ကယားျပည္နယ္ ဒီး​ေမာ့ဆို - ​ေတာင္​ငူ ကားလမ္​း​ေပၚတြင္ တရားမ၀င္ ကြ်န္းသစ္လံုးမ်ား ဖမ္းဆီးရမိ

ကယားျပည္နယ္ ဒီး​ေမာ့ဆို - ​ေတာင္​ငူ ကားလမ္​း​ေပၚတြင္ တရားမ၀င္ ကြ်န္းသစ္လံုးမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 7, 2017
By Tachileik News Agency

ကယားျပည္​နယ္​ ဒီး​ေမာ့ဆိုၿမိဳ႕ နယ္​အတြင္း ဒီး​ေမာ့ဆို - ​ေတာင္​ငူ ကားလမ္​း​ေပၚတြင္​ ၂၀၁၇ခုႏွစ္ ႏိုဝင္​ဘာလ(၇)ရက္​​ေန႔ မနက္​((၂)နာရီ၀န္းက်င္က တရားမဝင္​ ကြၽန္​းသစ္​ အလုံး (၅၀)အား တင္​​ေဆာင္​လာသည့္ ေထာ္​လာဂ်ီတစ္​စီးအား ဖမ္​းဆီးရမိခဲ့​ေၾကာင္​း သိရသည္​။

ဒီး​ေမာ့ဆို ၿမိဳ႕နယ္​အတြင္​း တရားမဝင္​သစ္​မ်ား ခိုးထုတ္​​ေန​ေၾကာင္​း သတင္းအရ သက္ဆိုင္ရာဌာနမွ တာ၀န္ရွိသူမ်ား ပူးေပါင္း၍ သြား​ေရာက္​ ​ေစာင္​့ဆိုင္​း​ေနစဥ္​ မနက္​ ၂ နာရီ၀န္းက်င္၌ ဒီး​ေမာ့ဆို - ​ေတာင္​ငူ ကားလမ္​းမ​ေပၚ႐ွိ​ ေရႊစိုးစံ ဓာတ္​ဆီဆိုင္​အနီး လမ္​းမ​ေပၚတြင္​ အဆိုပါ ​ေထာ္​လာဂ်ီ ႏွင္​့ သစ္​မ်ားအား ဖမ္​းဆီး ရမိခဲ့ျခင္​း ျဖစ္​သည္​။

ဖ႐ူဆိုၿမိဳ႕ နယ္​ဘက္မွ ​ယဥ္​​ေမာင္​း က်ားရယ္​ ေမာင္​းႏွင္​ၿပီး ေဌးရယ္​ အတူလိုက္​ပါလာ​ေသာ ​ေထာ္​လာဂ်ီယာဥ္​အား ရပ္​တန္​႔ စစ္​​ေဆးရာ ​ေထာ္​လာဂ်ီယာဥ္​​ေပၚတြင္​ တင္​​ေဆာင္​လာ​သည့္ ကြၽန္​းသစ္​မ်ားမွာ အ​ေထာက္​အထား တစ္​စုံတစ္​ရာမပါဘဲ တရားမဝင္​ တင္​​ေဆာင္​လာ​ေၾကာင္​း စစ္​​ေဆး​ေတြ႔႐ွိဖမ္​းဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က သစ္​မ်ားတင္​​ေဆာင္​လာ​ေသာ ေထာ္​လာဂ်ီ ႏွင္​့ ကြၽန္​းသစ္​ ဆိုဒ္​စုံ အလုံး(၅၀) ၊ (၁၈၈၄.၄)ကုဗ​ေပ ၊ (၃.၇၆၈)တန္​ အား သိမ္းဆည္းထားရွိၿပီး တရားမဝင္​ သစ္​သယ္​​ေဆာင္​လာသူ က်ားရယ္​ ႏွင့္ ေဌးရယ္​တို႔ ႏွစ္ဦး အပါအ၀င္ ကြၽန္​းသစ္​မ်ား၏ ပိုင္​႐ွင္​ျဖစ္သူ ပ​ေရးရယ္​တို႔ သုံးဦးအား ဥပ​ေဒအရ အ​ေရးယူ​ေဆာင္​ရြက္​ ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်​နယ်​ ဒီး​မော့ဆိုမြို့ နယ်​အတွင်း ဒီး​မော့ဆို - ​တောင်​ငူ ကားလမ်​း​ပေါ်တွင်​ ၂၀၁၇ခုနှစ် နိုဝင်​ဘာလ(၇)ရက်​​နေ့ မနက်​((၂)နာရီဝန်းကျင်က တရားမဝင်​ ကျွန်​းသစ်​ အလုံး (၅၀)အား တင်​​ဆောင်​လာသည့် ထော်​လာဂျီတစ်​စီးအား ဖမ်​းဆီးရမိခဲ့​ကြောင်​း သိရသည်​။

ဒီး​မော့ဆို မြို့နယ်​အတွင်​း တရားမဝင်​သစ်​များ ခိုးထုတ်​​နေ​ကြောင်​း သတင်းအရ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ သွား​ရောက်​ ​စောင်​့ဆိုင်​း​နေစဉ်​ မနက်​ ၂ နာရီဝန်းကျင်၌ ဒီး​မော့ဆို - ​တောင်​ငူ ကားလမ်​းမ​ပေါ်ရှိ​ ရွှေစိုးစံ ဓာတ်​ဆီဆိုင်​အနီး လမ်​းမ​ပေါ်တွင်​ အဆိုပါ ​ထော်​လာဂျီ နှင်​့ သစ်​များအား ဖမ်​းဆီး ရမိခဲ့ခြင်​း ဖြစ်​သည်​။

ဖရူဆိုမြို့ နယ်​ဘက်မှ ​ယဉ်​​မောင်​း ကျားရယ်​ မောင်​းနှင်​ပြီး ဌေးရယ်​ အတူလိုက်​ပါလာ​သော ​ထော်​လာဂျီယာဉ်​အား ရပ်​တန်​့ စစ်​​ဆေးရာ ​ထော်​လာဂျီယာဉ်​​ပေါ်တွင်​ တင်​​ဆောင်​လာ​သည့် ကျွန်​းသစ်​များမှာ အ​ထောက်​အထား တစ်​စုံတစ်​ရာမပါဘဲ တရားမဝင်​ တင်​​ဆောင်​လာ​ကြောင်​း စစ်​​ဆေး​တွေ့ရှိဖမ်​းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က သစ်​များတင်​​ဆောင်​လာ​သော ထော်​လာဂျီ နှင်​့ ကျွန်​းသစ်​ ဆိုဒ်​စုံ အလုံး(၅၀)၊ (၁၈၈၄.၄)ကုဗ​ပေ၊ (၃.၇၆၈)တန်​ အား သိမ်းဆည်းထားရှိပြီး တရားမဝင်​ သစ်​သယ်​​ဆောင်​လာသူ ကျားရယ်​ နှင့် ဌေးရယ်​တို့ နှစ်ဦး အပါအဝင် ကျွန်​းသစ်​များ၏ ပိုင်​ရှင်​ဖြစ်သူ ပ​ရေးရယ်​တို့ သုံးဦးအား ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​ ထားရှိကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~