မင္းလွၿမိဳ႕တြင္ ၁၀ ႏွစ္ေက်ာ္ၾကာ မက်င္းပႏုိင္ခဲ့သည့္ ျမန္မာ့႐ိုးရာ ေလွၿပိဳင္ပြဲႏွင့္ ႐ွားမီး ၁၅၀၀ မီးေမ်ာပူေဇာ္ပြဲ ျပန္လည္က်င္းပ

မင္းလွၿမိဳ႕တြင္ ၁၀ ႏွစ္ေက်ာ္ၾကာ မက်င္းပႏုိင္ခဲ့သည့္ ျမန္မာ့႐ိုးရာ ေလွၿပိဳင္ပြဲႏွင့္ ႐ွားမီး ၁၅၀၀ မီးေမ်ာပူေဇာ္ပြဲ ျပန္လည္က်င္းပ
နိုဝင်ဘာ 2, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအထက္ မင္းလွၿမိဳ႕တြင္ (၁၀)ႏွစ္ေက်ာ္ မက်င္းပႏုိင္ခဲ့သည့္ ျမန္မာ့ရိုးရာ ေလွေလွာ္ၿပိဳင္ပြဲႏွင့္ ရွားမီး (၁၅၀၀)မီးေမ်ာပူေဇာ္ပြဲအား ႏိုဝင္ဘာလ(၂) ရက္ေန႔တြင္ ျပန္လည္က်င္းပေၾကာင္း သိရသည္။

"ၿပိဳင္ပဲြ မက်င္းပနိုင္ခဲ့တာ ဆယ္ႏွစ္ေက်ာ္ရိွခဲ့ပါၿပီ။ ရိုးရာပဲြကို ျပန္လည္ေဖာ္ထုတ္ၾကမယ္ဆိုၿပီး ဝိုင္းဝန္းမႈေၾကာင့္ ဒီနွစ္မွာအမ်ိဳးသားအသင္း (၁၁) သင္း၊ အမ်ိဳးသမီးအသင္း (၂) သင္း ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ"ဟု ပြဲျဖစ္ေျမာက္ေရးဦးေဆာင္သူ ဦးေအာင္သန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းလွၿမိဳ႕ေတာင္ရပ္ကြက္ ဧရာဝတီျမစ္အတြင္း ေလွေလွာ္ၿပိဳင္ပဲြက်င္းပျခင္းျဖစ္ၿပီး ညပိုင္းတြင္ ရွင္ဥပဂုတၲရဟနၱာအရွင္သူျမတ္အား ရည္မွန္း၍ ရွားမီး(၁၅၀၀)အား ေရေမွ်ာပူေဇာ္မည္ျဖစ္ေၾကာင္း သိရသည္။

ေလွေလွာ္ၿပိဳင္ပြဲမွ ဆုရသူမ်ားအား ႏုိဝင္ဘာလ (၃)ရက္ေန႔တြင္ ဆုခ်ီးျမႇင့္မည္ျဖစ္ၿပီး ပထမဆု က်ပ္ (၉၀၀၀၀)၊ ဒုတိယဆု က်ပ္ (၇၀၀၀၀)၊ တတိယဆု က်ပ္ (၅၀၀၀၀)၊ ႏွစ္သိမ့္ဆုအျဖစ္ ၿပိဳင္ပြဲဝင္ေလွ တစ္စီးလွ်င္ က်ပ္ (၁၀၀၀၀)စီ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့႐ိုးရာ ဓေလ့ ၿပိဳင္ပြဲမ်ား ေပ်ာက္ပ်က္မသြားေစရန္ႏွင့္ ၿမိဳ႕သူၿမိဳ႕သားမ်ား၏ စည္းလံုးညီညြတ္မႈအတြက္ ၿပိဳင္ပြဲမ်ား ျပန္လည္က်င္းပျခင္းျဖစ္သည္ဟု မင္းလွၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးအုန္းခင္ က ေျပာသည္။

သတင္း/ဓာတ္ပံု #ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအထက် မင်းလှမြို့တွင် (၁၀)နှစ်ကျော် မကျင်းပနိုင်ခဲ့သည့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲနှင့် ရှားမီး (၁၅၀၀)မီးမျောပူဇော်ပွဲအား နိုဝင်ဘာလ(၂) ရက်နေ့တွင် ပြန်လည်ကျင်းပကြောင်း သိရသည်။

"ပြိုင်ပွဲ မကျင်းပနိုင်ခဲ့တာ ဆယ်နှစ်ကျော်ရှိခဲ့ပါပြီ။ ရိုးရာပွဲကို ပြန်လည်ဖော်ထုတ်ကြမယ်ဆိုပြီး ဝိုင်းဝန်းမှုကြောင့် ဒီနှစ်မှာအမျိုးသားအသင်း (၁၁) သင်း၊ အမျိုးသမီးအသင်း (၂) သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ"ဟု ပွဲဖြစ်မြောက်ရေးဦးဆောင်သူ ဦးအောင်သန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းလှမြို့တောင်ရပ်ကွက် ဧရာဝတီမြစ်အတွင်း လှေလှော်ပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး ညပိုင်းတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်သူမြတ်အား ရည်မှန်း၍ ရှားမီး(၁၅၀၀)အား ရေမျှောပူဇော်မည်ဖြစ်ကြောင်း သိရသည်။

လှေလှော်ပြိုင်ပွဲမှ ဆုရသူများအား နိုဝင်ဘာလ (၃)ရက်နေ့တွင် ဆုချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ကျပ် (၉၀၀၀၀)၊ ဒုတိယဆု ကျပ် (၇၀၀၀၀)၊ တတိယဆု ကျပ် (၅၀၀၀၀)၊ နှစ်သိမ့်ဆုအဖြစ် ပြိုင်ပွဲဝင်လှေ တစ်စီးလျှင် ကျပ် (၁၀၀၀၀)စီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ဓလေ့ ပြိုင်ပွဲများ ပျောက်ပျက်မသွားစေရန်နှင့် မြို့သူမြို့သားများ၏ စည်းလုံးညီညွတ်မှုအတွက် ပြိုင်ပွဲများ ပြန်လည်ကျင်းပခြင်းဖြစ်သည်ဟု မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင် က ပြောသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~