မိုင်းပန်မြို့နယ်မှ နောင်လုံအင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်သွားမည်
မိုင်းပန်မြို့နယ်မှ နောင်လုံအင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်သွားမည်
နိုဝငျဘာ 6, 2017
By Tachileik News Agency
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မိုင်းပန်မြို့နယ်၊ နောင်လုံအင်း တိမ်ကော ရေခမ်းခြောက်မှုအား တူးဖော်ပြုပြင် ထိန်းသိမ်းပေးနိုင်ရန်နှင့် ၎င်းအင်းအတွင်း စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ထွင်လာခြင်းအတွက် နောင်လုံအင်း ရေဝေဧရိယာအား ယခင်အတိုင်း တိကျစွာသတ်မှတ် တိုင်းတာပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်း - နန်းဟွမ်ခမ်း
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် နောင်လုံအင်း တိမ်ကောကာ ရေခမ်းခြောက်လာနေသဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်ပြီးပါက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ၏ ရန်ပုံငွေရရှိမှုပေါ် မူတည်၍ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“နောင်လုံအင်းမြေနေရာသည် ကွင်းပြင်ပအင်းအိုင်မြဖြေစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နယ်နိမိတ် တိုင်းတာ သတ်မှတ်စေမှာ ဖြစ်ပါတယ်။ တူးဖော်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနဖြေင့်လည်း လိုအပ်သည့် နည်းပညာအကူအညီများ ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ပြောသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မိုင်းပန်မြို့နယ်၊ နောင်လုံအင်း တိမ်ကော ရေခမ်းခြောက်မှုအား တူးဖော်ပြုပြင် ထိန်းသိမ်းပေးနိုင်ရန်နှင့်၎င်းအင်းအတွင်း စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ထွင်လာခြင်းအတွက် နောင်လုံအင်း ရေဝေဧရိယာအား ယခင်အတိုင်း တိကျစွာသတ်မှတ် တိုင်းတာပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ခြင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြကြေားခဲ့ခြင်းဖြစ်သည်။
သတင်း - နန်းဟွမ်ခမ်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~