တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 26, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးေက်းရြာအုပ္စုတြင္ အမ်ဳိးသမီးတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိ၍ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ မယ(ပ)၆/၂၀၁၇ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ ႏို၀င္ဘာလ(၂၆)ရက္ေန႔က အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းမွ ေခတၱစခန္းမွဴး ဒုရဲအုပ္ေအာင္ျမင့္ျမတ္ ႏွင့္ နယ္ေျမခံတပ္မွ တာ၀န္ရွိသူမ်ား၊ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔၀င္မ်ားမွ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းႏွင့္ (၂)ဖာလံုခန္႔ကြာေ၀းသည့္ ေနရာတြင္ မူးယစ္ေဆး၀ါး သတင္းအရ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၆)ရက္ေန႔ နံနက္(၁၀)နာရီ(၄၅)မိနစ္၀န္းက်င္အခ်ိန္က စစ္ေဆးရွာေဖြရာမွ အသက္(၂၀)ႏွစ္ရွိ နာေလာထံက မူးယစ္ေဆး၀ါးမ်ားအား ဖမ္းဆီးသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြမႈမ်ားျပဳလုပ္ရာတြင္ နာေလာ လြယ္ထားသည့္ အိတ္အတြင္းက အညဳိေရာင္ မ်က္ႏွာသုတ္ ပု၀ါေအာက္တြင္ ဖံုးဖိလ်က္ အ၀ါေရာင္ တိတ္ျဖင့္ ဖေယာင္းစကၠဴျဖင့္ ထုပ္ထားသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၀၀၀)ျပားအား လည္းေကာင္း၊ ငွက္ေပ်ာရြက္ေျခာက္ပလပ္စတစ္ ဖေယာင္းစကၠဴျဖင့္ ထုတ္လ်က္ အျပာေရာင္ ပလပ္စတစ္ ကပ္ခြာအိတ္ငယ္မ်ားျဖင့္ ထည့္ထားသည့္ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၂၀၀၀)ျပားအား လည္းေကာင္း စုစုေပါင္း စိတ္ၾကြရူးသြပ္ေဆးျပား (၃၀၀၀)ျပားအား ေတြ႕ရွိ သိမ္းဆည္းလိုက္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူ နာေလာ(မ)အား စစ္ေဆးမႈမ်ားျပဳလုပ္ကာ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စုတွင် အမျိုးသမီးတစ်ဦးထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ၍ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၆/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် နိုဝင်ဘာလ(၂၆)ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်အောင်မြင့်မြတ် နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များမှ မိုင်းပါလျှိုးနယ်မြေရဲစခန်းနှင့် (၂)ဖာလုံခန့်ကွောဝးသည့် နေရာတွင် မူးယစ်ဆေးဝါး သတင်းအရ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီ(၄၅)မိနစ်ဝန်းကျင်အချိန်က စစ်ဆေးရှာဖွေရာမှ အသက်(၂၀)နှစ်ရှိ နာလောထံက မူးယစ်ဆေးဝါးများအား ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများပြုလုပ်ရာတွင် နာလော လွယ်ထားသည့် အိတ်အတွင်းက အညိုရောင် မျက်နှာသုတ် ပုဝါအောက်တွင် ဖုံးဖိလျက် အဝါရောင် တိတ်ဖြင့် ဖယောင်းစက္ကူဖြင့် ထုပ်ထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၀၀)ပြားအား လည်းကောင်း၊ ငှက်ပျောရွက်ခြောက်ပလပ်စတစ် ဖယောင်းစက္ကူဖြင့် ထုတ်လျက် အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ငယ်များဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂၀၀၀)ပြားအား လည်းကောင်း စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀)ပြားအား တွေ့ရှိ သိမ်းဆည်းလိုက်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ နာလော(မ)အား စစ်ဆေးမှုများပြုလုပ်ကာ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~