ကႏၵာရဝတီ အထိမ္းအမွတ္ ဥယ်ာဥ္ ေျမငွားရမ္းခ ေပးေခ်ရန္ပ်က္ကြက္ေသာေၾကာင့္ ကုမၸဏီအား စည္ပင္က တရားစြဲဆိုမည္

ကႏၵာရဝတီ အထိမ္းအမွတ္ ဥယ်ာဥ္ ေျမငွားရမ္းခ ေပးေခ်ရန္ပ်က္ကြက္ေသာေၾကာင့္ ကုမၸဏီအား စည္ပင္က တရားစြဲဆိုမည္
နိုဝင်ဘာ 18, 2017
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ေနာင္ယား (က)ရပ္ကြက္အတြင္း ေနာင္ယားကန္ေဘး႐ွိ ကႏၵာရဝတီ အထိမ္းအမွတ္ ဥယ်ာဥ္တြင္ လုပ္ငန္းလုပ္ကိုင္ခြင့္ရ႐ွိထားေသာ ေကာင္းစစ္ပိုင္ကုမၸဏီက ငွားရမ္းခ၊ အသုံးျပဳခ ေပးသြင္းျခင္း မ႐ွိေသာေၾကာင့္ ကယားျပည္နယ္စည္ပင္သာယာေရးအဖြဲ႔က တရားစြဲဆို ေဆာင္ရြက္သြားရန္ ျပင္ဆင္ၿပီးျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ကႏၵာရဝတီ အထိမ္းအမွတ္ဥယ်ာဥ္အား လုပ္ငန္းလုပ္ေဆာင္ခြင့္ႏွင့္ပတ္သက္၍ ကယားျပည္နယ္ အစိုးရႏွင့္ ေကာင္းစစ္ပိုင္ကုမၸဏီတို႔ မူလႏွစ္ဦးသေဘာတူစာခ်ဳပ္အရ (၁.၄.၂၀၁၆)မွ (၃၁.၄.၂၀၁၇)ထိ ေျမငွားရမ္းခတစ္လ လွ်င္ ေျခာက္သိန္းက်ပ္ႏႈန္းျဖင့္ ေျခာက္လစာ ေငြက်ပ္ သုံးဆယ့္ေျခာက္သိန္းအား ေပးသြင္းထားခဲ့ေသာ္လည္း (၁.၈.၂၀၁၆)ရက္ေန႔မွ ယေန႔ထိ ေျမငွားရမ္းခ ထပ္မံ ေပးသြင္းျခင္း မ႐ွိျခင္းေၾကာင့္ တရားစြဲဆို ေဆာင္ရြက္သြားရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း ကယားျပည္နယ္ စည္ပင္သာယာေရးႏွင့္ လူမႈေရးဝန္ႀကီး ေဒါက္တာ ေအာင္ေက်ာ္ေဌး ကေျပာသည္။

"ေျမငွားရမ္းခ ထပ္မံေပးသြင္းခဲ့ျခင္း မ႐ွိတဲ့အတြက္ေၾကာင့္ ကယားျပည္နယ္ အစိုးရအဖြဲ႔ရဲ႕ ကိုယ္စား လိြဳင္ေကာ္ၿမိဳ႕နယ္ စည္ပင္သာယာေရး အဖြဲ႔မွ တရားလိုျပဳလုပ္၍ တရားစြဲဆို ေဆာင္ရြက္ႏိုင္ေရးအတြက္ (၂၀.၆.၂၀၁၇)ရက္စြဲပါ စာကို ကယားျပည္နယ္အစိုးရအဖြဲ႔သို႔ တင္ျပထားၿပီး ျဖစ္ပါေၾကာင္း ႐ွင္းလင္းေျဖၾကားအပ္ပါတယ္ "ဟု ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ အ႒မပုံမွန္အစည္းေဝး တြင္ ကယားျပည္နယ္ စည္ပင္သာယာေရးႏွင့္ လူမႈေရးဝန္ႀကီး ေဒါက္တာ ေအာင္ေက်ာ္ေဌး က ေျဖၾကားခဲ့သည္။

မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက အဆိုပါ ကႏၵာရဝတီ အထိမ္းအမွတ္ဥယ်ာဥ္အား ေျမငွားရမ္းထားရာတြင္ ေျမငွားရမ္းခ က်န္႐ွိေနျခင္းမ်ားကို မည္ကဲ့သို႔ ေဆာင္ရြက္ထားေၾကာင္း လႊတ္ေတာ္တြင္ ေမးျမန္းခဲ့သည့္အေပၚ ယင္းကဲ့သို႔ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ကႏၵာရဝတီ အထိမ္းအမွတ္ဥယ်ာဥ္ ကယားျပည္နယ္ အစိုးရမွ ျပည္နယ္ စည္ပင္သာယာ ေရးအဖြဲ႔သို႔ (၂၇.၇.၂၀၁၆)ရက္ေန႔တြင္ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ေနာက္ သက္ဆိုင္သည့္ ၿမိဳ႕နယ္ စည္ပင္သာယာေရး အဖြဲ႔သို႔ တစ္ဆင့္ လႊဲေျပာင္း ေပးခဲ့ျခင္း ျဖစ္ၿပီး အဆိုပါလြဲေျပာင္း မႈမ်ား မျပဳလုပ္မီက ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တာဝန္ယူလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့၊ နောင်ယား (က)ရပ်ကွက်အတွင်း နောင်ယားကန်ဘေးရှိ ကန္ဒါရဝတီ အထိမ်းအမှတ် ဥယျာဉ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသော ကောင်းစစ်ပိုင်ကုမ္ပဏီက ငှါးရမ်းခ၊ အသုံးပြုခ ပေးသွင်းခြင်း မရှိသောကြောင့် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့က တရားစွဲဆို ဆောင်ရွက်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါ ကန္ဒါရဝတီ အထိမ်းအမှတ်ဥယျာဉ်အား လုပ်ငန်းလုပ်ဆောင်ခွင့်နှင့်ပတ်သက်၍ ကယားပြည်နယ် အစိုးရနှင့် ကောင်းစစ်ပိုင်ကုမ္ပဏီတို့ မူလနှစ်ဦးသဘောတူစာချုပ်အရ (၁.၄.၂၀၁၆)မှ (၃၁.၄.၂၀၁၇)ထိ မြေငှါးရမ်းခတစ်လ လျှင် ခြောက်သိန်းကျပ်နှုန်းဖြင့် ခြောက်လစာ ငွေကျပ် သုံးဆယ့်ခြောက်သိန်းအား ပေးသွင်းထားခဲ့သော်လည်း (၁.၈.၂၀၁၆)ရက်နေ့မှ ယနေ့ထိ မြေငှါးရမ်းခ ထပ်မံ ပေးသွင်းခြင်း မရှိခြင်းကြောင့် တရားစွဲဆို ဆောင်ရွက်သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး ကပြောသည်။

"မြေငှါးရမ်းခ ထပ်မံပေးသွင်းခဲ့ခြင်း မရှိတဲ့အတွက်ကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့ရဲ့ ကိုယ်စား လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တရားလိုပြုလုပ်၍ တရားစွဲဆို ဆောင်ရွက်နိုင်ရေးအတွက် (၂၀.၆.၂၀၁၇)ရက်စွဲပါ စာကို ကယားပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြကြေားအပ်ပါတယ် "ဟု ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းဝေး တွင် ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က ဖြကြေားခဲ့သည်။

မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အဆိုပါ ကန္ဒါရဝတီ အထိမ်းအမှတ်ဥယျာဉ်အား မြေငှါးရမ်းထားရာတွင် မြေငှါးရမ်းခ ကျန်ရှိနခြေင်းများကို မည်ကဲ့သို့ ဆောင်ရွက်ထားကြောင်း လွှတ်တော်တွင် မေးမြန်းခဲ့သည့်အပေါ် ယင်းကဲ့သို့ဖြကြေားခဲ့ခြင်းဖြစ်သည်။

ကန္ဒါရဝတီ အထိမ်းအမှတ်ဥယျာဉ် ကယားပြည်နယ် အစိုးရမှ ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့သို့ (၂၇.၇.၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက် သက်ဆိုင်သည့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့သို့ တစ်ဆင့် လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါလွဲပြောင်း မှုများ မပြုလုပ်မီက ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~