ေအာက္တိုဘာလအတြင္း (၂၃)ဦးေျမာက္အျဖစ္ ထုိင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၅ ဦးကို ထိုင္းႏုိင္ငံက တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ေအာက္တိုဘာလအတြင္း (၂၃)ဦးေျမာက္အျဖစ္ ထုိင္းႏုိင္ငံအတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၅ ဦးကို ထိုင္းႏုိင္ငံက တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
အောက်တိုဘာ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထိုင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား (၅)ဦးအား ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ ျပန္လည္လႊဲေျပာင္းလာသျဖင့္ ေအာက္တိုဘာလအတြင္း ျမန္မာႏုိင္ငံသား (၂၃)ဦးကို ထုိင္းႏုိင္ငံမွ ျပန္လည္လႊဲေျပာင္းေပးၿပီးျဖစ္ေၾကာင္း သိရသည္။

ထိုင္းနုိင္ငံမွ တာဝန္ရိွသူမ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) နယ္စပ္ၿမိဳ႕ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ-ထုိင္း အမွတ္(၂) ခ်စ္ၾကည္ေရး တံတား၌ လာေရာက္ပို႔ေဆာင္ေပးျခင္းျဖစ္သည္။

လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရးရဲတပ္ဖြဲ႕၊
ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီ (CNCMC) ေကာ္မတီတုိ႔က လက္ခံႀကိဳဆိုၿပီး ၎တုိ႔၏ မူလေနရပ္ေဒသမ်ားသုိ႔ ျပန္ႏုိင္ေရးအတြက္ ကူညီ ေဆာင္ရြက္ေပးေနျခင္းျဖစ္ၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႕မွ ေအာက္တုိဘာ(၂၅) ရက္ေန႕အထိ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ အမ်ိဳးသား(၆၈၇)ဦး ၊ အမ်ိဳးသမီး(၃၁၁)ဦး ၊ ကေလး(၅၅)ဦး၊ စုစုေပါင္း (၁၀၅၃)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓာတ္ပံု #ၿမိဳ႕နယ္ေထြအုပ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၅)ဦးအား အောက်တိုဘာလ (၂၅)ရက်နေ့တွင် ပြန်လည်လွှဲပြောင်းလာသဖြင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသား (၂၃)ဦးကို ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မြို့ တာချီလိတ်မြို့တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတား၌ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်။

လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊
ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးနခြေင်းဖြစ်ကြာင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာ(၂၅) ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၆၈၇)ဦး၊ အမျိုးသမီး(၃၁၁)ဦး၊ ကလေး(၅၅)ဦး၊ စုစုပေါင်း (၁၀၅၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~