မူဆယ္ခရိုင္အတြင္း မိုင္းယုေက်းရြာတြင္ အသံမုိင္းေပါက္ကြဲမႈျဖစ္ပြား

မူဆယ္ခရိုင္အတြင္း မိုင္းယုေက်းရြာတြင္ အသံမုိင္းေပါက္ကြဲမႈျဖစ္ပြား
နိုဝင်ဘာ 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္ ၊ မိုင္းယုေက်းရြာတြင္ ႏိုဝင္ဘာလ (၂၀)ရက္ေန႔ ေန႔လယ္ပိုင္းက အသံမိုင္းတစ္လံုး ေပါက္ကြဲသျဖင့္ နယ္ေျမခံတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔တို႔က ေပါက္ကြဲမႈျဖစ္ပြားရာ ေနရာအနီး ရွင္းလင္းရွာေဖြမႈမ်ား ျပဳလုပ္ထားေၾကာင္း မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ သိရသည္။

“ေန႔လယ္ (၁၁)နာရီဝန္းက်င္ေလာက္မွာ ျဖစ္တာပါ။ အခ်ိဳရည္ဘူး သံဘူးအရြယ္ အသံမိုင္းတစ္လံုး ေပါက္ကြဲမႈျဖစ္ပြားတယ္လို႔ သိရွိရပါတယ္။ လူနဲ႔အျခား တိရစၦာန္၊ အေဆာက္အဦထိခိုက္မႈ မရွိခဲ့ပါဘူး” ဟု မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာန ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလႈိင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းယုေက်းရြာ၊ ပေလာင္ရပ္ကြက္၊ နယ္ေျမ(၂)ရွိ ဆက္သြယ္ေရးတာဝါတိုင္အနီး ေနၾကာရိုင္းေတာႏွင့္ အမႈိက္ပံုရွိရာေနရာအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အခ်ဳိရည္ သံဘူးတစ္ဘူးအတြင္း ေပါက္ကြဲေစတတ္သည့္အရာမ်ားထည့္သြင္းကာ ေဖာက္ခြဲခဲ့ျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရၿပီး အနီးပတ္ဝန္းက်င္တြင္လည္း ရွာေဖြစစ္ေဆးမႈမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မိုင်းယုကျေးရွာတွင် နိုဝင်ဘာလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက အသံမိုင်းတစ်လုံး ပေါက်ကွဲသဖြင့် နယ်မြေခံတပ်ဖွဲ့နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့က ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီး ရှင်းလင်းရှာဖွေမှုများ ပြုလုပ်ထားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှ သိရသည်။

“နေ့လယ် (၁၁)နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ အချိုရည်ဘူး သံဘူးအရွယ် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ သိရှိရပါတယ်။ လူနဲ့အခြား တိရစ္ဆာန်၊ အဆောက်အဦထိခိုက်မှု မရှိခဲ့ပါဘူး” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယုကျေးရွာ၊ ပလောင်ရပ်ကွက်၊ နယ်မြေ(၂)ရှိ ဆက်သွယ်ရေးတာဝါတိုင်အနီး နကြောရိုင်းတောနှင့် အမှိုက်ပုံရှိရာနေရာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချိုရည် သံဘူးတစ်ဘူးအတွင်း ပေါက်ကွဲစေတတ်သည့်အရာများထည့်သွင်းကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပြီး အနီးပတ်ဝန်းကျင်တွင်လည်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~