တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံု အေပၚရြာတြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံု အေပၚရြာတြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 18, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စုအတြင္းရွိ လြယ္စီတံု(အေပၚ)ရြာတြင္ အမ်ဳိးသမီးတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ မူးယစ္ေဆး၀ါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားအား ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၈)ရက္ေန႔ နံနက္(၉း၅၀)နာရီ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြ႔ဲတို႔က ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံု(အေပၚ)ရြာရွိ မီအို၏ ေနအိမ္အား ၀င္ေရာက္ စစ္ေဆးရွာေဖြရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ မီအိုအား ေနအိမ္အခန္းအတြင္း၌ အသင့္ေတြ႕ရွိရၿပီး ၎ လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၆၁)ျပား၊ ထိုင္းဘတ္ေငြေရာရာ (၂၃၈၀)ဘတ္တို႔ကို ရွာေဖြေတြ႕ရွိၿပီး ဆက္လက္၍ ရွာေဖြရာတြင္ ေနအိမ္အခန္း၏ ၾကမ္းျပင္ေပၚမွ စိတ္ၾကြေဆးျပား သံုးစြဲရာတြင္ အသံုးျပဳသည့္ ၀ါးေျပာင္းတပ္လ်က္ အစိမ္းေရာင္ ပလတ္စတစ္ဘူး(၁)ဘူး ႏွင့္ အျဖဴေရာင္ ပလတ္စတစ္ဘူး(၁)ဘူးတို႔အား ေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႔က စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ မီအိုအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၇၁/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က) အရ အမႈဖြင့္ေဆာင္ရြက္ ထားရွိေၾကာင္းသိရွိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုအတွင်းရှိ လွယ်စီတုံ(အပေါ်)ရွာတွင် အမျိုးသမီးတစ်ဦးထံက မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများအား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၉း၅၀)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အပေါ်)ရွာရှိ မီအို၏ နေအိမ်အား ဝင်ရောက် စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် မီအိုအား နေအိမ်အခန်းအတွင်း၌ အသင့်တွေ့ရှိရပြီး၎င်း လွယ်ထားသည့် လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၆၁)ပြား၊ ထိုင်းဘတ်ငွေရောရာ (၂၃၈၀)ဘတ်တို့ကို ရှာဖွေတွေ့ရှိပြီး ဆက်လက်၍ ရှာဖွေရာတွင် နေအိမ်အခန်း၏ ကြမ်းပြင်ပေါ်မှ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဝါးပြောင်းတပ်လျက် အစိမ်းရောင် ပလတ်စတစ်ဘူး(၁)ဘူး နှင့် အဖြူရောင် ပလတ်စတစ်ဘူး(၁)ဘူးတို့အား တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့က စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ မီအိုအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၇၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ အမှုဖွင့်ဆောင်ရွက် ထားရှိကြောင်းသိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~