ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ေငြေတာင္ဆည္ေဘာင္ေပၚမွ ကားတစ္စီးထိုးက်တိမ္းေမွာက္၍ ယာဥ္ေမာင္းအမ်ိဳးသမီး ဒဏ္ရာျပင္းထန္စြာရရိွ

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ေငြေတာင္ဆည္ေဘာင္ေပၚမွ ကားတစ္စီးထိုးက်တိမ္းေမွာက္၍ ယာဥ္ေမာင္းအမ်ိဳးသမီး ဒဏ္ရာျပင္းထန္စြာရရိွ
နိုဝင်ဘာ 6, 2017
By Tachileik News Agency

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ႏိုဝင္ဘာလ (၆) ရက္ေန႔ နံနက္ (၁)နာရီမတုိင္မီက ေမာ္ေတာ္ယာဥ္ငယ္တစ္စီး ေငြေတာင္ဆည္ေဘာင္ေအာက္သို႔ ထိုးက်တိမ္းေမွာက္သြားသျဖင့္ ယာဥ္ေမာင္း အမ်ိဳးသမီးမွာ အတြင္းလူနုာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္ေၾကာင္းသတင္းအရ ဒီးေမာ့ဆို ၿမိဳ႕မရဲစခန္းမွ တာဝန္႐ွိသူမ်ားႏွင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ပါဝင္သည့္အဖြဲ႔က သြားေရာက္စစ္ေဆးရာ လိြဳင္ေကာ္ၿမိဳ႕ဘက္မွ ဒီးေမာ့ဆိုၿမိဳ႕ဘက္သို႔ မသြယ္သြယ္ဝင္း တစ္ဦးတည္း ေမာင္းႏွင္လာေသာ Honda Fit အမ်ိဳးအစား လိုင္စင္စိစစ္ဆဲယာဥ္မွာ မိုင္တိုင္အမွတ္ (၁၂၀/၇ )ႏွင့္ (၁၂၁/၀) ၾကား အေရာက္တြင္ ေငြေတာင္ဆည္ေဘာင္ေပၚမွ ထိုးက်တိမ္းေမွာက္ေနသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ဒဏ္ရာရထားသည့္ ယာဥ္ေမာင္းအမ်ိဳးသမီးမွာ ဒဏ္ရာျပင္းထန္သျဖင့္ ဒီးေမာ့ဆိုျပည္သူ႔ေဆး႐ုံမွတစ္ဆင့္ ရဲေဆးစာျဖင့္ လိြဳင္ေကာ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေဒၚသြယ္သြယ္ဝင္းအား ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ)၂၇/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၃၇/၃၃၈ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓာတ္ပံု #ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် နိုဝင်ဘာလ (၆) ရက်နေ့ နံနက် (၁)နာရီမတိုင်မီက မော်တော်ယာဉ်ငယ်တစ်စီး ငွေတောင်ဆည်ဘောင်အောက်သို့ ထိုးကျတိမ်းမှောက်သွားသဖြင့် ယာဉ်မောင်း အမျိုးသမီးမှာ အတွင်းလူနာုအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ကြောင်းသတင်းအရ ဒီးမော့ဆို မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးရာ လွိုင်ကော်မြို့ဘက်မှ ဒီးမော့ဆိုမြို့ဘက်သို့ မသွယ်သွယ်ဝင်း တစ်ဦးတည်း မောင်းနှင်လာသော Honda Fit အမျိုးအစား လိုင်စင်စိစစ်ဆဲယာဉ်မှာ မိုင်တိုင်အမှတ် (၁၂၀/၇ )နှင့် (၁၂၁/ဝ) ကြား အရောက်တွင် ငွေတောင်ဆည်ဘောင်ပေါ်မှ ထိုးကျတိမ်းမှောက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရထားသည့် ယာဉ်မောင်းအမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဒီးမော့ဆိုပြည်သူ့ဆေးရုံမှတစ်ဆင့် ရဲဆေးစာဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဒေါ်သွယ်သွယ်ဝင်းအား ဒီးမော့ဆိုမြို့မရဲစခန်းတွင် ယာဉ် (ပ)၂၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~