မေကြးၿမိဳ႕ရွိ ၿမိဳ႕ပတ္လမ္းတြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

မေကြးၿမိဳ႕ရွိ ၿမိဳ႕ပတ္လမ္းတြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 7, 2017
By Tachileik News Agency

မူးယစ္ေဆး၀ါးမ်ား ေရာင္းခ်ရန္ လက္၀ယ္ထားရွိသူ အမ်ဳိးသမီးတစ္ဦးအား ႏို၀င္ဘာလ(၇)ရက္ေန႔တြင္ ဖမ္းဆီးရမိသည့္အတြက္ မေကြးၿမိဳ႕နယ္ေျမရဲစခန္း၌ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

"သတင္းအရ ဖမ္းဆီးရမိခဲ့တဲ့အတြက္ နယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားၿပီး ကြ်န္ေတာ္က အမႈစစ္တာဝန္ယူ စစ္ေဆးေဆာင္ရြက္လွ်က္ရွိပါတယ္" ဟု နယ္ေျမရဲစခန္းမွဴး ရဲအုပ္ေက်ာ္ထူး က တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

မူးယစ္တပ္ဖြဲ႔စု (၁၅)မေကြးမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ မူးယစ္ေဆး၀ါး သတင္းအရ မေကြးၿမိဳ႕ ရန္ႏိုင္ရပ္ကြက္ ၿမိဳ႕ပတ္လမ္းရွိ "ေမတၱာရွင္" စားေသာက္ဆုိင္ ေရွ႕တြင္ ေတာင္တြင္းႀကီးၿမိဳ႕ေန အသက္(၅၈) နွစ္အရြယ္ ေဒၚသီတာေအးအား သက္ေသမ်ားနွင့္အတူ ရွာေဖြရာ သူမထံမွ  WY စာတန္းပ စိတ္ၾကြေဆးျပား  (၃၇၂) ျပားအား SAMSUNG အမ်ိဳးအစား အျဖဴေရာင္လက္ကုိင္ဖုန္းတစ္လံုးနွင့္အတူ ေတြ႔ရွိသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သတ္၍ ေဒၚသီတာေအးအား အေရးယူေပးပါရန္ ရဲအုပ္ထြန္းထြန္းဦးက တရား လိုျပဳလုပ္တုိင္တန္းခဲ့သျဖင့္ မူးယစ္(ပ)၅/၂၀၁၇ မူးယစ္ေဆးဝါးနွင့္စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆုိင္ရာ ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၀(က) ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း မေကြးၿမိဳ႕နယ္ ေျမရဲစခန္းမွ သိရွိရသည္။

သတင္း - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~
မူးယစ်ဆေးဝါးများ ရောင်းချရန် လက်ဝယ်ထားရှိသူ အမျိုးသမီးတစ်ဦးအား နိုဝင်ဘာလ(၇)ရက်နေ့တွင် ဖမ်းဆီးရမိသည့်အတွက် မကွေးမြို့နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

"သတင်းအရ ဖမ်းဆီးရမိခဲ့တဲ့အတွက် နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး ကျွန်တော်က အမှုစစ်တာဝန်ယူ စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ်" ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ထူး က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

မူးယစ်တပ်ဖွဲ့စု (၁၅)မကွေးမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ မကွေးမြို့ ရန်နိုင်ရပ်ကွက် မြို့ပတ်လမ်းရှိ "မေတ္တာရှင်" စားသောက်ဆိုင် ရှေ့တွင် တောင်တွင်းကြီးမြို့နေ အသက်(၅၈) နှစ်အရွယ် ဒေါ်သီတာအေးအား သက်သေများနှင့်အတူ ရှာဖွေရာ သူမထံမှ WY စာတန်းပ စိတ်ကြွဆေးပြား (၃၇၂) ပြားအား SAMSUNG အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဒေါ်သီတာအေးအား အရေးယူပေးပါရန် ရဲအုပ်ထွန်းထွန်းဦးက တရား လိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မူးယစ်(ပ)၅/၂၀၁၇ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် မြေရဲစခန်းမှ သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~