တာလေမြို့ ၊ ဝမ်ကောင်း(လားဟူ)ရွာအနီးတွင် ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးသူ ဒဏ်ရာပြင်းထန်စွာရရှိ
တာလေမြို့ ၊ ဝမ်ကောင်း(လားဟူ)ရွာအနီးတွင် ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးသူ ဒဏ်ရာပြင်းထန်စွာရရှိ
အောကျတိုဘာ 1, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်း(လားဟူ)ကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ်လမ်းတွင် အောက်တိုဘာလ (၁)ရက်နေ့က ရွှေရေကန် ခရီးသည်တင် ယာဉ်နှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိ၍ ဆိုင်ကယ်စီးသူ ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သိရသည်။
ဓာတ်ပုံ  - တာလေမြို့မှ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်း(လားဟူ)ကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ်လမ်းတွင် အောက်တိုဘာလ (၁)ရက်နေ့က ရွှေရေကန် ခရီးသည်တင် ယာဉ်နှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိ၍ ဆိုင်ကယ်စီးသူ ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တယ်ကြားတော့ နေ့လယ် (၁)နာရီလောက်ပေါ့။ ကျွန်တော်တို့ ရောက်သွားတော့ ဘေးကို ရွှေ့ထားပြီးပါပြီ။ ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သက်သေအဖြစ် လှမ်းခေါ်လိုက်ပြီးတော့ လူနာကို တာလေဆေးရုံကို ပို့ပေးပါတယ်။ တာလေဆေးရုံအုပ်ကြီးက မရဘူးတဲ့။ တာချီလိတ်ကို ပို့ပါလို့ လွှဲတာကြောင့် ကျွန်တော်တို့အဖွဲ့ကပဲ တာချီလိတ်ဆေးရုံကို ချက်ချင်း သွားပို့ပေးထားပါတယ်”ဟု ယာဉ်တိုက်မှုမှ ဒဏ်ရာရလူနာအား ဆေးရုံပို့ဆောင်ပေးခဲ့သည့် တာလမြေို့မှ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ့ဦးဆောင်သူဖြစ်သည့် ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့မောင်းနှင်လာသော ရွှေရေကန်ယာဉ်လိုင်းမှ ခရီးသည်တင်ကားနှင့် တာလေဘက်မှ တောင်သုံးလုံးသို့ ဦးနိုင်ကီးဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် ဦးနိုင်ကီးမှာ ဒဏ်ရာပြင်းထန်စွာရသွားပြီး တာချီလိတ်ခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဓာတ်ပုံ - တာလမြေို့မှ လောကပါလ ပရဟိတလူမှုကူညီရေး အင်အားစုအဖွဲ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~