန္း ကုန္က်မည္ဟု အင္ဂ်င္နီယာမ်ားက ခန္႔မွန္းတြက္ခ်က္ထားခဲ့ေသာ္လည္း တည္ေဆာက္ၿပီးစီး ခ်ိန္တြင္ စုစုေပါင္း ဘတ္ (၅)သန္းေက်ာ္ ကုန္က်သည့္ ေက်ာင္းေဆာက္လုပ္ႏုိင္ေရး အတြက္ ဘန္ေကာက္ၿမိဳ႕ရိွ ျမန္မာသံအမတ္ႀကီးႏွင့္ Myanmar Golf Association တို႔မွ ဘတ္(၄)သိန္း မတည္ေပးခဲ့ျခင္းျဖစ္ၿပီး အျခားအလွဴရွင္မ်ား စုေပါင္းလွဴဒါန္းမႈျဖင့္ ၂၀၁၇ ခုႏွစ္ ေမလ (၁၀)ရက္ေန႔တြင္ စတင္ပႏၷက္ခ်ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု - KSL



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားကလေးများအား မြန်မာစာပေ၊ ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ၏ ဥပဒေအခြေခံ များကို သင်ကြားပေးနိုင်ရန် ဘတ်ငွေ (၅)သန်းကုန်ကျသည့် စာသင်ကျောင်းဆောင်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝမ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် ချင်းမိုင်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်နှင့် အလှူရှင်များက ဆောက်လုပ်လှူဒါန်းကြောင်း သိရသည်။

“မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ကလေးတွေဟာ ထိုင်းကျောင်းပဲ တက်ရပြီး မြန်မာစာသင်ဖို့ အခွင့်အလမ်း မရှိဘူး။ ဒီကလေးတွေသည် မြန်မာနိုင်ငံသားတွဖြေစ်တဲ့အတွက် မြန်မာစာလည်း တတ်ရမယ်ပေါ့။ ဘာသာရေး အဆုံးအမလည်း ရအောင်ဆိုပြီး ဒီကျောင်းလေးကို ဆောက်လုပ်လှူဒါန်းရတဲ့ ရည်ရွယ်ချက်ပါ” ဟု ချင်းမိုင်မြို့ မြန်မာနိုင်ငံဆိုင်ရာကောင်စစ်ဝန်ချုပ် ဦးကောင်းစံလွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ပညာအလင်းရောင်ကျောင်းဆောင်အား တည်ဆောက်ရန် ဦးဆောင်ကြိုးပမ်းခဲ့သည့် ချင်းမိုင်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ် ဦးကောင်းစံလွင်နှင့် မိသားစုတို့နှင့်အတူ အလှူရှင်များက နိုဝင်ဘာလ (၁၁)ရက်နေ့တွင် အဆိုပါကျောင်း၌ ရေစက်ချလှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ဒီကို စပြီး တာဝန်ထမ်းဆောင်တော့ ဝပ်ဆိုင်းမွန်းကို ရောက်တယ်။ ချင်းမိုင်မှာ မြန်မာပိုင် မြန်မာဘုန်းတော်ကြီးကျောင်းက ဒီဝပ်ဆိုင်းမွန်းပေါ့နော် တစ်ကျောင်းပဲရှိတယ်။ အဲဒီမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ကလေးတွေဟာ ကျောင်းရဲ့အောက်မှာ ရှိတဲ့နေရာမှာ ဖြစ်သလို စာသင်ပေးနေတာကို တွေ့ရတယ်။ ကလေးတွေက (၇၀)ကျော် (၈၀)လောက်ရှိတယ်။ ဒီကလေးတွေ စာသင်ဖို့ သီးသန့်နေရာ မရှိဘူး။ လွတ်တဲ့နေရာ၊ အားတဲ့နေရာမှာ သင်ရတယ်။ တစ်ခါတလေ အသုဘရှိရင်၊ အလှူပွဲရှိရင် နေရာရွှေ့နကြေရတယ်။ ဒီတော့ ကျွန်တော်စဉ်းစားလိုက်တာက ဒီမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေက အများကြီးရှိတယ်။ သူတို့သားသမီးတွေက ထိုင်းကျောင်းတွေပဲ တက်ရတယ်။ မြန်မာစာမတတ်ဘူး။ ဒါကြောင့် ဘုန်းဘုန်းနဲ့တိုင်ပင်ပြီး ကျောင်းဆောက်မယ်၊ မြန်မာစာသင်ပေးမယ်။ ဘုန်းတော်ကြီးတွေ ကလည်း ၃၈ ဖြာမင်္ဂလာတို့ ဗုဒ္ဓဘာသာဆိုင်ရာတွေ သင်ပေးမယ်။ နောက် ကျွန်တော်က ထိုင်းတက္ကသိုလ် တစ်ခုနဲ့ ညှိနှိုင်းပြီးတော့ ထိုင်းရဲ့ အခြေခံဥပဒေတွေကို သင်ပေးမယ်ပေါ့။ အဲဒါနဲ့ စာသင်ကျောင်း သေးသေးဆောက်မယ်ဆိုပြီး တိုင်ပင်လိုက်တာ”ဟု ချင်းမိုင်မြို့ မြန်မာနိုင်ငံဆိုင်ရာကောင်စစ်ဝန်ချုပ် ဦးကောင်းစံလွင်က ကျောင်းဆောက်လုပ် လှူဒါန်းဖြစ်သည့် အကြောင်းရင်းအား ပြောသည်။

ဘတ်(၄)သန်း ကုန်ကျမည်ဟု အင်ဂျင်နီယာများက ခန့်မှန်းတွက်ချက်ထားခဲ့သော်လည်း တည်ဆောက်ပြီးစီး ချိန်တွင် စုစုပေါင်း ဘတ် (၅)သန်းကျော် ကုန်ကျသည့် ကျောင်းဆောက်လုပ်နိုင်ရေး အတွက် ဘန်ကောက်မြို့ရှိ မြန်မာသံအမတ်ကြီးနှင့် Myanmar Golf Association တို့မှ ဘတ်(၄)သိန်း မတည်ပေးခဲ့ခြင်းဖြစ်ပြီး အခြားအလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၇ ခုနှစ် မေလ (၁၀)ရက်နေ့တွင် စတင်ပန္နက်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓာတ်ပုံ - KSL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~