လြိဳင္ေကာ္ၿမိဳ႕နယ္ လိြဳင္လင္ေလးေက်းရြာအနီးတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၀၀၀)သယ္လာသည့္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိ

လြိဳင္ေကာ္ၿမိဳ႕နယ္ လိြဳင္လင္ေလးေက်းရြာအနီးတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၀၀၀)သယ္လာသည့္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိ
နိုဝင်ဘာ 14, 2017
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ လိြဳင္လင္ေလးေက်းရြာအုပ္စု၊ ေက်ာက္ႀကီးရြာအနီးတြင္ စိတ္ႂကြရူးသြပ္ေဆးျပား (၄၀၀၀) သယ္ေဆာင္လာသူအား ႏိုဝင္ဘာလ (၁၃) ရက္ေန႔ ညေနငါးနာရီခြဲခန္႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

လိြဳင္ေကာ္ - ဆီဆိုင္လမ္းမႀကီးေပၚ႐ွိ လိြဳင္လင္ေလးေက်းရြာအုပ္စု ၊ ေက်ာက္ႀကီးရြာ(ေျမာက္ရြာ)ေတာင္ဘက္တြင္ မူးယစ္တပ္ဖြဲ႕စု(၂၀)လြိဳင္ေကာ္မွ တပ္ဖြဲ႕ဝင္မ်ား၊ လိြဳင္လင္ေလး ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ေ႐ွာင္တခင္ စစ္ေဆး႐ွာေဖြေနစဥ္ ဆီဆိုင္ၿမိဳ႕ဘက္မွ လိြဳင္ေကာ္ၿမိဳ႕ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ဦးေတာဆိုသူအား ရွာေဖြရာ ၎၏လြယ္အိတ္အတြင္းမွ စိတ္ၾကြရူးသြပ္ ေဆးျပား (၄၀၀၀)အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္လာသည့္ ဦးေတာအား လြိဳင္ေကာ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၄၅/၂ဝ၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမွဳဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓာတ္ပံု #ျပည္ထဲေရး



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကျောက်ကြီးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀) သယ်ဆောင်လာသူအား နိုဝင်ဘာလ (၁၃) ရက်နေ့ ညနေငါးနာရီခွဲခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။

လွိုင်ကော် - ဆီဆိုင်လမ်းမကြီးပေါ်ရှိ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကျောက်ကြီးရွာ(မြောက်ရွာ)တောင်ဘက်တွင် မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များ၊ လွိုင်လင်လေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးရှာဖွေနေစဉ် ဆီဆိုင်မြို့ဘက်မှ လွိုင်ကော်မြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ဦးတောဆိုသူအား ရှာဖွေရာ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား (၄၀၀၀)အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် ဦးတောအား လွိုင်ကော်မြို့မ ရဲစခန်းတွင် မယ(ပ)၄၅/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #ပြည်ထဲရေး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~