အထက(တာခ်ီလိတ္) ေက်ာင္းသား/သူေဟာင္းမ်ား၏ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲအတြက္ ေက်ာင္းသား/သူေဟာင္းမ်ား ရန္ပံုေငြ ထည့္၀င္ႏိုင္ရန္အတြက္ ရန္ပံုေငြလက္ခံေရးဌာနအား ေက်ာင္းေရွ႕အနီး ဖြင့္လွစ္ထားရွိ

အထက(တာခ်ီလိတ္) ေက်ာင္းသား/သူေဟာင္းမ်ား၏ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲအတြက္ ေက်ာင္းသား/သူေဟာင္းမ်ား ရန္ပံုေငြ ထည့္၀င္ႏိုင္ရန္အတြက္ ရန္ပံုေငြလက္ခံေရးဌာနအား ေက်ာင္းေရွ႕အနီး ဖြင့္လွစ္ထားရွိ
နိုဝင်ဘာ 28, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ႏွစ္အကန္႔အသတ္မရွိ ေက်ာင္းသား/သူ ေဟာင္းမ်ားမွ စုေပါင္း၍ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲအား က်င္းပ ျပဳလုပ္မည္ျဖစ္ရာ ေက်ာင္းသား/သူေဟာင္း အငယ္ ႏွင့္အႀကီးမ်ား အားလံုး ပါ၀င္ႏိုင္ရန္အတြက္ ကန္ေတာ့ခံ ဆရာ/မမ်ားအား အသက္(၅၀)ႏွစ္အထက္ မွ အသက္(၇၅)ႏွစ္အထက္အထိ သတ္မွတ္ ထားရွိၿပီး ကန္ေတာ့ခံ ဆရာ/မ စုစုေပါင္း (၆၂)ဦး ပါ၀င္မည္ျဖစ္ၿပီး အဆိုပါ ပြဲ ျဖစ္ေျမာက္ရန္အတြက္ ေက်ာင္းသား/သူေဟာင္းမ်ားမွ ပါ၀င္အားျဖည့္ႏိုင္ရန္ ရန္ပံုေငြလက္ခံေရးဌာနအား အထက(တာခ်ီလိတ္)ေက်ာင္းေရွ႕ရွိ ထိပ္တန္း ၁၀ ဆိုင္ေရွ႕တြင္ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၇)ရက္ေန႔အထိ ဖြင့္လွစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲအား အထက(တာခ်ီလိတ္)ေက်ာင္းေရွ႕ရွိ မ်က္ႏွာစာ၌ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔ ညေန(၃)နာရီမွ စ၍ က်င္းပၿပီး ညေန(၅)နာရီခြဲအတိတြင္ ဆရာ/မမ်ားအား စုေပါင္း ကန္ေတာ့ၾကမည္ ျဖစ္ရာ အသက္(၇၅)ႏွစ္အထက္ ဆရာ/မမ်ား၊ အသက္(၅၅)ႏွစ္အထက္ ဆရာ/မမ်ား ႏွင့္ အသက္(၅၀)ႏွစ္အထက္ ဆရာ/မမ်ား စသည္ျဖင့္ (၃)မ်ဳိးသတ္မွတ္ကာ ေက်ာင္းသား/သူေဟာင္းမ်ားက ကန္ေတာ့ၾကမည္ ျဖစ္ေၾကာင္း ႏွင့္ ပါ၀င္ဆင္ႏဲႊမည့္ ေက်ာင္းသားေဟာင္းမ်ားတြင္ (၁၉၇၀)ခုႏွစ္၀န္းက်င္က ေက်ာင္းသားေဟာင္းမ်ားလည္း ပါ၀င္သည့္အတြက္ အသက္(၇၅)ႏွစ္အထက္ ကန္ေတာ့ခံဆရာ/မမ်ားလည္း ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။

"ေက်ာင္းသားေဟာင္းမ်ားရဲ႕ အခ်ဳိ႕အိမ္ေတြမွာေတာ့ လိုက္ေကာက္ေပးတယ္။ အခု ေက်ာင္းေရွ႕မွာက ျဖတ္သြား ျဖတ္လာ ေက်ာင္းသား/သူေဟာင္းမ်ားအေနနဲ႔လည္း ေတြ႕ရွိၿပီး ထည့္၀င္ႏိုင္ရန္အတြက္ ရန္ပံုေငြ လက္ခံေရး ဌာနကို ဖြင့္လွစ္လိုက္တာပါ၊ ကြ်န္ေတာ္တို႔ ဒီဇင္ဘာလ(၇)ရက္ေန႔အထိ ဖြင့္လွစ္ သြားမွာျဖစ္ပါတယ္။ ရပ္ေ၀းက ေက်ာင္းသား/ေဟာင္းမ်ားအေနနဲ႔လည္း ကြ်န္ေတာ္တို႔ရဲ႕ ဖုန္းေတြကို ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္"ဟု အထက(တာခ်ီလိတ္)၏ ေက်ာင္းသားေဟာင္းတစ္ဦးျဖစ္သူက ေျပာသည္။

ေက်ာင္းသား/သူေဟာင္းမ်ားမွ က်င္းပမည့္ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲ ႏွင့္ ပတ္သက္၍ ရန္ပံုေငြထည့္၀င္လိုသူမ်ားျဖစ္ေစ၊ ပါ၀င္ဆင္ႏႊဲလို၍ျဖစ္ေစ ဦးတင္၀င္း 095241244 ၊ ဦးေအာင္ေက်ာ္၀င္းစိန္ 09250857449 ၊ မေရႊစင္ခက္ 0941003219 ၊ မနန္းေငြ (ထိုင္းဖုန္း) 0804999169 ၊ ၊ မျမတ္သႏၱာထက္ 09261299336 တို႔အား ဆက္သြယ္ေမးျမန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ နှစ်အကန့်အသတ်မရှိ ကျောင်းသား/သူ ဟောင်းများမှ စုပေါင်း၍ မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/သူဟောင်း အငယ် နှင့်အကြီးများ အားလုံး ပါဝင်နိုင်ရန်အတွက် ကန်တော့ခံ ဆရာ/မများအား အသက်(၅၀)နှစ်အထက် မှ အသက်(၇၅)နှစ်အထက်အထိ သတ်မှတ် ထားရှိပြီး ကန်တော့ခံ ဆရာ/မ စုစုပေါင်း (၆၂)ဦး ပါဝင်မည်ဖြစ်ပြီး အဆိုပါ ပွဲ ဖြစ်မြောက်ရန်အတွက် ကျောင်းသား/သူဟောင်းများမှ ပါဝင်အားဖြည့်နိုင်ရန် ရန်ပုံငွေလက်ခံရေးဌာနအား အထက(တာချီလိတ်)ကျောင်းရှေ့ရှိ ထိပ်တန်း ၁၀ ဆိုင်ရှေ့တွင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲအား အထက(တာချီလိတ်)ကျောင်းရှေ့ရှိ မျက်နှာစာ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေ(၃)နာရီမှ စ၍ ကျင်းပပြီး ညနေ(၅)နာရီခွဲအတိတွင် ဆရာ/မများအား စုပေါင်း ကန်တော့ကြမည် ဖြစ်ရာ အသက်(၇၅)နှစ်အထက် ဆရာ/မများ၊ အသက်(၅၅)နှစ်အထက် ဆရာ/မများ နှင့် အသက်(၅၀)နှစ်အထက် ဆရာ/မများ စသည်ဖြင့် (၃)မျိုးသတ်မှတ်ကာ ကျောင်းသား/သူဟောင်းများက ကန်တော့ကြမည် ဖြစ်ကြောင်း နှင့် ပါဝင်ဆင်နွှဲမည့် ကျောင်းသားဟောင်းများတွင် (၁၉၇၀)ခုနှစ်ဝန်းကျင်က ကျောင်းသားဟောင်းများလည်း ပါဝင်သည့်အတွက် အသက်(၇၅)နှစ်အထက် ကန်တော့ခံဆရာ/မများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"ကျောင်းသားဟောင်းများရဲ့ အချို့အိမ်တွေမှာတော့ လိုက်ကောက်ပေးတယ်။ အခု ကျောင်းရှေ့မှာက ဖြတ်သွား ဖြတ်လာ ကျောင်းသား/သူဟောင်းများအနေနဲ့လည်း တွေ့ရှိပြီး ထည့်ဝင်နိုင်ရန်အတွက် ရန်ပုံငွေ လက်ခံရေး ဌာနကို ဖွင့်လှစ်လိုက်တာပါ၊ ကျွန်တော်တို့ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။ ရပေ်ဝးက ကျောင်းသား/ဟောင်းများအနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဖုန်းတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်"ဟု အထက(တာချီလိတ်)၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူက ပြောသည်။

ကျောင်းသား/သူဟောင်းများမှ ကျင်းပမည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ နှင့် ပတ်သက်၍ ရန်ပုံငွေထည့်ဝင်လိုသူများဖြစ်စေ၊ ပါဝင်ဆင်နွှဲလို၍ဖြစ်စေ ဦးတင်ဝင်း 095241244၊ ဦးအောင်ကျော်ဝင်းစိန် 09250857449၊ မရွှေစင်ခက် 0941003219၊ မနန်းငွေ (ထိုင်းဖုန်း) 0804999169၊ မမြတ်သန္တာထက် 09261299336 တို့အား ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~