ပင်လောင်းမြို့သို့ ကျန်းမာရေးဌာနမှ စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးပြီး တွေ့ရှိမှုကို ထုတ်ပြန်ပေးမည်

ပင်လောင်းမြို့သို့ ကျန်းမာရေးဌာနမှ စစ်ဆေးရေးအဖွဲ့ သွားရောက် စစ်ဆေးပြီး တွေ့ရှိမှုကို ထုတ်ပြန်ပေးမည်
နိုဝငျဘာ 18, 2017
By Tachileik News Agency




ယင်းနောက် ညနေ (၂)နာရီခွဲခန့်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လွှဲအပ်ပို့ဆောင်ထားခဲ့ရာ ည (၇)နာရီ (၁၅)မိနစ်ခန့်တွင် သေဆုံးသွားခဲ့သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကာကွယ်ဆေး ဌာန၊ မှုခင်းဆရာဝန်ကြီးနှင့် သမားတော်ကြီးများပါဝင်သည့်အဖွဲ့ဖြင့် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ရင်ခွဲစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းတွင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၉) လ အထက်ကနေ (၁၅) နှစ်အောက် ကလေးများကို ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု အစီအစဉ်နှစ်ရပ်ဖြင့် အခမဲ့ထိုးနှံပေးနေခြင်းဖြစ်ပြီး ယခင်ကတည်းက အဆိုပါ ကာကွယ်ဆေးကို ပြင်ပတွင် မိမိတို့အစီအစဉ်ဖြင့် ထိုးနှံနေသူများလည်းရှိကြောင်း သိရသည်။



ယင်းတို့အနက် (၃၀) ရာခိုင်နှုန်း အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးများမှာ နာတာရှည် ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်ပွားခဲ့ကာ ဆေးရုံသို့ ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား သေဆုံးခဲ့သည့် ကလေးများလည်းရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ပုံမှန်အားဖြင့် အဆိုပါ ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးထားသည့် နေရာတွင် နီရဲခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်း၊ ကလေး အီနေခြင်း၊ အနည်းငယ်ဖျားခြင်း၊ ပျို့အန်မူးဝေခြင်းစသည့် မပြင်းထန်သည့် တုန့်ပြန်မှုများ ဖြစ်လေ့ရှိပြီး တစ်ရက်နှစ်ရက်အတွင်း အလိုအလျောက်ပျောက်ကင်းလေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၏ ဖြေကြားချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၉)လမှ (၁၅)နှစ်အရွယ် လကလေးများအား ထိုးနှံပေးနေသည့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Chendu Institute of Biological Products Co., ltd မှ ထုတ်လုပ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေး (WHO prequalified vaccine) ဖြစ်ကြောင်း သိရပြီး လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်ကတည်းက စကာ အသုံးပြု ထိုးနှံနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးအား ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း လက်ရှိ သုံးစွဲနေပြီး လူ သန်းပေါင်း (၄၀၀) ကျော်ကို ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။



ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကလေးများကို နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့ အထိလည်းကောင်း၊ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် အသက်(၉)လမှ (၅)နှစ်အထိကလေးများနှင့် ပထမ အကြိမ် ဆေးထိုးရန် ကျန်ရှိသောကလေးများကို ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ လည်းကောင်း၊ သွားလာရန် ခက်ခဲသော ဝေးလံခေါင်းပါးသည့် ဒေသများတွင် နိုဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့မှ သတ္တမတန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေ့တွင် သေဆုံးသွားမှုအား အမျိုးသားဓာတ်ခွဲခန်းတွင် စစ်ဆေးနေဆဲဖြစ်ပြီး ကျန်းမာရေးဌာနမှ စစ်ဆေးရေးအဖွဲ့က နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ပင်လောင်းမြို့၌ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန် မနက်ကို အမျိုးသားကာကွယ်ဆေးဌာနရယ်၊ ပြန်သူ့ကျန်းမာရေးဌာန၊ ကလေးအထူး ကုတွေရယ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က ကျန်းမာရေးဌာနကနေ ပင်လောင်းကို ဆင်းလာလိမ့်မယ်။ ဒီအဖွဲ့က လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ဓာတ်ခွဲစမ်းသပ်မှုအဖြေတွေနဲ့အတူ ထုတ်ပြန်မယ်လို့ သိရပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပင်လောင်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူတစ်ဦး နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်၌ ကာကွယ်ဆေးထိုးပြီး နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ခန့်တွင် ထမင်းစားပြီးနောက် မူးဝေလာသဖြင့် ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ညနေ (၂)နာရီခွဲခန့်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လွှဲအပ်ပို့ဆောင်ထားခဲ့ရာ ည (၇)နာရီ (၁၅)မိနစ်ခန့်တွင် သေဆုံးသွားခဲ့သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကာကွယ်ဆေး ဌာန၊ မှုခင်းဆရာဝန်ကြီးနှင့် သမားတော်ကြီးများပါဝင်သည့်အဖွဲ့ဖြင့် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ရင်ခွဲစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းတွင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၉) လ အထက်ကနေ (၁၅) နှစ်အောက် ကလေးများကို ကျောင်းအခြပြေုနှင့် ရပ်ရွာအခြပြေု အစီအစဉ်နှစ်ရပ်ဖြင့် အခမဲ့ထိုးနှံပေးနခြေင်းဖြစ်ပြီး ယခင်ကတည်းက အဆိုပါ ကာကွယ်ဆေးကို ပြင်ပတွင် မိမိတို့အစီအစဉ်ဖြင့် ထိုးနှံနေသူများလည်းရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၁၆)ရက်နေ့အထိ စုစုပေါင်းကလေး (၃.၅) သန်းကျော်အား ထိုးနှံပေးခဲ့ပြီး ပြင်းထန်သည့် နောက်ဆက်တွဲ လက္ခဏာကို တွေ့ရှိထားခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုမှာ ဆေးရုံသို့ ရောက်လာသည့် သံသယ ဦးနှောက်ရောင် ရောဂါရှိသူတွေကို ဓာတ်ခွဲစစ်ဆေးကြည့်သည့် ရလဒ်များအရ ၂၀၁၆ ခုနှစ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါပိုး တွေ့ရှိသူ (၃၉၃) ဦးရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူမှာ (၃၀၆)ဦး ရှိခဲ့ကြောင်း သိရသည်။

ယင်းတို့အနက် (၃၀) ရာခိုင်နှုန်း အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးများမှာ နာတာရှည် ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်ပွားခဲ့ကာ ဆေးရုံသို့ ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား သေဆုံးခဲ့သည့် ကလေးများလည်းရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ပုံမှန်အားဖြင့် အဆိုပါ ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးထားသည့် နေရာတွင် နီရဲခြင်း၊ နာခြင်း၊ ရောင်ရမ်းခြင်း၊ ကလေး အီနခြေင်း၊ အနည်းငယ်ဖျားခြင်း၊ ပျို့အန်မူးဝခြေင်းစသည့် မပြင်းထန်သည့် တုန့်ပြန်မှုများ ဖြစ်လေ့ရှိပြီး တစ်ရက်နှစ်ရက်အတွင်း အလိုအလျောက်ပျောက်ကင်းလေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများ၏ ဖြကြေားချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၉)လမှ (၁၅)နှစ်အရွယ် လကလေးများအား ထိုးနှံပေးနေသည့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Chendu Institute of Biological Products Co., ltd မှ ထုတ်လုပ်သည့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေး (WHO prequalified vaccine) ဖြစ်ကြောင်း သိရပြီး လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်ကတည်းက စကာ အသုံးပြု ထိုးနှံနခြေင်းဖြစ်ကြောင်း သိရသည်။

လက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးအား ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း လက်ရှိ သုံးစွဲနပြေီး လူ သန်းပေါင်း (၄၀၀) ကျော်ကို ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (SA 14-14-2, Live JEV) ကို ယခင်အကြိမ် ထိုးနှံခဲ့စဉ်က ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာ (သို့မဟုတ်) ပြင်းထန်သည့် ဓာတ်မတည့်ခြင်းများ ဖြစ်ပွားဖူးသူများ၊ ကာကွယ်ဆေးတွင် ပါဝင်ပစ္စည်းတစ်မျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) နှင့် ပြင်းထန်သောဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ၊ ကိုယ်ဝန်ဆောင်များကို ထိုးနှံပေးခြင်းမပြုကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးမည့် ကလေးများတွင် လက်ရှိဖျားနေသည့် ကလေးများ၊ လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေသည့် ကလေးများ၊ တီဘီရောဂါ အတွက် ဆေးသောက်နေဆဲ (၂) လမကျော်သူများ၊ နားအလယ်ခန်းရောင်ရမ်းခြင်း ဝေဒနာခံစားနေရသည့် ကလေးများ၊ Prednisolone (သို့) Hydrocortisone Steriods ဆေးတွေကို သောက်သုံး၊ ထိုးနှံနေရသော ကလေးများ၊ မွေးရာပါ (သို့မဟုတ်) ရောဂါကြောင့် (သို့မဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ် ကျဆင်းနေသူများ၊ AIDS ရောဂါလက္ခဏာများ ပေါ်ပေါက်သည်အထိ ခံစားနေရသူများ၊ ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါ မကြာခဏဖြစ်နေသူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများရှိပါက ဆရာဝန်၏ အကြံပြုချက်ရယူကာ ရက်ရွှေ့ဆိုင်းထိုးနှံသင့်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများက အကြံပြုထားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ကျောင်းအခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကလေးများကို နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့အထိလည်းကောင်း၊ ပြည်သူလူထု အခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် အသက်(၉)လမှ (၅)နှစ်အထိကလေးများနှင့် ပထမ အကြိမ် ဆေးထိုးရန် ကျန်ရှိသောကလေးများကို ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ လည်းကောင်း၊ သွားလာရန် ခက်ခဲသောေဝးလံခေါင်းပါးသည့် ဒေသများတွင် နို်ဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ လည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~