တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နယ်လှည့်ဆက်ဆံရေး ပြဇာတ်ပွဲ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ကျင်းပမည်

တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နယ်လှည့်ဆက်ဆံရေး ပြဇာတ်ပွဲ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ကျင်းပမည်
နိုဝင်ဘာ 14, 2017
By Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ၏ ပြဇာတ်ကြီး အဖွဲ့မှ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ ညပိုင်းတွင် ကပြဖျော်ဖြေသွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် အောင်မြတ်ခန်းမတွင် အဆိုပါ ပြဇာတ်ပွဲအား (၁)ရက်တာ ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် ပွဲအား နိုဝင်ဘာလ(၁၆)ရက်နေ့ ည(၇)နာရီခွဲအချိန်တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~