ကျိုင်းတုံတွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာလ(၂၆)ရက်နေ့တွင် စတင်မည်
ကျိုင်းတုံတွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာလ(၂၆)ရက်နေ့တွင် စတင်မည်
နိုဝငျဘာ 20, 2017
By Tachileik News Agency
ကျိုင်းတုံမြို့မအားကစားကွင်းတွင် နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ထိုင်းနိုင်ငံမှ ဆိုင်ခန်းပေါင်း (၄၂)ခန်း ပါဝင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ကော်မတီ(၁၄)ရပ်ဖြင့် ဆောင်ရွက်နေပြီး ပွဲတော်တွင် လွန်ဆွဲပွဲ၊ စက်ဘီးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
၂၁၁၂ နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်များအား ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ကျင်းပနေခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁၆)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့်  ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ(၂၆)ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာလ(၂၆)ရက်နေ့တွင် စတင်ကျင်းပပြီး ဒေသခံများ၏ ဆိုင်ခန်းများ အပြင် ထိုင်းနိုင်ငံမှ ဆိုင်ခန်းများလည်း လာရောက် ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့မအားကစားကွင်းတွင် နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ထိုင်းနိုင်ငံမှ ဆို်င်ခန်းပေါင်း (၄၂)ခန်း ပါဝင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်းနှစ်သစ်ကူးပွဲတော်ကိုတော့ ခါတိုင်းနှစ်တွေလိုပဲ ကျင်းပသွားမှာပါ။ ဒါပေမဲ့ ဒီနှစ်က ထိုင်းနိုင်ငံက ကုန်သည်တွေက သူတို့ရဲ့ ဒေသထွက်ကုန်တွေကို ကျွန်တော်တို့ရဲ့ နှစ်သစ်ကူးပွဲမှာ ဆိုင်ခန်းတွေ ဖွင့်ပြီးတော့ လာရောင်းဖို့ရှိတယ်။ ဆိုင်ခန်းပေါင်း (၄၀)ကျော် လာဖွင့်မယ်ပြောတယ်။ အစီအစဉ် အတိအကျကိုတော့ ပွဲနီးမှပဲ သိရမှာပါ။ ကျန်တဲ့ ကပွဲအစီအစဉ်တွေကတော့ ခါတိုင်းနှစ်တွေလိုပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံမြို့ ရှမ်းနှစ်သစ်ကူး ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ ဒုဥက္ကဌ ဦးစိုင်းလုံရီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ကော်မတီ(၁၄)ရပ်ဖြင့် ဆောင်ရွက်နပြေီး ပွဲတော်တွင် လွန်ဆွဲပွဲ၊ စက်ဘီးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
"ရှမ်းနှစ်သစ်ကူးပွဲတော်မှာ ကျွန်တော်က ပြခန်းနဲ့ ပတ်သက်ပြီးတာဝန်ယူထားတာဆိုတော့ ဒီနှစ်မှာလည်း သမိုင်းဓာတ်ပုံတွပြေမယ်။ ရိုးရာအဝတ်အစားတွပြေမယ်။ ထူးထူးခြားခြား စီစဉ်ထားတာမရှိပါဘူး။ ခါတိုင်းနှစ်တွေလိုပါပဲ"ဟု ဦးကျော်ရဲမြင့်အောင်က ပြောသည်။
၂၁၁၂ နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်များအား ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ကျင်းပနခြေင်း ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁၆)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ(၂၆)ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~