လားရႈိး - နမၼတူသြား ကားလမ္းေပၚေဘးတြင္ တိမ္းေမွာက္ေနသည့္ ယာဥ္အတြင္းမွ စိတ္ၾကြေဆးျပား (၆)သိန္းေက်ာ္ ႏွင့္ ဘိန္းျဖဴမ်ားေတြ႕ရွိၿပီး ယာဥ္ေပၚ ပါသူမ်ား ထြက္ေျပးေန

လားရႈိး - နမၼတူသြား ကားလမ္းေပၚေဘးတြင္ တိမ္းေမွာက္ေနသည့္ ယာဥ္အတြင္းမွ စိတ္ၾကြေဆးျပား (၆)သိန္းေက်ာ္ ႏွင့္ ဘိန္းျဖဴမ်ားေတြ႕ရွိၿပီး ယာဥ္ေပၚ ပါသူမ်ား ထြက္ေျပးေန
နိုဝင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕နယ္၊ လားရႈိး - နမၼတူသြား ကားလမ္းရွိ အီႏိုင္းေက်းရြာအနီးတြင္ တိမ္းေမွာက္ေနသည့္ ယာဥ္အတြင္းမွ စိတ္ၾကြေဆးျပား (၆)သိန္းေက်ာ္ႏွင့္ ဘိန္းျဖဴမႈန္႔မ်ားအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၇)ရက္ေန႔ နံနက္(၁)နာရီ၀န္းက်င္အခ်ိန္က အဆိုပါ လမ္းေပၚတြင္ ယာဥ္တစ္စီး တိမ္းေမွာက္ေနေၾကာင္း တာ၀န္သိ ျပည္သူမ်ား၏ အေၾကာင္းၾကားလာမႈေၾကာင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ အီႏိုင္းေက်းရြာအနီး (၇)မိုင္အေကြ႕၏ ယာဘက္ေခ်ာက္ထဲ၌ တိမ္းေမွာက္ေနသည့္ ယာဥ္အား ေတြ႕ရွိရၿပီး ယာဥ္အတြင္းမွ စိတ္ၾကြေဆးျပား စုစုေပါင္း (၆၀၆၀၀၀)ျပား ႏွင့္ ဘိန္းျဖဴမ်ား ထည့္ထားသည့္ ဆပ္ျပာခြက္(၁၁)ခြက္တို႔အား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိေၾကာင္း  သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္မွ ယာဥ္ေပၚပါ အမ်ဳိးသား(၃)ဦးမွာ ထြက္ေျပးသြားေၾကာင္းကို အနီးရွိ ေဒသခံမ်ားထံက သိရွိရေၾကာင္း ရဲတပ္ဖြဲ႔မွ သိရသည္။

ဆက္လက္၍ ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေသာ မူးယစ္ေဆး၀ါးမ်ားအား ပူးေပါင္းအဖြဲ႔က မူးယစ္တပ္ဖြဲ႔စု(၂၄)လားရႈိးသို႔ လႊဲေျပာင္းေပးခဲ့ၿပီးေနာက္  ပိုင္ရွင္မ်ားအား ဖမ္းဆီးရမိ ႏိုင္ရန္အတြက္ အမႈဖြ င့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လားရှိုး - နမ္မတူသွား ကားလမ်းရှိ အီနိုင်းကျေးရွာအနီးတွင် တိမ်းမှောက်နေသည့် ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား (၆)သိန်းကျော်နှင့် ဘိန်းဖြူမှုန့်များအား ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်အချိန်က အဆိုပါ လမ်းပေါ်တွင် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း တာဝန်သိ ပြည်သူများ၏ အကြောင်းကြားလာမှုကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် အီနိုင်းကျေးရွာအနီး (၇)မိုင်အကွေ့၏ ယာဘက်ချောက်ထဲ၌ တိမ်းမှောက်နေသည့် ယာဉ်အား တွေ့ရှိရပြီး ယာဉ်အတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်း (၆၀၆၀၀၀)ပြား နှင့် ဘိန်းဖြူများ ထည့်ထားသည့် ဆပ်ပြာခွက်(၁၁)ခွက်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးမှာ ထွက်ပြေးသွားကြောင်းကို အနီးရှိ ဒေသခံများထံက သိရှိရကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍ တွေ့ရှိ သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများအား ပူးပေါင်းအဖွဲ့က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ပိုင်ရှင်များအား ဖမ်းဆီးရမိ နိုင်ရန်အတွက် အမှုဖွ င့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~