ေက်ာက္မဲတိုးဂိတ္တြင္ အိမ္စီးကားျဖင့္ သယ္လာသည့္ ေက်ာက္စိမ္းအရြယ္စံု ၅၆၁ တံုးအား ဖမ္းဆီးရမိ

ေက်ာက္မဲတိုးဂိတ္တြင္ အိမ္စီးကားျဖင့္ သယ္လာသည့္ ေက်ာက္စိမ္းအရြယ္စံု ၅၆၁ တံုးအား ဖမ္းဆီးရမိ
နိုဝင်ဘာ 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ Oriental Highway တိုးဂိတ္တြင္ ေက်ာက္စိမ္းဟု ယူဆရသည့္ အရြယ္စံု ေက်ာက္တံုး(၅၆၁)တံုးအား လွ်ိဳ႕ဝွက္သယ္ေဆာင္လာသည့္ အိမ္စီးကားတစ္စီးကို ႏိုဝင္ဘာလ (၁၂)ရက္ေန႔ ေန႔လယ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္ ႏွင့္ တပ္ဖြဲ႔ဝင္မ်ား ႏွင့္ သက္ဆိုင္ရာမ်ား ပါဝင္သည့္အဖြဲ႔ျဖင့္ ေက်ာက္မဲၿမိဳ႕ရွိ အိုရီယမ္တယ္ဟိုင္းေဝး တိုးဂိတ္အနီးတြင္ သတင္းအရ ႀကိဳတင္ေစာင့္ဆိုင္းေနစဥ္ ေနာင္ခ်ိဳဘက္မွ လားရိႈးဘက္သို႔ ေမာင္းႏွင္လာသည့္ အိမ္စီးကား တစ္စီးအား ႏုိဝင္ဘာလ (၁၂) ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲခန္႔က ရွာေဖြစစ္ေဆးရာ ယာဥ္၏ စက္ခန္း အင္ဂ်င္ေရွ႕ႏွင့္ ယာဥ္ေနာက္ခန္း ထိုင္ခံုမ်ားေအာက္တြင္ ဆာလာအိတ္မ်ားျဖင့္ထည့္ထားသည့္ တိပ္အဝါ ပတ္ထားေသာ ေက်ာက္တံုးမ်ားအား စစ္ေဆးေတြ႔ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အသိသက္ေသမ်ားျဖင့္ ရွာေဖြစစ္ေဆးရာတြင္ ေက်ာက္စိမ္းတံုးမ်ားဟု ယူဆရသည့္ တိပ္ အဝါပတ္ထားေသာ အရြယ္စံု ေက်ာက္တံုး (၅၆၁)တံုး စုစုေပါင္း အေလးခ်ိန္ (၅၄၂.၄) ကီလိုဂရမ္ႏွင့္အတူ ယာဥ္ေမာင္းႏွင္လာသည့္ စိုးရန္ႏိုင္ဦးအား ဖမ္းဆီးထားေၾကာင္း သိရသည္။

ေက်ာက္မ်က္ရတနာမ်ားအား တရားမဝင္ ေရာင္းဝယ္ရန္အလို႔ငွာ လက္ဝယ္ထားရွိ သယ္ေဆာင္သူ စိုင္းရန္ႏိုင္ဦးအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္(ပ)၄၁၁/ ၂၀၁၇၊ ၁၉၉၅ ခုႏွစ္ ျမန္မာ့ေက်ာက္မ်က္ ရတနာ ဥပေဒပုဒ္မ (၄၂-က) အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ Oriental Highway တိုးဂိတ်တွင် ကျောက်စိမ်းဟု ယူဆရသည့် အရွယ်စုံ ကျောက်တုံး(၅၆၁)တုံးအား လျှို့ဝှက်သယ်ဆောင်လာသည့် အိမ်စီးကားတစ်စီးကို နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်က ဖမ်းဆီးရမိကြောင်း သိရသည်။

ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် နှင့် တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာများ ပါဝင်သည့်အဖွဲ့ဖြင့် ကျောက်မဲမြို့ရှိ အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်အနီးတွင် သတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် နောင်ချိုဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် အိမ်စီးကား တစ်စီးအား နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်က ရှာဖွေစစ်ဆေးရာ ယာဉ်၏ စက်ခန်း အင်ဂျင်ရှေ့နှင့် ယာဉ်နောက်ခန်း ထိုင်ခုံများအောက်တွင် ဆာလာအိတ်များဖြင့်ထည့်ထားသည့် တိပ်အဝါ ပတ်ထားသော ကျောက်တုံးများအား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသိသက်သေများဖြင့် ရှာဖွေစစ်ဆေးရာတွင် ကျောက်စိမ်းတုံးများဟု ယူဆရသည့် တိပ် အဝါပတ်ထားသော အရွယ်စုံ ကျောက်တုံး (၅၆၁)တုံး စုစုပေါင်း အလေးချိန် (၅၄၂.၄) ကီလိုဂရမ်နှင့်အတူ ယာဉ်မောင်းနှင်လာသည့် စိုးရန်နိုင်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

ကျောက်မျက်ရတနာများအား တရားမဝင် ရောင်းဝယ်ရန်အလို့ငှါ လက်ဝယ်ထားရှိ သယ်ဆောင်သူ စိုင်းရန်နိုင်ဦးအား ကျောက်မဲမြို့မရဲစခန်းတွင်(ပ)၄၁၁/ ၂၀၁၇၊ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာ ဥပဒေပုဒ်မ (၄၂-က) အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~