က်ိဳင္းတံု ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းကို ဒီဇင္ဘာလအတြင္း ျပန္လည္ဖြဲ႕စည္းမည္

က်ိဳင္းတံု ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းကို ဒီဇင္ဘာလအတြင္း ျပန္လည္ဖြဲ႕စည္းမည္
နိုဝင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႔စည္းႏုိင္ေရးႏွင့္ အလုပ္အမႈေဆာင္အဖြဲ႔ ေရြးေကာက္တင္ေျမႇာက္ႏိုင္ေရးအတြက္ ဒီဇင္ဘာလ တတိယပတ္အတြင္း ေဒသတြင္း လုပ္ငန္းရွင္မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ပါဝင္မည့္ အစည္းအေဝး က်င္းပသြားရန္ ႏိုဝင္ဘာလ (၂၄)ရက္ေန႔က ဆံုးျဖတ္လုိက္ေၾကာင္း သိရသည္။

“အသင္းသားစံုညီနဲ႔ ေရြးခ်ယ္တင္ေျမႇာက္တာေတြ လုပ္ႏုိင္ဖို႔ စီစဥ္ေနတာ အခုအႀကိမ္နဲ႔ဆို သံုးႀကိမ္ရိွၿပီ။ ဒီေန႔လည္း အသင္းအဖြဲ႔ေတြက ကိုယ္စားလွယ္ေတြ မစံုၾကေသးဘူး။ လူမစံုေတာ့ အသင္းဖြဲ႔ဖို႔ ယာယီေကာ္မတီ ေရြးဖို႔ကို အားလံုးပါဝင္ ႏုိင္ေရးအတြက္ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ အားလံုးပါဝင္လာႏိုင္ေအာင္ ဒီဇင္ဘာလ တတိယပတ္ေလာက္မွာ လုပ္မယ္လို႔ ဆံုးျဖတ္လုိက္တာပါ။ အစည္းအေဝး တက္ေရာက္သူ ေတြထဲကေန ေရြးခ်ယ္တင္ေျမႇာက္ရမွာျဖစ္တဲ့အတြက္ ဒီဇင္ဘာအစည္းအေဝးမွာေတာ့ ေဒသတြင္းက လုပ္ငန္းရွင္ေတြ အားလံုး တက္ေစခ်င္ပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း)စားသံုးသူေရးရာဦးစီးဌာန ဒုတိယ ျပည္နယ္ဦးစီးမွဴး ဦးလွစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ စီးပြားေရးလုပ္ငန္းဆုိင္ရာ အသင္းအဖြဲ႕မ်ားအေနျဖင့္ ျပည္တြင္း၊ ျပည္ပ စီးပြားေရးလုပ္ငန္းဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ားတြင္ အဆင္ေျပစြာေဆာင္ရြက္ႏုိင္ေရးအတြက္ အဆိုပါအသင္းအား ဖြဲ႕စည္းသြားရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ စားသံုးသူေရးရာ ဦးစီးဌာန (ရွမ္းျပည္နယ္အေရွ႕ပိုင္း)က ဦးစီးၿပီး စီးပြားေရးလုပ္ငန္းရွင္မ်ား၊ စီးပြားေရးလုပ္ငန္းဆိုင္ရာ အသင္းအဖြဲ႕မ်ားအား ဖိတ္ၾကားကာ အစည္းအေဝး က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ အစည္းအေဝးမွာ ဆံုးျဖတ္လုိက္တာက ႏွစ္ခုရိွတယ္။ က်ိဳင္းတံု ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း အျဖစ္ အမည္ေျပာင္းမယ္။ ေနာက္တစ္ခ်က္က ဒီအသင္း ဖြဲ႕စည္းေရးအတြက္ EC ေရြးတာ၊ ဥကၠဌ ေရြးတာေတြအတြက္ ဒီဇင္ဘာလ တတိယပတ္မွာ အစည္းအေဝးလုပ္ၿပီး ေရြးခ်ယ္ပါမယ္။ လူငယ္ေတြလည္း ပါဝင္လာေစခ်င္ပါတယ္။ အဲဒီမွာေတာ့ အားလံုး ပါဝင္ႏုိင္ေရးအတြက္ သတ္မွတ္ရက္သိၿပီဆိုတာနဲ႔ ဖိတ္ၾကားတာ၊ အသိေပးတာေတြ လုပ္သြားပါမယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းကို ၂၀၀၈ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ေသာ္လည္း အသင္းလုပ္ငန္းမ်ား လည္ပတ္ႏုိင္ျခင္းမရိွေသးသျဖင့္ ျပန္လည္ဖြဲ႔စည္းရန္နွင့္ အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ား ေရြးေကာက္တင္ေျမႇာက္ႏုိင္ေရးအတြက္ အစည္းအေဝးက်င္းပျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)စားသံုးသူေရးရာဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ ေဒသတြင္း စီးပြားေရးလုပ္ငန္းရွင္မ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္

ဓါတ္ပံု - စားသံုးသူေရးရာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ဒီဇင်ဘာလ တတိယပတ်အတွင်း ဒေသတွင်း လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မည့် အစည်းအဝေး ကျင်းပသွားရန် နိုဝင်ဘာလ (၂၄)ရက်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

“အသင်းသားစုံညီနဲ့ ရွေးချယ်တင်မြှောက်တာတွေ လုပ်နိုင်ဖို့ စီစဉ်နေတာ အခုအကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီ။ ဒီနေ့လည်း အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ မစုံကြသေးဘူး။ လူမစုံတော့ အသင်းဖွဲ့ဖို့ ယာယီကော်မတီ ရွေးဖို့ကို အားလုံးပါဝင် နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးပါဝင်လာနိုင်အောင် ဒီဇင်ဘာလ တတိယပတ်လောက်မှာ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ အစည်းအဝေး တက်ရောက်သူ တွေထဲကနေ ရွေးချယ်တင်မြှောက်ရမှာဖြစ်တဲ့အတွက် ဒီဇင်ဘာအစည်းအဝေးမှာတော့ ဒေသတွင်းက လုပ်ငန်းရှင်တွေ အားလုံး တက်စေချင်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များအနဖြေင့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် အဆိုပါအသင်းအား ဖွဲ့စည်းသွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသုံးသူရေးရာ ဦးစီးဌာန (ရှမ်းပြည်နယ်အရှေ့ပိုင်း)က ဦးစီးပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များအား ဖိတ်ကြားကာ အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာက နှစ်ခုရှိတယ်။ ကျိုင်းတုံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အဖြစ် အမည်ပြောင်းမယ်။ နောက်တစ်ချက်က ဒီအသင်း ဖွဲ့စည်းရေးအတွက် EC ရွေးတာ၊ ဥက္ကဌ ရွေးတာတွေအတွက် ဒီဇင်ဘာလ တတိယပတ်မှာ အစည်းအဝေးလုပ်ပြီး ရွေးချယ်ပါမယ်။ လူငယ်တွေလည်း ပါဝင်လာစေချင်ပါတယ်။ အဲဒီမှာတော့ အားလုံး ပါဝင်နိုင်ရေးအတွက် သတ်မှတ်ရက်သိပြီဆိုတာနဲ့ ဖိတ်ကြားတာ၊ အသိပေးတာတွေ လုပ်သွားပါမယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း အသင်းလုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိသေးသဖြင့် ပြန်လည်ဖွဲ့စည်းရန်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် အစည်းအဝေးကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

ဓာတ်ပုံ - စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~