ၾကားျဖတ္ေရြးေကာက္ပြဲ၌ က်ိဳင္းတံု မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုး၏ အယူခံလႊာကို ႏိုဝင္ဘာ ၂၂ ရက္တြင္ အၿပီးသတ္အမိန္႔ေၾကညာမည္

ၾကားျဖတ္ေရြးေကာက္ပြဲ၌ က်ိဳင္းတံု မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုး၏ အယူခံလႊာကို ႏိုဝင္ဘာ ၂၂ ရက္တြင္ အၿပီးသတ္အမိန္႔ေၾကညာမည္
နိုဝင်ဘာ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုး၏ အယူခံလႊာအား ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ႏို၀င္ဘာလ (၂၂)ရက္ေန ့တြင္ အၿပီးသတ္ အမိန္ ့ေၾကညာမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ကေနၿပီးေတာ့ တစ္ဖက္ကို ကန္႔ကြက္ေၾကာင္း ေလွ်ာက္ထားခဲ့တဲ့အေပၚမွာ ေရြးေကာက္ပြဲ ေကာ္မရွင္ကေနၿပီးေတာ့ ပလပ္ေၾကာင္း ဆုံးျဖတ္ခဲ့တယ္။ ဒါေပမဲ့ သူတို ့ရဲ႕ စီရင္ခ်က္ေတြက နည္းနည္းလြဲေနတယ္။ ဒါေၾကာင့့္ ကၽြန္ေတာ္က ဥပေဒေၾကာင္းအရ အယူခံျပန္တင္ထားတာပါ။ အဲဒီအယူခံအေပၚ ေကာ္မရွင္က လာမယ့္ (၂၂)ရက္ေန ့မွာ အမိန္ ့ခ်မွာျဖစ္ပါတယ္"ဟု ေဒါက္တာ၀ဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ေျပာသည္။

အဆိုပါ အမႈကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးလွသိန္းက ဥကၠဌအျဖစ္ေဆာင္ရြက္၍ အဖြဲ ့၀င္မ်ားျဖစ္ၾကသည့္ ဦးေအာင္ျမင့္၊ ဦးစိုးရယ္၊ ဦးထြန္းခင္၊ ဦးလွတင့္၊ ဦးျမင့္ႏိုင္ႏွင့္ ဦးသန္းလွတို ့ ပါ၀င္သည့္ စုံညီခုံရုံးေရွ ့ေမွာက္တြင္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္မ်ားႏွင့္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရုံးမွ ရုံးေတာ္သဟာယ၏ ဥပေဒအၾကံျပဳခ်က္မ်ားကို ၾကားနာၿပီး အၿပီးသတ္ အမိန္ ့ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုးႏွင့္ ယင္းမဲဆႏၵနယ္မွ ေရြးေကာက္တင္ေျမႇာက္ခံရသူ ဦးရွာေမြလရွဲန္တို႔၏ ကန္႔ကြက္လႊာႏွင့္ တန္ျပန္ကန္႔ကြက္လႊာမ်ားအား ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ေရြးေကာက္ပြဲခံုအဖြဲ႕က စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ ပလပ္လုိက္ၿပီးေနာက္ ေဒါက္တာဝဏၰစိုးက အယူခံလႊာတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ေဒါက္တာဝဏၰစိုးက အဆိုပါမဲဆႏၵနယ္တြင္ ေရြးေကာက္တင္ေျမႇာက္ခံရသူ ျပည္ေထာင္စုႀကံ႕ခုိင္ေရးနွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ဦးရွာေမြလရွဲန္အေပၚ တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ေရြး/ေကာ္ကပြဲဥပေဒပုဒ္မ ၆၇၊ ၆၈ အရ ကန္႔ကြက္ေလွ်ာက္ထားမႈကို ေရြးေကာက္ပြဲ ကန္႔ကြက္လႊာအမႈအမွတ္ (၄/၂၀၁၇)ျဖင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က လက္ခံခဲ့ၿပီး ေလွ်ာက္ထားခံရသူ ဦးရွာေမြလရွဲန္ကလည္း တုိင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲနည္းဥပေဒ ၉၃ အရ တန္ျပန္ကန္႔ကြက္လႊာ တင္သြင္းခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးစိုးရယ္ ဥကၠဌအျဖစ္ ေဆာင္ရြက္၍ ခံုအဖြဲ႕ဝင္မ်ားအျဖစ္ ဦးခင္ေမာင္သန္းႏွင့္ ဦးသန္းဝင္းတို႔ပါဝင္သည့္ ေရြးေကာက္ပြဲခံုအဖြဲ႕(၁)က ၾကားနာစစ္ေဆးၿပီး ေလွ်ာက္ထားသူ ေဒါက္တာဝဏၰစိုး၏ ကန္႔ကြက္လႊာႏွင့္ ဦးရွာေမြလရွဲန္၏ တန္ျပန္ကန္႔ကြက္လႊာတို႔ကို ပလပ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္၊ က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ဦးရွာေမြလရွဲန္အား ေရြးေကာက္တင္ေျမႇာက္ျခင္းသည္ တရားဝင္ အတည္ျဖစ္ေၾကာင္း စက္တင္ဘာလ (၂၂)ရက္ေန႔က အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုး၏ အယူခံလွှာအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ (၂၂)ရက်နေ့တွင် အပြီးသတ် အမိန့်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကနပြေီးတော့ တစ်ဖက်ကို ကန့်ကွက်ကြောင်း လျှောက်ထားခဲ့တဲ့အပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်ကနပြေီးတော့ ပလပ်ကြောင်း ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ စီရင်ချက်တွေက နည်းနည်းလွဲနေတယ်။ ဒါကြောင့် ကျွန်တော်က ဥပဒေကြောင်းအရ အယူခံပြန်တင်ထားတာပါ။ အဲဒီအယူခံအပေါ် ကော်မရှင်က လာမယ့် (၂၂)ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်"ဟု ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ အမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက ဥက္ကဌအဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်နှင့် ဦးသန်းလှတို့ ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံပြုချက်များကို ကြားနာပြီး အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးနှင့် ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဦးရှာမွေလရှဲန်တို့၏ ကန့်ကွက်လွှာနှင့် တန်ပြန်ကန့်ကွက်လွှာများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က စက်တင်ဘာလ (၂၂)ရက်နေ့တွင် ပလပ်လိုက်ပြီးနောက် ဒေါက်တာဝဏ္ဏစိုးက အယူခံလွှာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးက အဆိုပါမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရှဲန်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး/ကော်ကပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက်လျှောက်ထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်သန်းနှင့် ဦးသန်းဝင်းတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီး လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုး၏ ကန့်ကွက်လွှာနှင့် ဦးရှာမွေလရှဲန်၏ တန်ပြန်ကန့်ကွက်လွှာတို့ကို ပလပ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဦးရှာမွေလရှဲန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၂)ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~