ကြတ္ခုိင္ၿမိဳ႕အထြက္တြင္ ဖမ္းဆီးရမိသည့္ ေဖာက္ခြဲေရးသံုး အမုိနီယမ္ႏိုက္ထရိတ္မ်ားအား တရားမဝင္သယ္လာသည့္ ယာဥ္သံုးစီးမွ ပိုင္ရွင္ႏွင့္ ယာဥ္ေမာင္းတစ္ဦး ထြက္ေျပးေန

ကြတ္ခုိင္ၿမိဳ႕အထြက္တြင္ ဖမ္းဆီးရမိသည့္ ေဖာက္ခြဲေရးသံုး အမုိနီယမ္ႏိုက္ထရိတ္မ်ားအား တရားမဝင္သယ္လာသည့္ ယာဥ္သံုးစီးမွ ပိုင္ရွင္ႏွင့္ ယာဥ္ေမာင္းတစ္ဦး ထြက္ေျပးေန
နိုဝင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္ ကြတ္ခိုင္အထြက္ ျပည္ေထာင္စုကားလမ္း မိုင္တိုင္(၂၁၃/၇)၌ ရပ္တန္႔ထားသည့္ ကုန္တင္ယာဥ္(၃)စီးေပၚက လက္နက္ခဲယမ္း ႏွင့္ ေဖာက္ခြဲေရးတို႔တြင္ အသံုးျပဳသည္ အမုိနီယမ္ႏိုက္ထရိတ္  (၃၆၀၀၀) ကီလိုဂရမ္အား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ကြတ္ခိုင္ၿမိဳ႕ အထြက္တြင္ (၆)ဘီးယာဥ္သံုးစီးရပ္တန္႔ထားေၾကာင္း ႏိုဝင္ဘာလ (၂၅)ရက္ေန႔ ညေန (၅)နာရီခြဲခန္႔က သတင္းရရိွသျဖင့္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းတာဝန္က် စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးျမင့္လြင္ ဦးစီးအဖြဲ႕၊ ကုန္သြယ္ေရးဦးစီးဌာနမွ လ/ထညႊန္မွဴး ဦးတင္ထြန္းဦး ဦးစီးအဖြဲ႕၊ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးခ်မ္းေျမ႕ေအာင္ ဦးစီးအဖြဲ႕ႏွင့္ ေရပူဂိတ္ လုံၿခဳံေရး တာဝန္က် ရဲအုပ္ ေက်ာ္သူရ ဦးစီးေသာ ပူးေပါင္းအဖြဲ႕တို႔မွ သြားေရာက္ရွာေဖြရာ (၆)ဘီးယာဥ္ (၂)စီးႏွင့္ (၁၂)ဘီးယာဥ္တစ္စီးတို႔မွ အမိုနီယံႏုိက္ထရိတ္ စုစုေပါင္း အေလးခ်ိန္ (၃၆၀၀၀) ကီလိုဂရမ္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

(၆)ဘီးယာဥ္ႏွစ္စီးမွ ယာဥ္ေမာင္းနွင့္ ယာဥ္ေနာက္လုိက္မ်ားျဖစ္သည့္ ေအာင္သူဝင္း၊ ေမာင္ေအး၊ ခင္ေမာင္သန္း၊ ဇင္မင္းထက္ႏွင့္ (၁၂) ဘီးယာဥ္မွ ယာဥ္ေနာက္လုိက္ ဝင္းေဇာ္တို႔အား ယာဥ္မ်ားႏွင့္အတူ ဖမ္းဆီးရမိၿပီး (၁၂)ဘီးယာဥ္ေမာင္း ဖီးတက္ႏွင့္ ပိုင္ရွင္ျဖစ္သူ ဝင္းေဇာ္ဦးတို႔မွာ ထြက္ေျပး တိမ္းေရွာင္သြားေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသူ (၅)ဦးႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ (၂)ဦးတို႔အား နိုဝင္ဘာလ (၂၆) ရက္ေန႔တြင္ သိႏၷီၿမိဳ႕မရဲစခန္းမွ (ပ)၂၅၃/၂၅၄/၂၅၅/၂၀၁၇ ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ားအႏၲရာယ္မွ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၃၇/၃၈ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ် ကွတ်ခိုင်အထွက် ပြည်ထောင်စုကားလမ်း မိုင်တိုင်(၂၁၃/၇)၌ ရပ်တန့်ထားသည့် ကုန်တင်ယာဉ်(၃)စီးပေါ်က လက်နက်ခဲယမ်း နှင့် ဖောက်ခွဲရေးတို့တွင် အသုံးပြုသည် အမိုနီယမ်နိုက်ထရိတ် (၃၆၀၀၀) ကီလိုဂရမ်အား ဖမ်းဆီးရမိထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အထွက်တွင် (၆)ဘီးယာဉ်သုံးစီးရပ်တန့်ထားကြောင်း နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေ (၅)နာရီခွဲခန့်က သတင်းရရှိသဖြင့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတာဝန်ကျ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လွင် ဦးစီးအဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာနမှ လ/ထညွှန်မှူး ဦးတင်ထွန်းဦး ဦးစီးအဖွဲ့၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးချမ်းမြေ့အောင် ဦးစီးအဖွဲ့နှင့် ရေပူဂိတ် လုံခြုံရေး တာဝန်ကျ ရဲအုပ် ကျော်သူရ ဦးစီးသော ပူးပေါင်းအဖွဲ့တို့မှ သွားရောက်ရှာဖွေရာ (၆)ဘီးယာဉ် (၂)စီးနှင့် (၁၂)ဘီးယာဉ်တစ်စီးတို့မှ အမိုနီယံနိုက်ထရိတ် စုစုပေါင်း အလေးချိန် (၃၆၀၀၀) ကီလိုဂရမ်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

(၆)ဘီးယာဉ်နှစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြစ်သည့် အောင်သူဝင်း၊ မောင်အေး၊ ခင်မောင်သန်း၊ ဇင်မင်းထက်နှင့် (၁၂) ဘီးယာဉ်မှ ယာဉ်နောက်လိုက် ဝင်းဇော်တို့အား ယာဉ်များနှင့်အတူ ဖမ်းဆီးရမိပြီး (၁၂)ဘီးယာဉ်မောင်း ဖီးတက်နှင့် ပိုင်ရှင်ဖြစ်သူ ဝင်းဇော်ဦးတို့မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူ (၅)ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ (၂)ဦးတို့အား နိုဝင်ဘာလ (၂၆) ရက်နေ့တွင် သိန္နီမြို့မရဲစခန်းမှ (ပ)၂၅၃/၂၅၄/၂၅၅/၂၀၁၇ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~