တာခ်ီလိတ္တြင္ ခရီးသည္တင္ကားေစာင့္ေနသည့္ အမ်ိဳးသမီး ၄ ဦးႏွင့္ အမ်ိဳးသား ၁ ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ခရီးသည္တင္ကားေစာင့္ေနသည့္ အမ်ိဳးသမီး ၄ ဦးႏွင့္ အမ်ိဳးသား ၁ ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
နိုဝင်ဘာ 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မိုင္းဆတ္သြားရန္ ခရီးသည္တင္ကား ေစာင့္ဆိုင္းေနသည့္ အမ်ိဳးသမီး (၄)ဦးႏွင့္ အမ်ိဳးသား (၁)ဦးထံက ဘိန္းစိမ္းအေလးခ်ိန္ (၂၇.၇)ကီလိုႏွင့္ စိတ္ႂကြေဆးျပား (၂၀၀၀) တို႔အား ႏိုဝင္ဘာလ (၁၂)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ႏိုဝင္ဘာလ (၁၂)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲခန္႔တြင္ မကာဟိုခမ္းရပ္ကြက္၊ သစၥာလမ္းႏွင့္ ခြာညိဳလမ္းေဒါင့္၊ ရွမ္းေရႊေျမကားဂိတ္ေရွ႕ လမ္းမေပၚတြင္ မိုင္းဆတ္သို႔ သြားေရာက္မည့္ ခရီးသည္တင္ကား ေစာင့္ဆိုင္းေနသည့္ နန္းကူ၊ နန္းေခါင္လူ၊ နန္းစံေငြ၊ နန္းႏုယဥ္ႏွင့္ ဆန္လူးတို႔ (၅)ဦးအား စစ္ေဆးရွာေဖြရာ စုစုေပါင္း ဘိန္းစိမ္းအေလးခ်ိန္ (၂၇.၇)ကီလိုႏွင့္ စိတ္ႂကြေဆးျပား (၂၀၀၀) ျပားတို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္ဝယ္ေတြ႕ရွိသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ နန္းကူအား မယ(ပ)၆၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္လည္းေကာင္း၊ ဆန္လူးအား မယ(ပ) ၆၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရလည္းေကာင္း၊ နန္းေခါင္လူႏွင့္ ၎အား မူးယစ္ေဆးမ်ား သယ္ေဆာင္ခုိင္းသူ နန္းကူတို႔အား မယ(ပ) ၆၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရလည္းေကာင္း၊ နန္းႏုယဥ္အား မယ(ပ)၆၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရလည္းေကာင္း၊ နန္းစံေငြႏွင့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ခိုင္းသူ နန္းကူတို႔အား မယ(ပ)၆၈/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရလည္းေကာင္း အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုင်းဆတ်သွားရန် ခရီးသည်တင်ကား စောင့်ဆိုင်းနေသည့် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦးထံက ဘိန်းစိမ်းအလေးချိန် (၂၇.၇)ကီလိုနှင့် စိတ်ကြွဆေးပြား (၂၀၀၀) တို့အား နိုဝင်ဘာလ (၁၂)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲခန့်တွင် မကာဟိုခမ်းရပ်ကွက်၊ သစ္စာလမ်းနှင့် ခွာညိုလမ်းဒေါင့်၊ ရှမ်းရွှေမြေကားဂိတ်ရှေ့ လမ်းမပေါ်တွင် မိုင်းဆတ်သို့ သွားရောက်မည့် ခရီးသည်တင်ကား စောင့်ဆိုင်းနေသည့် နန်းကူ၊ နန်းခေါင်လူ၊ နန်းစံငွေ၊ နန်းနုယဉ်နှင့် ဆန်လူးတို့ (၅)ဦးအား စစ်ဆေးရှာဖွေရာ စုစုပေါင်း ဘိန်းစိမ်းအလေးချိန် (၂၇.၇)ကီလိုနှင့် စိတ်ကြွဆေးပြား (၂၀၀၀) ပြားတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် နန်းကူအား မယ(ပ)၆၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့်လည်းကောင်း၊ ဆန်လူးအား မယ(ပ) ၆၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရလည်းကောင်း၊ နန်းခေါင်လူနှင့်၎င်းအား မူးယစ်ဆေးများ သယ်ဆောင်ခိုင်းသူ နန်းကူတို့အား မယ(ပ) ၆၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရလည်းကောင်း၊ နန်းနုယဉ်အား မယ(ပ)၆၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရလည်းကောင်း၊ နန်းစံငွေနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ နန်းကူတို့အား မယ(ပ)၆၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~