ပင္ေလာင္းၿမိဳ႕နယ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

ပင္ေလာင္းၿမိဳ႕နယ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕၊ ေတာင္ထီဗြာေက်းရြာအုပ္စု၊ နန္းပန္း(ေျမာက္)ရြာတြင္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔က ေနအိမ္တစ္လံုးအတြင္း ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၁)ေသာင္းနီးပါး ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၆) ပင္ေလာင္းမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ နံနက္ (၇)နာရီအခ်ိန္တြင္ ပင္ေလာင္းၿမိဳ႕နယ္၊ ေတာင္ထီဗြာေက်းရြာအုပ္စု၊ နန္းပန္း(ေျမာက္) ေက်းရြာေန ခ်စ္ျဖဴ၏ ေနအိမ္ကိုရွာေဖြရာ အိပ္ခန္းရွိ လြယ္အိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉၄၀၀) ျပားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခ်စ္ျဖဴအား မူးယစ္ေဆးဝါး ႏွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓာတ္ပံု #ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့၊ တောင်ထီဗွာကျေးရွာအုပ်စု၊ နန်းပန်း(မြောက်)ရွာတွင် နိုဝင်ဘာလ (၁၀)ရက်နေ့က နေအိမ်တစ်လုံးအတွင်း ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁)သောင်းနီးပါး ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက် (၇)နာရီအချိန်တွင် ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စု၊ နန်းပန်း(မြောက်) ကျေးရွာနေ ချစ်ဖြူ၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၄၀၀) ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ချစ်ဖြူအား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ #ပြည်ထဲရေး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~