ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္၏ ဒုတိယအႀကိမ္ညီလာခံကို ဒီဇင္ဘာလအတြင္း က်င္းပမည္

ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္၏ ဒုတိယအႀကိမ္ညီလာခံကို ဒီဇင္ဘာလအတြင္း က်င္းပမည္
နိုဝင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေမာက္မယ္ၿမိဳ႕နယ္ ကဒူးႀကီးေဒသတြင္ ဒီဇင္ဘာလအတြင္း က်င္းပမည့္ ပအိုဝ္းအမ်ဳိးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္၏ ဒုတိယအႀကိမ္ညီလာခံသို႔ ျပည္နယ္အစိုးရ၊ NCA လက္မွတ္ေရးထိုးၿပီးႏွင့္ လက္မွတ္မေရးထိုးရေသးသည့္အဖြဲ႕မ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားကို ဖိတ္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္နက္ကိုင္အဖြဲ႕အစည္းမ်ားတြင္ NCA လက္မွတ္ေရးထိုးထားသည့္ အဖြဲ႕(၈) ဖြဲ႕အျပင္ NCA လက္မွတ္ ေရးထိုးထားျခင္းမရိွေသာ အဖြဲ႕မ်ားကိုပါ ဖိတ္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ညီလာခံကို လာမယ့္ ဒီဇင္ဘာလအတြင္းမွာ လုပ္မွာပါ။ အခုက ျပင္ဆင္ေနတုန္းပဲ ရွိပါေသးတယ္။ ရက္အတိအက်ကိုတာ့ လာမယ့္ ဒီဇင္ဘာလ ပထမပတ္မွာ ဗဟိုအလုပ္အမႈေဆာင္က်င္းပတဲ့အခ်ိန္မွာမွ သတ္မွတ္ေပးမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ ဒီဇင္ဘာလအတြင္းမွာ မျဖစ္မေန က်င္းပရမယ္လို႔ ဆံုးျဖတ္ထားတာရွိတယ္။ ဖိတ္ၾကားမႈအပိုင္းမွာကေတာ့ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ေတြေရာ လက္မွတ္ မထိုးေသးတဲ႕ အပစ္ရပ္အဖြဲ႕ေတြေရာ ဖိတ္ၾကားသြားမွာပါ။ သူတို႕ဘက္က တက္ႏုိင္တယ္၊ မတက္ႏုိင္ဘူးကေတာ့ သူတို႔အဆံုးအျဖတ္ေပၚမွာမူတည္ပါတယ္” ဟု ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႔ခ်ဳပ္၏ ေတာင္ႀကီးတာဝန္ခံ ခြန္ေသာမတ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေလးႏွစ္တစ္ႀကိမ္က်င္းပသည့္ အဆိုပါညီလာခံ၏ ပထမအႀကိမ္ကို နယ္စပ္ေဒသ ျဖစ္ေသာ ေလးဗြာတပ္စခန္းတြင္ ၂၀၁၃ ခုႏွစ္ကက်င္းပခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ ခုုႏွစ္ ဒီဇင္ဘာလတြင္ က်င္းပမည့္ ဒုတိယအႀကိမ္ ညီလာခံကို ကဒူးႀကီးေဒသတြင္ က်င္းပရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္အစိုးရအပိုင္းကိုေတာ့ ေနာက္ဆံုးရက္ေရြးေကာက္ပြဲမွာ ဖိတ္ၾကားသြားမွာပါ။ CSO အဖြဲ႕ဆိုရင္ ပအို၀္းလူမႈအဖြဲ႕အစည္းထဲက ဖိတ္ၾကားသြားမွာပါ။ ညီလာခံ က်င္းပတဲ႕အခ်ိန္မွာ နိုင္ငံေရး ရဲ႕ ေျပာင္းလဲမႈ အခင္းအက်င္းထဲမွာ အားလံုးအက်ဳိးသက္ေရာက္မႈ ရွိေစဖို႕ ကေတာ့ ကၽြန္ေတာ္တို႕ ေမွ်ာ္လင့္ပါတယ္။ ညီလာခံ ပြဲကိုလည္း အားလံုး အတူတကြ ပူးေပါင္းပါ၀င္ဖို႕ ေျပာခ်င္ပါတယ္။ ညီလာခံကို ၄ ႏွစ္တႀကိမ္ က်င္းပပါတယ္။ အခုက်င္းပမယ့္ႏွစ္က တစ္ႏွစ္ေနာက္က်သြားပါတယ္။ နိုင္ငံေရးအေျပာင္းအလဲေၾကာင့္ပါ။ ဒီႏွစ္ ၂၀၁၇ မွာေတာ့ မျဖစ္မေန က်င္းပဖို႕ ဆံုးျဖတ္ထားပါတယ္” ဟု ခြန္ေသာမတ္ကေျပာသည္။

ပအို၀္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO) သည္ ယခင္က ပအိုဝ္းျပည္သူ႔လြတ္ေျမာက္ေရးအဖြဲ႕ (PPLO)ႏွင့္ ယခင္ PNLO တို႔ ၂၀၀၉ ခုႏွစ္တြင္ ေပါင္းစည္းထူေထာင္ခဲ့ျခင္းျဖစ္ၿပီး ဌာနခ်ဳပ္မွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေလဗြားစခန္းတြင္ တည္ရိွျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြင္း ဆီဆိုင္၊ ဟိုပံုး၊ နမ့္စန္၊ လင္းေခးႏွင့္ ေမာက္မယ္ေဒသမ်ားတြင္ လႈပ္ရွားသည့္အဖြဲ႕ျဖစ္ၿပီး NCA လက္မွတ္ေရးထုိးသည့္ အဖြဲ႕(၈)ဖြဲ႕တြင္ ပါဝင္သည့္အဖြဲ႔ျဖစ္သည္။

သတင္း #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံသို့ ပြည်နယ်အစိုးရ၊ NCA လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၈) ဖွဲ့အပြင် NCA လက်မှတ် ရေးထိုးထားခြင်းမရှိသော အဖွဲ့များကိုပါ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ညီလာခံကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ လုပ်မှာပါ။ အခုက ပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်။ ရက်အတိအကျကိုတာ့ လာမယ့် ဒီဇင်ဘာလ ပထမပတ်မှာ ဗဟိုအလုပ်အမှုဆောင်ကျင်းပတဲ့အချိန်မှာမှ သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီဇင်ဘာလအတွင်းမှာ မဖြစ်မနေ ကျင်းပရမယ်လို့ ဆုံးဖြတ်ထားတာရှိတယ်။ ဖိတ်ကြားမှုအပိုင်းမှာကတော့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ် မထိုးသေးတဲ့ အပစ်ရပ်အဖွဲ့တွေရော ဖိတ်ကြားသွားမှာပါ။ သူတို့ဘက်က တက်နိုင်တယ်၊ မတက်နိုင်ဘူးကတော့ သူတို့အဆုံးအဖြတ်ပေါ်မှာမူတည်ပါတယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်၏ တောင်ကြီးတာဝန်ခံ ခွန်သောမတ်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လေးနှစ်တစ်ကြိမ်ကျင်းပသည့် အဆိုပါညီလာခံ၏ ပထမအကြိမ်ကို နယ်စပ်ဒေသ ဖြစ်သော လေးဗွာတပ်စခန်းတွင် ၂၀၁၃ ခုနှစ်ကကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် ညီလာခံကို ကဒူးကြီးဒေသတွင် ကျင်းပရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ပြည်နယ်အစိုးရအပိုင်းကိုတော့ နောက်ဆုံးရက်ရွေးကောက်ပွဲမှာ ဖိတ်ကြားသွားမှာပါ။ CSO အဖွဲ့ဆိုရင် ပအိုဝ်းလူမှုအဖွဲ့အစည်းထဲက ဖိတ်ကြားသွားမှာပါ။ ညီလာခံ ကျင်းပတဲ့အချိန်မှာ နိုင်ငံရေး ရဲ့ ပြောင်းလဲမှု အခင်းအကျင်းထဲမှာ အားလုံးအကျိုးသက်ရောက်မှု ရှိစေဖို့ ကတော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ညီလာခံ ပွဲကိုလည်း အားလုံး အတူတကွ ပူးပေါင်းပါဝင်ဖို့ ပြောချင်ပါတယ်။ ညီလာခံကို ၄ နှစ်တကြိမ် ကျင်းပပါတယ်။ အခုကျင်းပမယ့်နှစ်က တစ်နှစ်နောက်ကျသွားပါတယ်။ နိုင်ငံရေးအပြောင်းအလဲကြောင့်ပါ။ ဒီနှစ် ၂၀၁၇ မှာတော့ မဖြစ်မနေ ကျင်းပဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ခွန်သောမတ်ကပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) သည် ယခင်က ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO)နှင့် ယခင် PNLO တို့ ၂၀၀၉ ခုနှစ်တွင် ပေါင်းစည်းထူထောင်ခဲ့ခြင်းဖြစ်ပြီး ဌာနချုပ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) လေဗွားစခန်းတွင် တည်ရှိခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ဆီဆိုင်၊ ဟိုပုံး၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်ဒေသများတွင် လှုပ်ရှားသည့်အဖွဲ့ဖြစ်ပြီး NCA လက်မှတ်ရေးထိုးသည့် အဖွဲ့(၈)ဖွဲ့တွင် ပါဝင်သည့်အဖွဲ့ဖြစ်သည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~