(ဃ) လိုင်စင်မရသေးသည့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ အတွက် (ဟ) ယာဉ်မောင်းလိုင်စင် ထုတ်ပေးနေ

(ဃ) လိုင်စင်မရသေးသည့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ အတွက် (ဟ) ယာဉ်မောင်းလိုင်စင် ထုတ်ပေးနေ
နိုဝငျဘာ 29, 2017
By Tachileik News Agency



လိုင်စင်လျှောက်ထားလိုသူ အနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၊ (သ)လိုင်စင် (သို့မဟုတ်) (က)လိုင်စင် သက်တမ်း(၃)လ ရှိရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်း(၁)ရက် တက်ရောက်ကာ စစ်ဆေးမှုအောင်မြင်ပါက သက်တမ်း (၅)နှစ်ပေးထားသည့် (ဟ)ယာဉ်မောင်းလိုင်စင်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင်လည်း သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအတွက် (ဟ) ယာဉ်မောင်းလိုင်စင်ကို နိုဝင်ဘာလ (၁၅)ရက်နေ့က စတင်ဆောင်ရွက်ပေးနေသော်လည်း နိုဝင်ဘာလနောက်ဆုံးပတ်အထိ လျှောက်ထားသူမရှိသဖြင့် (ဟ)လိုင်စင်အကြောင်း အသိပေးသည့် ဗီနိုင်းများဖြန့်ဝေခြင်း လုပ်ဆောင် နေကြောင်း သိရသည်။


သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ လိုင်စင်အခက်အခဲမဖြစ်စေရန် ဖြေလျှော့ပေးသည့်အစီအစဉ်အဖြစ် (သ)လိုင်စင် (သို့မဟုတ်) (က)လိုင်စင် သက်တမ်း(၃)လရှိပြီးသူများအား (၅)နှစ်သက်တမ်းရှိသည့် (ဟ)လိုင်စင်ကို နိုဝင်ဘာလ (၁၅)ရက်နေ့မှစတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများတွင် ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

အသေးစား အငှါးယာဉ်မောင်းနှင်ခွင့် (ဃ) လိုင်စင်မရရှိသေးသည့် သုံးဘီးဆိုင်ကယ် မောင်းနှင်သူများ အတွက် သက်တမ်း (၅)နှစ် ခွင့်ပြုပေးထားသည့် (ဟ)ယာဉ်မောင်းလိုင်စင်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် နိုဝင်ဘာလ (၁၅)ရက်နေ့မှ စတင်ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။

“အရင်တုန်းကတော့ သုံးဘီးမောင်းသူတွေကို အသေးစား အငှါးယာဉ်တွေ မောင်းလို့ရတဲ့ (ဃ)လိုင်စင် ရှိရင် မောင်းခွင့်ပြုတယ်လို့ ပြောထားပေမဲ့ (ဃ)ဆိုတာက (ခ)လိုင်စင် (၃)နှစ်ပြည့်မှရမှာဆိုတော့ သုံးဘီးမောင်းတဲ့ လူတွေက အဲဒီ(ဃ)လိုင်စင်ရဖို့က ခက်တယ်လေ။ သုံးဘီးယာဉ်မောင်း တော်တော် များများက ကားမောင်းလို့ရတဲ့ (ခ)လိုင်စင်တောင် မရှိကြဘူး။ သူတို့မှာရှိတာက ဆိုင်ကယ်မောင်းတဲ့ (က)လိုင်စင်ပဲရှိကြတယ်။ ဒါကြောင့် ပြန်လည် ပြင်ဆင်ပြီးတော့ အခုလို (ဟ)လိုင်စင်သတ်မှတ်တာဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကျိုင်းတုံခရိုင် ဒုတိယဦးစီးမှူး ဦးသိန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လိုင်စင်လျှောက်ထားလိုသူ အနဖြေင့် အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ မြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၊ (သ)လိုင်စင် (သို့မဟုတ်) (က)လိုင်စင် သက်တမ်း(၃)လ ရှိရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်း(၁)ရက် တက်ရောက်ကာ စစ်ဆေးမှုအောင်မြင်ပါက သက်တမ်း (၅)နှစ်ပေးထားသည့် (ဟ)ယာဉ်မောင်းလိုင်စင်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

“သုံးဘီးဆိုင်ကယ်မောင်းသူတွေကို (ဟ)လိုင်စင်သတ်မှတ်ပြီးတော့ မောင်းခွင့်ပေးတယ်ဆိုပြီးတော့ ရုံးချုပ်က ညွှန်ကြားစာထွက်ထားပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ သုံးဘီးမော်တော်ဆိုင်ကယ် မောင်းသူတွေအတွက်ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ (ဟ)ယာဉ်မောင်းလိုင်စင်တွေကို ဒီလ(၁၅)ရက်နေ့ကစပြီး ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပေမဲ့ လက်ရှိအချိန်ထိတော့ လာလုပ်တဲ့လူ မရှိသေးပါဘူး”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကျိုင်းတုံခရိုင် ဒုတိယဦးစီးမှူး ဦးသိန်းဝင်းက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် ကျိုင်းတုံခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင်လည်း သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအတွက် (ဟ) ယာဉ်မောင်းလိုင်စင်ကို နိုဝင်ဘာလ (၁၅)ရက်နေ့က စတင်ဆောင်ရွက်ပေးနေသော်လည်း နိုဝင်ဘာလနောက်ဆုံးပတ်အထိ လျှောက်ထားသူမရှိသဖြင့် (ဟ)လိုင်စင်အကြောင်း အသိပေးသည့် ဗီနိုင်းများဖြန့်ဝခြေင်း လုပ်ဆောင် နေကြောင်း သိရသည်။

“တာချီလိတ်မှာလည်း သုံးဘီးဆိုင်ကယ်မောင်းတဲ့သူတွေအတွက် (ဟ)ယာဉ်မောင်းလိုင်စင်ကို လုပ်ပေးပါတယ်။ ဒီလိုင်စင်လုပ်ပေးဖို့ ညွှန်ကြားလာတာကလည်း သိပ်မကြာသေးပါဘူး”ဟု တာချီလိတ်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ လိုင်စင်အခက်အခဲမဖြစ်စေရန် ဖြေလျှော့ပေးသည့်အစီအစဉ်အဖြစ် (သ)လိုင်စင် (သို့မဟုတ်) (က)လိုင်စင် သက်တမ်း(၃)လရှိပြီးသူများအား (၅)နှစ်သက်တမ်းရှိသည့် (ဟ)လိုင်စင်ကို နိုဝင်ဘာလ (၁၅)ရက်နေ့မှစတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများတွင် ထုတ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~