တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီး အမ်ဳိးသားတစ္ဦး ၀ိုင္းရိုက္ခံရ

တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီး အမ်ဳိးသားတစ္ဦး ၀ိုင္းရိုက္ခံရ
နိုဝင်ဘာ 18, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္အတြင္း၊ ၿမိဳ႕မသုသာန္ရွိ ေနအိမ္တဲတစ္လံုးအတြင္းသို႔ ဦးေခါင္းတြင္ ဒဏ္ရာမ်ားျဖင့္ ေသြးမ်ားထြက္ကာ ေျပး၀င္လာသူ အမ်ဳိးသားတစ္ဦးအား တာခ်ီလိတ္နာေရး ကူညီမႈအသင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၈)ရက္ေန႔ အကူး (၀၀း၃၀)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္းရွိ ေနအိမ္တဲတစ္လံုးအတြင္းသို႔ ဦးေခါင္းတြင္ ဒဏ္ရာမ်ားျဖင့္ လူတစ္ဦးေျပး၀င္လာေၾကာင္း အကူအညီ လာေရာက္ ေတာင္းခံ၍ သြားေရာက္ၾကည့္ရႈကာ သက္ဆိုင္ရာရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားၿပီးေနာက္ ဒဏ္ရာရရွိေနသူ အမ်ဳိးသားအား တဲအတြင္းမွ ခဲရာခဲဆစ္ သယ္ယူ၍ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးထံက သိရသည္။

ဦးေခါင္းတြင္ ဒဏ္ရာမ်ားရရွိကာ ေသြးမ်ားထြက္ေနသူ အမ်ဳိးသားအား တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီးတြင္ ၀ိုင္းရိုက္ၾကျခင္း ျဖစ္ေၾကာင္းႏွင့္ ၎သည္ တာခ်ီလိတ္သို႔ ေရာက္ရွိလာသည္မွာ (၇)ရက္သာရွိေသးေၾကာင္း အျပင္ အမည္မွာ ယဥ္မင္းထြန္း ( ခ ) အငယ္ေကာင္ ျဖစ္ေၾကာင္း ႏွင့္ ၎သည္ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္းရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ ေနထိုင္သူျဖစ္ေၾကာင္း ၎ထံက ထပ္မံသိရွိရသည္။

လက္ရွိတြင္ ဒဏ္ရာ ရရွိထားကာ ေဆး၀ါးကုသမႈခံယူေနသူ ယဥ္မင္းထြန္း ( ခ ) အငယ္ေကာင္အား တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုက FOC စနစ္ျဖင့္ ကုသ ေပးထားၿပီး လိုအပ္သည့္ အကူအညီမ်ားအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ကူညီေပးေနေၾကာင္း သိရွိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၀ိုင္းရိုက္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းအဖြဲ႔က ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်း၊ မြို့မသုသာန်ရှိ နေအိမ်တဲတစ်လုံးအတွင်းသို့ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သွေးများထွက်ကာ ပြေးဝင်လာသူ အမျိုးသားတစ်ဦးအား တာချီလိတ်နာရေး ကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ အကူး (ဝဝး၃၀)နာရီအချိန်တွင် တာချီလိတ်မြို့မသုသာန်အတွင်းရှိ နေအိမ်တဲတစ်လုံးအတွင်းသို့ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် လူတစ်ဦးပြေးဝင်လာကြောင်း အကူအညီ လာရောက် တောင်းခံ၍ သွားရောက်ကြည့်ရှုကာ သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် ဒဏ်ရာရရှိနေသူ အမျိုးသားအား တဲအတွင်းမှ ခဲရာခဲဆစ် သယ်ယူ၍ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးထံက သိရသည်။

ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ သွေးများထွက်နေသူ အမျိုးသားအား တာချီလိတ်မြို့မသုသာန်အနီးတွင် ဝိုင်းရိုက်ကြခြင်း ဖြစ်ကြောင်းနှင့်၎င်းသည် တာချီလိတ်သို့ ရောက်ရှိလာသည်မှာ (၇)ရက်သာရှိသေးကြောင်း အပြင် အမည်မှာ ယဉ်မင်းထွန်း ( ခ ) အငယ်ကောင် ဖြစ်ကြောင်း နှင့်၎င်းသည် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေထိုင်သူဖြစ်ကြောင်း၎င်းထံက ထပ်မံသိရှိရသည်။

လက်ရှိတွင် ဒဏ်ရာ ရရှိထားကာ ဆေးဝါးကုသမှုခံယူနေသူ ယဉ်မင်းထွန်း ( ခ ) အငယ်ကောင်အား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံက FOC စနစ်ဖြင့် ကုသ ပေးထားပြီး လိုအပ်သည့် အကူအညီများအား တာချီလိတ်နာရေးကူညီမှုအသင်းမှ ကူညီပေးနေကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းရိုက်သူများအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့က ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~