ကယားပြည်နယ်တွင် ယခုနှစ် နှမ်းဈေးကျသဖြင့် နှမ်းစိုက်တောင်သူများ အခက်အခဲဖြစ်နေ
ကယားပြည်နယ်တွင် ယခုနှစ် နှမ်းဈေးကျသဖြင့် နှမ်းစိုက်တောင်သူများ အခက်အခဲဖြစ်နေ
နိုဝငျဘာ 2, 2017
By Tachileik News Agency
ကယားပြည်နယ်တွင် စိုက်ပျိုးလုပ်သားစရိတ်မြင့်တက်ခဲ့သဖြင့် ကုန်ကျစရိတ်များခဲ့သည့် နှမ်းစိုက်တောင်သူများသည် နှမ်းဈေးမှာ ယခင်နှစ်ထက်ကျဆင်းနေသဖြင့် အရှုံးပေါ်နေပြီး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း နှမ်းတစ်မျိုးတည်းကို အဓိကစိုက်ပျိုးသော ဘောလခဲမြို့ နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများမှာ ယခုနှစ်တွင် နှမ်းအထွက် အတော်အသင့်ကောင်းမွန်သော်လည်း နှမ်းဈေးကျနေပြီး ဈေးကွက်မရှိခြင်းကြောင့် အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
ယခုနှစ်တွင် အချို့နေရာများ၌ မိုးများခဲ့ခြင်းကြောင့် နှမ်းမဖြစ်ထွန်းဘဲ အရှုံးပေါ်ခဲ့သည့်အပြင် နှမ်းဈေးကွက်ပါ ကျဆင်းနေခြင်းများကြောင့် နောင်လာမည့် စိုက်ပျိုးရာသီအတွက် အရင်းအနှီးပြုလုပ်ရန် အခက်ခဲရှိနေပြီး ချေးငွေများကိုပါ ဆပ်ရန် အကြွေးများ တင်ရှိနေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် စိုက်ပျိုးလုပ်သားစရိတ်မြင့်တက်ခဲ့သဖြင့် ကုန်ကျစရိတ်များခဲ့သည့် နှမ်းစိုက်တောင်သူများသည် နှမ်းဈေးမှာ ယခင်နှစ်ထက်ကျဆင်းနေသဖြင့် အရှုံးပေါ်နပြေီး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း နှမ်းတစ်မျိုးတည်းကို အဓိကစိုက်ပျိုးသော ဘောလခဲမြို့ နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများမှာ ယခုနှစ်တွင် နှမ်းအထွက် အတော်အသင့်ကောင်းမွန်သော်လည်း နှမ်းဈေးကျနပြေီး ဈေးကွက်မရှိခြင်းကြောင့် အရှုံးပေါ်ပြီး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
"နှမ်းစိုက်တောင်သူတွေ ကုန်ကျစရိတ်တောင် ပြန်မရတဲ့ဈေးဖြစ်နေတယ်။ အရင်နှစ်ကလည်း နှမ်းဈေးကျသွားတာ။ အခုနှစ်ပိုတောင် ဈေးနည်းတယ်။ မနှစ်က တစ်ပိဿါ(၃၃၀၀)ကျပ်ကနေ (၃၅၀ဝ)အထိရကြတယ်။ အခုနှစ်က လုပ်သားခ တက်လာတယ်။ နှမ်းဈေးမရှိတော့ နှမ်းစိုက်တောင်သူတွေမှာ ထွန်ယက်၊ ပေါင်းနှုတ်၊ ရိတ်သိမ်းစရိတ် အကြွေးမကျကြေဘူး။ အစိုးရချေးငွေ၊ မြစိမ်းရောင်ချေးငွေ၊ အသင်းအဖွဲ့ချေးငွေတွေ ပြန်ဆပ်ဖို့ခက်ခဲနကြေတယ်။ ကလေးပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးစရိတ်တွေ လိုအပ်နကြေတယ် " ဟု ဘောလခဲမြို့ နှမ်းအရောင်းအဝယ် ပြုလုပ်သူ ဒေါ်မိမိမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခုနှစ်တွင် အချို့နေရာများ၌ မိုးများခဲ့ခြင်းကြောင့် နှမ်းမဖြစ်ထွန်းဘဲ အရှုံးပေါ်ခဲ့သည့်အပြင် နှမ်းဈေးကွက်ပါ ကျဆင်းနခြေင်းများကြောင့် နောင်လာမည့် စိုက်ပျိုးရာသီအတွက် အရင်းအနှီးပြုလုပ်ရန် အခက်ခဲရှိနပြေီး ချေးငွေများကိုပါ ဆပ်ရန် အကြွေးများ တင်ရှိနေကြောင်း သိရသည်။
" ကျွန်တော်က ဘောလခဲမြို့ရဲ့ တောင်ဘက်ပေါ့။ ရေနီပေါက် ဆိုတဲ့ရွာဘက်မှာ စိုက်တယ်။ ရှစ်ဧက စိုက်တာ အကုန် နှမ်းမကောင်းဘူး။ အပေါ်ဘက်က လူတွေတော့ ကောင်းတယ်။ ဒီဘက်က မကောင်းဘူး။ အဲဒီလိုမကောင်းတဲ့အပြင် ဈေးကလုံးဝမရှိတော့ ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူးပေါ့။ အစိုးရက ဒါကို ဈေးကွက် ထိန်းပေးတာ ဖြစ်ဖြစ် ဈေးကွက်ဖော်ဆောင်ပေးတာ ဖြစ်ဖြစ် အစီအစဉ်လေးတွေ လုပ်ပေးသင့်တာပေါ့နော် "ဟု နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ယခင်နှစ်က နှမ်း တစ်ပိဿါ(၃၅၀၀)ကျပ်နီးပါး ရှိခဲ့သော်လည်း ယခုနှစ်တွင် နှမ်းနက် တစ်ပိဿါ(၂၇၀၀)ကျပ် ခန့် သာရှိပြီး နှမ်းစိုက်ပျိုးခုတ်သိမ်းရာတွင် ယခုနှစ် လုပ်သားခမြင့်သဖြင့် စိုက်ပျိုးရိတ်သိမ်းစရိတ် မြင့်တက်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ဘောလခဲမြို့နယ်မှာ နှမ်းတစ်မျိုးတည်းကိုသာ အဓိကအများဆုံး စိုက်ပျိုးပြီး ဖာဆောင်းမြို့၊ မယ်စဲ့မြို့၊ ရွာသစ် နှင့် ရှားတော မြို့များတွင် စိုက်ပျိုးကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~