လောက်ကိုင် - ရန်လုံကျိုင်းကားလမ်းတွင် တရုတ်နိုင်ငံသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားအနည်းငယ်ဖြင့် ဖမ်းဆီးရမိ

လောက်ကိုင် - ရန်လုံကျိုင်းကားလမ်းတွင် တရုတ်နိုင်ငံသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားအနည်းငယ်ဖြင့် ဖမ်းဆီးရမိ
နိုဝင်ဘာ 21, 2017
By Tachileik News Agency




သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် လောက်ကိုင် - ရန်လုံကျိုင်း ကားလမ်းတွင် တရုတ်နိုင်ငံသား တစ်ဦးအား နိုဝင်ဘာလ (၂၀)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြားအနည်းငယ်ဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင် - ရန်လုံကျိုင်း ကားလမ်း တောင်ညီနောင်အနီးတွင် စစ်ဆေးနေစဉ် အငှါးမော်တော်ဆိုင်ကယ်ဖြင့်လိုက်ပါလာသည့် တရုတ်နိုင်ငံသား ရွှီးဟုန်းတာထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၃၉၀)အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသား ရွှီးဟုန်းတာအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြာင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~