ကရင္ျပည္နယ္က လႊတ္တင္လိုက္သည့္ မီးပံုးပ်ံ ထိုင္းႏိုင္ငံ လမ္းပန္းသို႔ က်ေရာက္

ကရင္ျပည္နယ္က လႊတ္တင္လိုက္သည့္ မီးပံုးပ်ံ ထိုင္းႏိုင္ငံ လမ္းပန္းသို႔ က်ေရာက္
နိုဝင်ဘာ 2, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္က လႊင့္တင္လိုက္သည့္ မီးပံုးပ်ံမွာ ၅၁၁ ကီလို ကြာေ၀းသည့္ ထိုင္းႏိုင္ငံ လမ္းပန္းခရိုင္ ၊မိန္းၿမိဳ႕နယ္၊ ေကြ႕ဖဲရပ္ကြက္(၃)ရွိ အိမ္အမွတ္(၉၉)တြင္ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၃၁)ရက္ေန႔ ညေနက က်ေရာက္လာေၾကာင္း ထိုင္းႏိုင္ငံ လမ္းပန္းေဒသ သတင္းဌာနက ေဖာ္ျပထားရွိသည္။

မီးပံုးပ်ံႏွင့္အတူ ေတြ႕ရွိရသည္မွာ ျမန္မာက်ပ္ေငြ တစ္ေထာင္တန္ (၁၄)ရြက္ ႏွင့္အတူ ျမန္မာစာျဖင့္ ေရးထားၿပီး ဖုန္းနံပါတ္ပါ ပါရွိသည့္ စာတစ္ေစာင္အား ေတြ႕ရွိရေၾကာင္း သိရသည္။

"ေအာက္တိုဘာလ(၃၁)ရက္ေန႔ ညေနက အိမ္ေခါင္မိုးေပၚမွာ က်လာတာကို ေတြ႕ရတာ ။ မီးပံုးပ်ံရဲ႕ အျမင့္က ၁၅ မစ္၀န္းက်င္ေလာက္ရွိတယ္၊ အခုဘယ္လို လုပ္ရမလဲဆိုတာ ကၽြန္ေတာ္လဲ မသိေသးဘူး ။ မီးပံုးပ်ံကိုေတာ့ အိမ္အေနာက္ေဖးမွာသြားထားလိုက္တယ္၊ ၿပီးေတာ့ စာရြက္ထဲမွာပါတဲ့ ဖုန္းနံပါတ္ကို ဆက္သြယ္ဖို႔ေတာ့ မဆံုးျဖတ္ရေသးပါဘူး၊ မီးပံုးပ်ံကေတာ့ အရမ္းႀကီးတယ္ေလ၊ ရြာသားေတြ ေတာ္ေတာ္မ်ားမ်ား လာၾကည့္ၾကတယ္၊ မီးပံုးပ်ံမွာ ေစာင္ေတြ အထည္(၁၀၀)ေက်ာ္ ခ်ည္ၿပီး ထည့္ထားတာလည္းေတြ႕ရတယ္။ မီးပံုးပ်ံက်လာတာနဲ႔ ေစာင္ေတြကိုေတာ့ မသံုးေတာ့ဘဲ ထားလိုက္တယ္"ဟု အိမ္ပိုင္ရွင္ျဖစ္သူ ႏိုင္းအစ္ထိဖန္း ခမ္းမီးအြမ္က ေျပာသည္။

မီးပံုးပ်ံအား က်န္ေက်ာင္းပံုပါ ပလတ္စတစ္ျဖင့္ျပဳလုပ္ထားၿပီး ေအာက္ေျခအား ႀကိမ္ျဖင့္ အ၀ိုင္းပံုစံျပဳလုပ္ထားကာ (၅)မစ္အရွည္ရွိသည့္ သံေခ်ာင္း အနက္(၂)ေခ်ာင္းထပ္လ်က္ျပဳလုပ္ထား၍ ေအာက္ေျခပိုင္း ခိုင္ခံ့ေစရန္ ျပဳလုပ္ထားပံုကို ေတြ႕ရေၾကာင္း ၎က ဆိုသည္။

ထိုင္းသတင္းဌာနတြင္ ဖုန္းနံပါတ္ပါရွိသည့္ စာရြက္အား ေဖာ္ျပထားမႈကို ေတြ႕ရွိရ၍ တာခ်ီလိတ္သတင္းေအဂ်င္စီမွ ဆက္သြယ္ေမးျမန္းရာတြင္ မီးပံုးပ်ံ စတင္လႊင့္တင္သည့္ ေဒသမွာ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္၊ ဘားအံ့ၿမိဳ႕နယ္၊ ျမျပည္ရြာရွိ ျမျပည္ေက်ာင္းႀကီး(ဘုန္းႀကီးေက်ာင္း)က ျဖစ္ေနေၾကာင္း သိရသည္။

"ေက်ာင္းမွာ ကထိန္လုပ္တာက ေအာက္တိုဘာလ(၃၀)ရက္ေန႔က လုပ္တာ၊ အဲ့ေန႔က မီးပံုးပ်ံလႊတ္လို႔ မရလို႔ ေအာက္တိုဘာလ(၃၁)ရက္ေန႔ နံနက္ပိုင္းမွာ လႊတ္တင္လိုက္တာပါ။ မီးပံုးပ်ံ ရရွိသူအေနနဲ႔ ဆက္သြယ္ႏိုင္ရန္ ဖုန္းနံပါတ္လည္း ေရးထည့္ေပးလိုက္ပါတယ္။ က်ပ္ေငြ (၁၀၀၀)တန္ကေတာ့ (၁၅)ရြက္ပါ။"ဟု မီးပံုးပ်ံအား လႊတ္တင္သည့္ ဘားအံ့ၿမိဳ႕နယ္၊ ျမျပည္ရြာရွိ ျမျပည္ေက်ာင္းႀကီး(ဘုန္းႀကီးေက်ာင္း)မွ ဦးဇင္း ဦးပညာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မိန္႔သည္။

အဆိုပါ ဘုန္းႀကီးေက်ာင္းက မီးပံုးပ်ံမ်ားအား လႊတ္တင္မႈမ်ား ျပဳလုပ္ရာတြင္ ယခုလို ဆုေငြ ႏွင့္အတူ စာေရး၍ လႊတ္တင္ခ့ဲရာ ၿပီးခဲ့သည့္ ႏွစ္က ျမန္မာႏိုင္ငံအတြင္း၌ပင္ က်ေရာက္ေၾကာင္း ႏွင့္ ယခုႏွစ္တြင္ ထိုင္းႏိုင္ငံ အတြင္း က်ေရာက္သည့္အတြက္ အံ့ၾသ၀မ္းေျမာက္မိေၾကာင္း ဦးဇင္းက မိန္႔သည္။

"ေက်ာင္းတိုက္ကေန ဦးဇင္းတို႔ ငယ္ငယ္ကတည္းက အခုလိုပဲ မီးပံုးပ်ံလႊတ္ေနက်ပါ။ ၿပီးခဲ့တဲ့ ႏွစ္ကေတာ့ မြန္ျပည္နယ္ဘက္ က်သြားတယ္။ အခုႏွစ္ေတာ့ ထိုင္းႏိုင္ငံဘက္ ေရာက္မယ္ဆိုတာ မထင္ထားမိဘူး။ မီးပံုးပ်ံက်တ့ဲေနရာမွာ ရသြားသူေတြ အသံုးျပဳႏိုင္ရန္အတြက္ ေစာင္အထည္(၁၁၀)ဝန္းက်င္ ထည့္ေပးလိုက္တယ္။"ဟု ျမျပည္ေက်ာင္းႀကီး(ဘုန္းႀကီးေက်ာင္း)မွ ဦးဇင္း ဦးပညာက မိန္႔သည္။

ထိုင္းနိုင္ငံ လမ္းပန္းခရိုင္သည္ ခ်င္းမိုင္ေဒသအနီးတြင္ရွိၿပီး ကရင္ျပည္နယ္ႏွင့္ အကြာအေ၀းမွာ ၅၁၁ ကီလိုကြာေ၀းေၾကာင္း သိရွိရသည္။

Photo: lampang13.com



( ဘားအံ ရွိ  ျမျပည္ေက်ာင္းႀကီး(ဘုန္းႀကီးေက်ာင္း) ပံု )


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်က လွှင့်တင်လိုက်သည့် မီးပုံးပျံမှာ ၅၁၁ ကီလို ကွောဝးသည့် ထိုင်းနိုင်ငံ လမ်းပန်းခရိုင်၊မိန်းမြို့နယ်၊ ကွေ့ဖဲရပ်ကွက်(၃)ရှိ အိမ်အမှတ်(၉၉)တွင် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့ ညနေက ကျရောက်လာကြောင်း ထိုင်းနိုင်ငံ လမ်းပန်းဒေသ သတင်းဌာနက ဖော်ပြထားရှိသည်။

မီးပုံးပျံနှင့်အတူ တွေ့ရှိရသည်မှာ မြန်မာကျပ်ငွေ တစ်ထောင်တန် (၁၄)ရွက် နှင့်အတူ မြန်မာစာဖြင့် ရေးထားပြီး ဖုန်းနံပါတ်ပါ ပါရှိသည့် စာတစ်စောင်အား တွေ့ရှိရကြောင်း သိရသည်။

"အောက်တိုဘာလ(၃၁)ရက်နေ့ ညနေက အိမ်ခေါင်မိုးပေါ်မှာ ကျလာတာကို တွေ့ရတာ။ မီးပုံးပျံရဲ့ အမြင့်က ၁၅ မစ်ဝန်းကျင်လောက်ရှိတယ်၊ အခုဘယ်လို လုပ်ရမလဲဆိုတာ ကျွန်တော်လဲ မသိသေးဘူး။ မီးပုံးပျံကိုတော့ အိမ်အနောက်ဖေးမှာသွားထားလိုက်တယ်၊ ပြီးတော့ စာရွက်ထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့တော့ မဆုံးဖြတ်ရသေးပါဘူး၊ မီးပုံးပျံကတော့ အရမ်းကြီးတယ်လေ၊ ရွာသားတွေ တော်တော်များများ လာကြည့်ကြတယ်၊ မီးပုံးပျံမှာ စောင်တွေ အထည်(၁၀၀)ကျော် ချည်ပြီး ထည့်ထားတာလည်းတွေ့ရတယ်။ မီးပုံးပျံကျလာတာနဲ့ စောင်တွေကိုတော့ မသုံးတော့ဘဲ ထားလိုက်တယ်"ဟု အိမ်ပိုင်ရှင်ဖြစ်သူ နိုင်းအစ်ထိဖန်း ခမ်းမီးအွမ်က ပြောသည်။

မီးပုံးပျံအား ကျန်ကျောင်းပုံပါ ပလတ်စတစ်ဖြင့်ပြုလုပ်ထားပြီး အောက်ခြေအား ကြိမ်ဖြင့် အဝိုင်းပုံစံပြုလုပ်ထားကာ (၅)မစ်အရှည်ရှိသည့် သံချောင်း အနက်(၂)ချောင်းထပ်လျက်ပြုလုပ်ထား၍ အောက်ခြေပိုင်း ခိုင်ခံ့စေရန် ပြုလုပ်ထားပုံကို တွေ့ရကြောင်း၎င်းက ဆိုသည်။

ထိုင်းသတင်းဌာနတွင် ဖုန်းနံပါတ်ပါရှိသည့် စာရွက်အား ဖော်ပြထားမှုကို တွေ့ရှိရ၍ တာချီလိတ်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းရာတွင် မီးပုံးပျံ စတင်လွှင့်တင်သည့် ဒေသမှာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်၊ မြပြည်ရွာရှိ မြပြည်ကျောင်းကြီး(ဘုန်းကြီးကျောင်း)က ဖြစ်နေကြောင်း သိရသည်။

"ကျောင်းမှာ ကထိန်လုပ်တာက အောက်တိုဘာလ(၃၀)ရက်နေ့က လုပ်တာ၊ အဲ့နေ့က မီးပုံးပျံလွှတ်လို့ မရလို့ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းမှာ လွှတ်တင်လိုက်တာပါ။ မီးပုံးပျံ ရရှိသူအနေနဲ့ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်လည်း ရေးထည့်ပေးလိုက်ပါတယ်။ ကျပ်ငွေ (၁၀၀၀)တန်ကတော့ (၁၅)ရွက်ပါ။"ဟု မီးပုံးပျံအား လွှတ်တင်သည့် ဘားအံ့မြို့နယ်၊ မြပြည်ရွာရှိ မြပြည်ကျောင်းကြီး(ဘုန်းကြီးကျောင်း)မှ ဦးဇင်း ဦးပညာက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

အဆိုပါ ဘုန်းကြီးကျောင်းက မီးပုံးပျံများအား လွှတ်တင်မှုများ ပြုလုပ်ရာတွင် ယခုလို ဆုငွေ နှင့်အတူ စာရေး၍ လွှတ်တင်ခဲ့ရာ ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံအတွင်း၌ပင် ကျရောက်ကြောင်း နှင့် ယခုနှစ်တွင် ထိုင်းနိုင်ငံ အတွင်း ကျရောက်သည့်အတွက် အံ့သြဝမ်းမြောက်မိကြောင်း ဦးဇင်းက မိန့်သည်။

"ကျောင်းတိုက်ကနေ ဦးဇင်းတို့ ငယ်ငယ်ကတည်းက အခုလိုပဲ မီးပုံးပျံလွှတ်နေကျပါ။ ပြီးခဲ့တဲ့ နှစ်ကတော့ မွန်ပြည်နယ်ဘက် ကျသွားတယ်။ အခုနှစ်တော့ ထိုင်းနိုင်ငံဘက် ရောက်မယ်ဆိုတာ မထင်ထားမိဘူး။ မီးပုံးပျံကျတဲ့နေရာမှာ ရသွားသူတွေ အသုံးပြုနိုင်ရန်အတွက် စောင်အထည်(၁၁၀)ဝန်းကျင် ထည့်ပေးလိုက်တယ်။"ဟု မြပြည်ကျောင်းကြီး(ဘုန်းကြီးကျောင်း)မှ ဦးဇင်း ဦးပညာက မိန့်သည်။

ထိုင်းနိုင်ငံ လမ်းပန်းခရိုင်သည် ချင်းမိုင်ဒေသအနီးတွင်ရှိပြီး ကရင်ပြည်နယ်နှင့် အကွာအေဝးမှာ ၅၁၁ ကီလိုကွောဝးကြောင်း သိရှိရသည်။

Photo: lampang13.com

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~