က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္မႈ ႀကီးၾကပ္ေရးအဖြဲ႔ဝင္မ်ားေရြးခ်ယ္မႈ လာမည့္ႏွစ္ဆန္းပိုင္းတြင္ အၿပီးေဆာင္ရြက္ႏိုင္ဖြယ္ရိွ

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္မႈ ႀကီးၾကပ္ေရးအဖြဲ႔ဝင္မ်ားေရြးခ်ယ္မႈ လာမည့္ႏွစ္ဆန္းပိုင္းတြင္ အၿပီးေဆာင္ရြက္ႏိုင္ဖြယ္ရိွ
နိုဝင်ဘာ 30, 2017
By Tachileik News Agency

ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးခ်ယ္မႈပံုစံသစ္အရ ျပည္သူမ်ား ေရြးခ်ယ္ရမည့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးခ်ယ္မႈႀကီးၾကပ္ေရး အဖြဲ႔ဝင္မ်ား ေရြးခ်ယ္မႈအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ ဒုတိယပတ္အတြင္း အၿပီးေဆာင္ရြက္ႏုိင္ဖြယ္ရိွေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

“ႀကီးၾကပ္ေရးမွဴးအဖြဲ႕ေတြကို ဒီဇင္ဘာလ ဒုတိယပတ္ထဲမွာ အၿပီးေရြးခ်ယ္သြားမွာ ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး ျပန္လည္ေရြးခ်ယ္မႈကိုေတာ့ ေနာက္ႏွစ္ ဇန္န၀ါရီလ ပထမပတ္ ဒါမွမဟုတ္ ဒုတိယပတ္ထဲမွာ ေရြးပါမယ္”ဟု က်ိဳင္းတုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားေရြးခ်ယ္ရာတြင္ ႀကီးၾကပ္သည့္ ႀကီးၾကပ္ေရးအဖြဲ႕အား ယခင္က ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဖြဲ႕စည္းေပးျခင္းျဖစ္ေသာ္လည္း ေျပာင္းလဲလုိက္သည့္ စနစ္သစ္အရ ႀကီးၾကပ္ေရးမွဴးမ်ားအား ရပ္ကြက္/ေက်းရြာေန ျပည္သူမ်ားက ကိုယ္တုိင္ ေရြးခ်ယ္တင္ေျမႇာက္ၿပီး ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနက ျပည္သူမ်ားတင္ေျမႇာက္ထားသည့္ စာရင္းအား ျငင္းပယ္ျပင္ဆင္ျခင္းမျပဳဘဲ အတည္ျပဳေပးရမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕နယ္အတြင္း ၿမိဳ႕ေပၚ(၅)ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စုေပါင္း (၃၈)ခုအတြက္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား ေရြးခ်ယ္ရန္ ႀကီးၾကပ္ေရးမွဴး(၅)ဦးစီပါဝင္သည့္ အဖြဲ႕မ်ားကို ရပ္ကြက္/ေက်းရြာေနျပည္သူမ်ားက ေရြးခ်ယ္ဖြဲ႔စည္းေပးၾကမည္ျဖစ္ၿပီး လက္ရိွ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ ျပန္လည္အေရြးခံလိုသူမ်ား ဝင္ေရာက္ေရြးခ်ယ္ခံႏုိင္ေရးအတြက္လည္း တင္ျပထားေၾကာင္း သိရသည္။

“လက္ရိွတာ၀န္ထမ္းေဆာင္ေနတဲ့ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးေတြက သူတို႔တာ၀န္ထမ္းေဆာင္ေနတဲ့ သက္တမ္း(၂)ႏွစ္ မေက်ာ္ေသးတဲ့အတြက္ ထပ္ၿပီး အေရြးခ်ယ္ခံမယ္ဆိုရင္လည္း အေရြး ခ်ယ္ခံလို႔ရပါတယ္။ ဒီကိစၥနဲ႕ ပတ္သက္ၿပီးေတာ့ ႏိုင္ငံေရးပါတီေတြ၊ ဌာနဆိုင္ရာေပါင္းစုံနဲ႕ ၿမိိဳ႕မိၿမိဳ႕ဖေတြပါတဲ့ ျပည္နယ္ဒု အစည္းအေ၀းမွာေတာ့ ကၽြန္ေတာ္တင္ျပထားၿပီးပါၿပီ”ဟု က်ိဳင္းတုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က ေျပာသည္။

ရပ္ကြက္/ေက်းရြာေနျပည္သူမ်ားက အမ်ားဆႏၵျဖင့္ ေရြးခ်ယ္ေပးထားသည့္ ႀကီးၾကပ္ေရးမွဴး (၅)ဦးပါသည့္အဖြဲ႕က မိမိတို႔ ရပ္ကြက္/ေက်းရြာအလုိက္ အိမ္ေထာင္စုစာရင္းကို ျပဳစုၿပီး ဆယ္အိမ္စု၊ ရာအိမ္စုမ်ားအလုိက္ ဆယ္အိမ္မွဴးေရြးခ်ယ္ႏိုင္ေရးအတြက္ ဆယ္အိမ္စု၊ ရာအိမ္စုမ်ား စုဖြဲ႔ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္သူမ်ားက ေရြးေကာက္တင္ေျမႇာက္လိုက္သည့္ ဆယ္အိမ္မွဴး (၁၀)ဦးတြင္ ရာအိမ္မွဴး(၁)ဦးကို ျပန္လည္ေရြးခ်ယ္ကာ အဆိိုပါ ေရြးခ်ယ္ခံ ရာအိမ္မွဴးမ်ားအနက္မွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးျဖစ္သင့္သူကို မဲေပးေရြးခ်ယ္ၿပီး ဆယ္အိမ္မွဴး၊ ရာအိမ္မွဴးမ်ားမွ ေက်းရြာတာဝန္ခံကိုလည္း ထပ္မံေရြးခ်ယ္ရမည္ျဖစ္ေၾကာင္း သိရသည္။

လူထု၏ ေရြးခ်ယ္မႈရလဒ္အား လူထုေရြးခ်ယ္တင္ေျမႇာက္ထားသည့္ ႀကီးၾကပ္ေရးအဖြဲ႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးသို႔ တင္ျပၿပီးေနာက္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕အား ယခင္ကကဲ့သို႔ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံ တင္ျပ အတည္ျပဳခ်က္ရယူရန္မလိုဘဲ ဥပေဒအရလက္မွတ္ထိုး တာဝန္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕နယ္အတြင္းမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ေရးလုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ ႏို၀င္ဘာလ (၂၈)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု (၃၈)အုပ္စုမွ ရပ္/ေက်းစာေရး (၃၈)ဦးကို ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္မႈစနစ္သစ္အရ လူထုအေနျဖင့္ ႀကီးၾကပ္ေရးမွဴးမ်ား၊ ဆယ္အိမ္မွဴးမ်ားႏွင့္ ရာအိမ္မွဴးမ်ားကို ကိုယ္တုိင္မဲေပးေရြးခ်ယ္ခြင့္ရမည္ျဖစ္သည္။

ေျပာင္းလဲလုိက္သည့္ စနစ္သစ္အား လူထုသိရိွေစေရးအတြက္ က်ိဳင္းတံုၿမိဳ႕ရိွ လူငယ္စင္တာမွ လူငယ္မ်ားကလည္း ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ျခင္းဆုိင္ရာ အသိေပးလက္ကမ္းစာေစာင္မ်ားကို ဒီဇင္ဘာလ (၃)ရက္ေန႔တြင္ လူစည္ကားရာေနရာမ်ား၌ ျဖန္႔ေဝၾကမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - ေအာင္ပါေစ


~~~~~~~~⊰❂ unicode ~~~~~~~~

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုပုံစံသစ်အရ ပြည်သူများ ရွေးချယ်ရမည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်မှုအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ကြီးကြပ်ရေးမှူးအဖွဲ့တွေကို ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာ အပြီးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်မှုကိုတော့ နောက်နှစ် ဇန်နဝါရီလ ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်ထဲမှာ ရွေးပါမယ်”ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင် ကြီးကြပ်သည့် ကြီးကြပ်ရေးအဖွဲ့အား ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖွဲ့စည်းပေးခြင်းဖြစ်သော်လည်း ပြောင်းလဲလိုက်သည့် စနစ်သစ်အရ ကြီးကြပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာနေ ပြည်သူများက ကိုယ်တိုင် ရွေးချယ်တင်မြှောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ပြည်သူများတင်မြှောက်ထားသည့် စာရင်းအား ငြင်းပယ်ပြင်ဆင်ခြင်းမပြုဘဲ အတည်ပြုပေးရမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၃၈)ခုအတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ကြီးကြပ်ရေးမှူး(၅)ဦးစီပါဝင်သည့် အဖွဲ့များကို ရပ်ကွက်/ကျေးရွာနပြေည်သူများက ရွေးချယ်ဖွဲ့စည်းပေးကြမည်ဖြစ်ပြီး လက်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ ပြန်လည်အရွေးခံလိုသူများ ဝင်ရောက်ရွေးချယ်ခံနိုင်ရေးအတွက်လည်း တင်ပြထားကြောင်း သိရသည်။

“လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက သူတို့တာဝန်ထမ်းဆောင်နေတဲ့ သက်တမ်း(၂)နှစ် မကျော်သေးတဲ့အတွက် ထပ်ပြီး အရွေးချယ်ခံမယ်ဆိုရင်လည်း အရွေး ချယ်ခံလို့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာပေါင်းစုံနဲ့ မြို့မိမြို့ဖတွေပါတဲ့ ပြည်နယ်ဒု အစည်းအေဝးမှာတော့ ကျွန်တော်တင်ပြထားပြီးပါပြီ”ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောသည်။

ရပ်ကွက်/ကျေးရွာနပြေည်သူများက အများဆန္ဒဖြင့် ရွေးချယ်ပေးထားသည့် ကြီးကြပ်ရေးမှူး (၅)ဦးပါသည့်အဖွဲ့က မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် အိမ်ထောင်စုစာရင်းကို ပြုစုပြီး ဆယ်အိမ်စု၊ ရာအိမ်စုများအလိုက် ဆယ်အိမ်မှူးရွေးချယ်နိုင်ရေးအတွက် ဆယ်အိမ်စု၊ ရာအိမ်စုများ စုဖွဲ့ပေးရမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သည့် ဆယ်အိမ်မှူး (၁၀)ဦးတွင် ရာအိမ်မှူး(၁)ဦးကို ပြန်လည်ရွေးချယ်ကာ အဆိုပါ ရွေးချယ်ခံ ရာအိမ်မှူးများအနက်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဖြစ်သင့်သူကို မဲပေးရွေးချယ်ပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ကျေးရွာတာဝန်ခံကိုလည်း ထပ်မံရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

လူထု၏ ရွေးချယ်မှုရလဒ်အား လူထုရွေးချယ်တင်မြှောက်ထားသည့် ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြပြီးနောက် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့အား ယခင်ကကဲ့သို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြ အတည်ပြုချက်ရယူရန်မလိုဘဲ ဥပဒေအရလက်မှတ်ထိုး တာဝန်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၈)အုပ်စုမှ ရပ်/ကျေးစာရေး (၃၈)ဦးကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှုစနစ်သစ်အရ လူထုအနဖြေင့် ကြီးကြပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများနှင့် ရာအိမ်မှူးများကို ကိုယ်တိုင်မဲပေးရွေးချယ်ခွင့်ရမည်ဖြစ်သည်။

ပြောင်းလဲလိုက်သည့် စနစ်သစ်အား လူထုသိရှိစေရေးအတွက် ကျိုင်းတုံမြို့ရှိ လူငယ်စင်တာမှ လူငယ်များကလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ (၃)ရက်နေ့တွင် လူစည်ကားရာနေရာများ၌ ဖြန့်ဝကြေမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - အောင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~