တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆ့ံ ေဆးရံုႀကီးတြင္ ပုဂၢလိကအလွဴရွင္မ်ား လွဴဒါန္းသည့္ ေက်ာက္ကပ္ေဆးစက္ျဖင့္ ကုသမႈစတင္

တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆ့ံ ေဆးရံုႀကီးတြင္ ပုဂၢလိကအလွဴရွင္မ်ား လွဴဒါန္းသည့္ ေက်ာက္ကပ္ေဆးစက္ျဖင့္ ကုသမႈစတင္
နိုဝင်ဘာ 8, 2017
By Tachileik News Agency

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆ့ံ ေဆးရံုႀကီးတြင္ ပုဂၢလိကအလွဴရွင္မ်ား လွဴဒါန္းထားသည့္ ေက်ာက္ကပ္ေဆးစက္ျဖင့္ ေက်ာက္ကပ္ေဝဒနာရွင္မ်ားအား ႏိုဝင္ဘာလ (၈)ရက္ေန႔မွစ၍ ေက်ာက္ကပ္ေဆးေၾကာမႈ စတင္ေဆာင္ရြက္ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

“ကုသမႈခံယူတဲ့သူအေနနဲ႔ ဝယ္ရမယ့္ပစၥည္းေတြရိွေတာ့ ဘတ္ေငြ (၁၅၀၀) သူတုိ႔ သတ္မွတ္ထားပါတယ္။ ႏြမ္းပါးလူနာေတြဆိုရင္ေတာ့ အခမဲ့ပါ။ အကုန္လံုး အခမဲ့ဆိုရင္လည္း လံုးပါးပါးၿပီး ဆက္လုပ္ႏုိင္မွာ မဟုတ္တဲ့အတြက္ပါ။ အခုကေတာ့ သူနာျပဳဆရာမကလည္း ငွားထားရပါတယ္။ လက္ရိွမွာေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ဆရာဝန္တစ္ဦးနဲ႔ သူနာျပဳတစ္ဦးကို ရန္ကုန္ကို သင္တန္းႏွစ္လ ပို႔ထားတုန္းပဲ ရိွပါေသးတယ္။ သူတို႔ သင္တန္းျပန္လာမွဆိုရင္ ေနာက္ထပ္ႏွစ္လေလာက္ ေစာင့္ရမယ္ဆိုေတာ့ ဒီမွာ ကၽြမ္းက်င္ၿပီးဝန္ထမ္းကို ႏွစ္လေလာက္ ငွားလုိက္တာပါ။ တာခ်ီလိတ္ ၿမိဳ႕မိၿမိဳ႕ဖေတြ ပံ့ပိုးကူညီမႈေပါ့။ ဒီေစ်းႏႈန္း သတ္မွတ္တာကလည္း သူတို႔ပဲ သတ္မွတ္ေပးတာပါ။ ကၽြန္ေတာ္တုိ႔အေနနဲ႔က ပညာရွင္ပိုင္းက ပံ့ပိုးေပးတာပါ။ ဝန္ထမ္းအင္အား ခြဲေပးရတာေပါ့။ ဒီလို သတ္မွတ္ႏႈန္းထားကလည္း ဒီကုသမႈ ေရရွည္ဆက္သြားႏုိင္ဖို႔အတြက္ပါ။ က်န္တဲ့ အက်ိဳးအျမတ္အတြက္ မဟုတ္ပါဘူး” ဟု တာခ်ီလိတ္ခရိုင္ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္ကပ္ေဆးစက္မွာ လူနာတစ္ဦး ေက်ာက္ကပ္ေဆးရန္ ေလးနာရီခန္႔ၾကာျမင့္ၿပီး လက္ရိွတြင္ စာရင္းေပးသည့္ လူနာအေရအတြက္မ်ားေနသျဖင့္ ေရရွည္တြင္ လူနာအေရအတြက္ႏွင့္ စက္ျဖင့္ ေဆးေၾကာေပးႏုိင္မႈ အားမမွ်ျဖစ္မည္ကို စိုးရိမ္ေနရေၾကာင္း ခရိုင္ေဆးရံုအုပ္ႀကီးက ေျပာသည္။

“လူနာက တစ္ခါေဆးရင္ ေလးနာရီဆိုေတာ့ ႏွစ္ေယာက္ဆုိရင္ ရွစ္နာရီျဖစ္ၿပီ။ ဒီအတြက္ ကၽြန္ေတာ္တုိ႔ဘက္က ဝန္ထမ္းအင္အား ဖဲ့ေပးထားရတာေပါ့။ သမားေတာ္ရယ္၊ လက္ေထာက္ ဆရာဝန္ရယ္၊ သူနာျပဳဆရာမႏွစ္ဦးရယ္၊ ေက်ာက္ကပ္ေရသန္႔စက္ကိုင္တဲ့သူနဲ႔ဆို ငါးေယာက္ခြဲ ေပးထားရတယ္။ ေရရွည္မွာေတာ့ လူနာအေရအတြက္နဲ႔ ေက်ာက္ကပ္ေဆးစက္ အားမမွ်မွာေတာ့ စိုးရိမ္တယ္။ စက္က တစ္လံုးထဲေလ”ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက ေျပာသည္။

အဆိုပါ ေက်ာက္ကပ္ေဆးစက္ျဖင့္ ကုသမႈေဆာင္ရြက္ႏုိင္ရန္ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးမွ ဆရာဝန္တစ္ဦးႏွင့္ သူနာျပဳတစ္ဦးတို႔ ရန္ကုန္တြင္ သင္တန္းတက္ရန္ ေနထိုင္စားေသာက္စရိတ္ က်ပ္ဆယ္သိန္းႏွင့္ လက္ရိွ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီး ေက်ာက္ကပ္ေဆးစက္ စတင္ေဆာင္ရြက္ရန္ လုိအပ္သည့္ ဝန္ထမ္းငွားရမ္းျခင္းတို႔ကိုလည္း တာခ်ီလိတ္ၿမိဳ႕မိၿမိဳ႕ဖျဖစ္သူ ျမင့္ဦးေအာင္ကုမၸဏီမွ ဦးျမင့္ဦး(မုတ္ဆိတ္) + ေဒၚနန္းေသာင္းမိသားစုတို႔က ကူညီေပးထားေၾကာင္း သိရသည္။

တာခ်ီလိတ္ ခုတင္(၁၀၀) ေဆးရုံႀကီးတြင္ ႏိုဝင္ဘာလ (၈)ရက္ေန႔ နံနက္ပိုင္းက ေက်ာက္ကပ္ေဝဒနာရွင္ အသက္(၅၈)ႏွစ္ရွိ ဦးေအာင္တင္ၾကည္အား  ပထမဆံုး ေဆးေၾကာကုသမႈေပးခဲ့ေၾကာင္း သိရသည္။

ယခင္က တာဝန္ယူခဲ့သည့္ တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က ေက်ာက္ကပ္ေဆးစက္ ဝယ္ယူေရးအတြက္ အႀကံျပဳခ်က္အရ တာခ်ီလိတ္ၿမိဳ႕ရိွ ျမင့္ဦးေအာင္ကုမၸဏီမွ ဦးျမင့္ဦး(မုတ္ဆိတ္) မိသားစုက က်ပ္သိန္း (၁၀၀)၊ ဘုရင့္ေနာင္ပုဂၢလိကေစ်းႏွင့္ ဟိုတယ္တာခ်ီလိတ္ပိုင္ရွင္ ဦးထြန္းေနဦး မိသားစုက က်ပ္သိန္း(၅၀)၊ စိုင္းေလာဝ္ဟိန္းႏွင့္ စိုင္းဝဏၰ သတၱဳတူးေဖာ္ေရးကုမၸဏီတို႔မွ ဦးတင္ႏြယ္မိသားစုက က်ပ္သိန္း(၅၀)၊ ေတာ္ဝင္ဆီပန္႔မွ ဦးၾကည္ျမင့္ မိသားစုက က်ပ္(၁၀)သိန္း ႏွင့္ အေဆြေတာ္မိသားစု (၂၄)နာရီအထူးကုေဆးခန္း (ေရာဂါရွာေဖြေရး စင္တာ)ပိုင္ရွင္ ဦးတင္လႈိင္ မိသားစုက က်ပ္(၁၀)သိန္း စုစုေပါင္း က်ပ္သိန္း(၂၂၀)အား ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၂၁)ရက္ေန႔တြင္ စုေပါင္း လွဴဒါန္းခဲ့ၾကရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္ ႏွင့္ တာ၀န္ရွိသူမ်ားက လက္ခံခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်ာက္ကပ္ေဆးစက္တပ္ဆင္ရန္ လုိအပ္ေသာ ေရသန္႔စက္၀ယ္ယူရန္ ၿမဳိ႕မိၿမဳိ႕ဖမ်ားက အလွဴေငြက်ပ္သိန္း (၁၀၀)၊ လူနာေစာင့္မ်ား နားေနရန္အတြက္ ေငြေတာင္မင္းကုမၸဏီက ေငြက်ပ္ (၃၇၆၀၀၀၀) တန္ဖုိးရွိ ထုိင္ခံုရွည္(၄၀)လံုး၊ ျမင့္ဦးေအာင္ကုမၸဏီက ေငြက်ပ္ (၃၇၆၀၀၀၀) တန္ဖုိးရွိ ထုိင္ခံုရွည္ (၄၀)လံုးတို႔ကိုလည္း ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၃၀)ရက္ေန႔က ထပ္မံ လွဴဒါန္းခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္၊ Thein Shwe



~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးတွင် ပုဂ္ဂလိကအလှူရှင်များ လှူဒါန်းထားသည့် ကျောက်ကပ်ဆေးစက်ဖြင့် ကျောက်ကပ်ဝေဒနာရှင်များအား နိုဝင်ဘာလ (၈)ရက်နေ့မှစ၍ ကျောက်ကပ်ဆေးကြောမှု စတင်ဆောင်ရွက်ပေးနပြေီဖြစ်ကြောင်း သိရသည်။

“ကုသမှုခံယူတဲ့သူအနေနဲ့ ဝယ်ရမယ့်ပစ္စည်းတွေရှိတော့ ဘတ်ငွေ (၁၅၀၀) သူတို့ သတ်မှတ်ထားပါတယ်။ နွမ်းပါးလူနာတွေဆိုရင်တော့ အခမဲ့ပါ။ အကုန်လုံး အခမဲ့ဆိုရင်လည်း လုံးပါးပါးပြီး ဆက်လုပ်နိုင်မှာ မဟုတ်တဲ့အတွက်ပါ။ အခုကတော့ သူနာပြုဆရာမကလည်း ငှါးထားရပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ ဆရာဝန်တစ်ဦးနဲ့ သူနာပြုတစ်ဦးကို ရန်ကုန်ကို သင်တန်းနှစ်လ ပို့ထားတုန်းပဲ ရှိပါသေးတယ်။ သူတို့ သင်တန်းပြန်လာမှဆိုရင် နောက်ထပ်နှစ်လလောက် စောင့်ရမယ်ဆိုတော့ ဒီမှာ ကျွမ်းကျင်ပြီးဝန်ထမ်းကို နှစ်လလောက် ငှါးလိုက်တာပါ။ တာချီလိတ် မြို့မိမြို့ဖတွေ ပံ့ပိုးကူညီမှုပေါ့။ ဒီဈေးနှုန်း သတ်မှတ်တာကလည်း သူတို့ပဲ သတ်မှတ်ပေးတာပါ။ ကျွန်တော်တို့အနေနဲ့က ပညာရှင်ပိုင်းက ပံ့ပိုးပေးတာပါ။ ဝန်ထမ်းအင်အား ခွဲပေးရတာပေါ့။ ဒီလို သတ်မှတ်နှုန်းထားကလည်း ဒီကုသမှု ရေရှည်ဆက်သွားနိုင်ဖို့အတွက်ပါ။ ကျန်တဲ့ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး” ဟု တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်ကပ်ဆေးစက်မှာ လူနာတစ်ဦး ကျောက်ကပ်ဆေးရန် လေးနာရီခန့်ကြာမြင့်ပြီး လက်ရှိတွင် စာရင်းပေးသည့် လူနာအရေအတွက်များနေသဖြင့် ရေရှည်တွင် လူနာအရေအတွက်နှင့် စက်ဖြင့် ဆေးကြောပေးနိုင်မှု အားမမျှဖြစ်မည်ကို စိုးရိမ်နေရကြောင်း ခရိုင်ဆေးရုံအုပ်ကြီးက ပြောသည်။

“လူနာက တစ်ခါဆေးရင် လေးနာရီဆိုတော့ နှစ်ယောက်ဆိုရင် ရှစ်နာရီဖြစ်ပြီ။ ဒီအတွက် ကျွန်တော်တို့ဘက်က ဝန်ထမ်းအင်အား ဖဲ့ပေးထားရတာပေါ့။ သမားတော်ရယ်၊ လက်ထောက် ဆရာဝန်ရယ်၊ သူနာပြုဆရာမနှစ်ဦးရယ်၊ ကျောက်ကပ်ရေသန့်စက်ကိုင်တဲ့သူနဲ့ဆို ငါးယောက်ခွဲ ပေးထားရတယ်။ ရေရှည်မှာတော့ လူနာအရေအတွက်နဲ့ ကျောက်ကပ်ဆေးစက် အားမမျှမှာတော့ စိုးရိမ်တယ်။ စက်က တစ်လုံးထဲလေ”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

အဆိုပါ ကျောက်ကပ်ဆေးစက်ဖြင့် ကုသမှုဆောင်ရွက်နိုင်ရန် တာချီလိတ်ခရိုင်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးတို့ ရန်ကုန်တွင် သင်တန်းတက်ရန် နေထိုင်စားသောက်စရိတ် ကျပ်ဆယ်သိန်းနှင့် လက်ရှိ တာချီလိတ်ခရိုင်ဆေးရုံကြီး ကျောက်ကပ်ဆေးစက် စတင်ဆောင်ရွက်ရန် လိုအပ်သည့် ဝန်ထမ်းငှါးရမ်းခြင်းတို့ကိုလည်း တာချီလိတ်မြို့မိမြို့ဖဖြစ်သူ မြင့်ဦးအောင်ကုမ္ပဏီမှ ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်းမိသားစုတို့က ကူညီပေးထားကြောင်း သိရသည်။

တာချီလိတ် ခုတင်(၁၀၀) ဆေးရုံကြီးတွင် နိုဝင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ကျောက်ကပ်ဝေဒနာရှင် အသက်(၅၈)နှစ်ရှိ ဦးအောင်တင်ကြည်အား ပထမဆုံး ဆေးကြောကုသမှုပေးခဲ့ကြောင်း သိရသည်။

ယခင်က တာဝန်ယူခဲ့သည့် တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ကျောက်ကပ်ဆေးစက် ဝယ်ယူရေးအတွက် အကြံပြုချက်အရ တာချီလိတ်မြို့ရှိ မြင့်ဦးအောင်ကုမ္ပဏီမှ ဦးမြင့်ဦး(မုတ်ဆိတ်) မိသားစုက ကျပ်သိန်း (၁၀၀)၊ ဘုရင့်နောင်ပုဂ္ဂလိကဈေးနှင့် ဟိုတယ်တာချီလိတ်ပိုင်ရှင် ဦးထွန်းနေဦး မိသားစုက ကျပ်သိန်း(၅၀)၊ စိုင်းလောဝ်ဟိန်းနှင့် စိုင်းဝဏ္ဏ သတ္တုတူးဖော်ရေးကုမ္ပဏီတို့မှ ဦးတင်နွယ်မိသားစုက ကျပ်သိန်း(၅၀)၊ တော်ဝင်ဆီပန့်မှ ဦးကြည်မြင့် မိသားစုက ကျပ်(၁၀)သိန်း နှင့် အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း (ရောဂါရှာဖွေရေး စင်တာ)ပိုင်ရှင် ဦးတင်လှိုင် မိသားစုက ကျပ်(၁၀)သိန်း စုစုပေါင်း ကျပ်သိန်း(၂၂၀)အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် စုပေါင်း လှူဒါန်းခဲ့ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် တာဝန်ရှိသူများက လက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောက်ကပ်ဆေးစက်တပ်ဆင်ရန် လိုအပ်သော ရေသန့်စက်ဝယ်ယူရန် မြို့မိမြို့ဖများက အလှူငွေကျပ်သိန်း (၁၀၀)၊ လူနာစောင့်များ နားနေရန်အတွက် ငွေတောင်မင်းကုမ္ပဏီက ငွေကျပ် (၃၇၆၀၀၀၀) တန်ဖိုးရှိ ထိုင်ခုံရှည်(၄၀)လုံး၊ မြင့်ဦးအောင်ကုမ္ပဏီက ငွေကျပ် (၃၇၆၀၀၀၀) တန်ဖိုးရှိ ထိုင်ခုံရှည် (၄၀)လုံးတို့ကိုလည်း ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့က ထပ်မံ လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ Thein Shwe

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~