ေတာင္ႀကီး တန္ေဆာင္တုိင္ အလွျပမီးပံုးပ်က္က်၍ ဒဏ္ရာရသူ ၁၂ ဦးအနက္ ၆ ဦး အတြင္းလူနာအျဖစ္ ကုသမႈခံယူေန

ေတာင္ႀကီး တန္ေဆာင္တုိင္ အလွျပမီးပံုးပ်က္က်၍ ဒဏ္ရာရသူ ၁၂ ဦးအနက္ ၆ ဦး အတြင္းလူနာအျဖစ္ ကုသမႈခံယူေန
အောက်တိုဘာ 31, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္တြင္ ေအာက္တိုဘာလ (၃၀)ရက္ေန႔ညက လႊတ္တင္ေသာ တြံတီးအလွျပမီးပံုး မီးေလာင္ပ်က္စီးမႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူ (၁၂) ဦးအနက္ (၆)ဦးမွာ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“ထိခိုက္ဒဏ္ရာရတဲ့ လူနာေတြကိုေတာ့ ညကစဝ္စံထြန္းေဆးရံုမွာ ပို႔ထားပါတယ္။ ထိခိုက္ဒဏ္ရာရတဲ့သူ ကေတာ့ စုစုေပါင္း (၁၂) ဦးရွိပါတယ္။ ကေလးက (၄) ဦး၊ လူႀကီးက (၈) ဦးပါ။ စဝ္စံထြန္းေဆးရံုမွာက (၆)ေယာက္ရွိပါတယ္။ အဲဒီထဲမွာမွ စိုးရိမ္ရလူနာက မိန္းကေလး (၂)ဦး ရွိေနပါတယ္။ အခုခ်ိန္မွာေတာ့ သတိရေနပါတယ္။ က်န္တာေတာ့ ထိခိုက္ဒဏ္ရာရသူေတြပါ။ ယခုခ်ိန္ထိေတာ့ ေသဆံုးသူမရွိပါဘူး” ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ ဒုရဲမွဴး စိုးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကန္ေရွ႕ရပ္ကြက္မွ တြံတီးယမ္းမီးႀကီး ယမ္းခ်ိန္ (၃၇) ပိႆပါဝင္သည့္ တြံတီး အလွျပမီးပံုးသည္ ည (၈) နာရီ (၄၅) ခန္႔က စတင္လႊတ္တင္ခ်ိန္တြင္ ကြင္းအတြင္း ပ်က္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႕က တြံတီးမီးက မီးပံုပ်ံစတက္တဲ့အခ်ိန္ေလးမွာပဲ အစကေတာ့ မီးရွဴးေတြ နည္းနည္းပဲထြက္ေသးတယ္။ နည္းနည္းေလးလည္း တက္ေရာ မီးယမ္းအတြဲလိုက္ျပဳတ္က်လာေတာ့ တစ္ခ်ဳိ႕လူေတြ ေျပးမလြတ္ေတာ့ ထိခိုက္ဒဏ္ရာရတဲ့ သူေတြမ်ားပါတယ္။ ဆိုင္ကယ္ေတြဆိုလည္း ပ်က္စီးကုန္ပါတယ္။ လူကလည္းမ်ားေတာ့ ပ်က္က်တဲ့အခ်ိန္မွာ ေျပးထြက္လို႔မရေတာ့ ထိခိုက္မိတဲ့သူေတြ ကေလးေတြေရာပါပါတယ္” ဟု ေတာင္ႀကီး ေဒသခံ စိုင္းစံက ေျပာသည္။

တန္ေဆာင္တုိင္ပြဲေတာ္တြင္ မီးပုံးေလးမ်ားျဖင့္ အလွဆင္ထားသည့္ စိန္နားပန္မီးပုံး၊ ယမ္းအလွမ်ားျဖင့္ ယွဥ္ၿပဳိင္ရသည့္ ညမီးႀကီးမီးပုံးႏွင့္ ေန႔ခင္းတြင္လႊတ္တင္ရသည့္ ေန႔လႊတ္အရုပ္မီးပုံးဟူ၍ အမ်ိဳးအစားသုံးမ်ိဳး ယွဥ္ၿပိဳင္ေနၾကျခင္းျဖစ္ၿပီး ပ်က္က်သည့္မီးပံုးမွာ ယမ္းအလွမ်ားျဖင့္ ယွဥ္ၿပိဳင္ရသည့္ ညမီးႀကီးမီးပံုးအမ်ိဳးအစား ျဖစ္သည္။
တန္ေဆာင္တုိင္ပြဲေတာ္အား ေအာက္တိုဘာလ (၂၆) ရက္ေန႔မွ ႏိုဝင္ဘာလ (၃) ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ (၄)ရက္ေန႔တြင္ ဆုခ်ီးျမႇင့္မည္ျဖစ္သည္။

သတင္း #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီး တန်ဆောင်တိုင် အလှပြမီးပုံးပျက်ကျ၍ ဒဏ်ရာရသူ ၁၂ ဦးအနက် ၆ ဦး အတွင်းလူနာအဖြစ် ကုသမှုခံယူနေ
*************

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် အောက်တိုဘာလ (၃၀)ရက်နေ့ညက လွှတ်တင်သော တွံတီးအလှပြမီးပုံး မီးလောင်ပျက်စီးမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၁၂) ဦးအနက် (၆)ဦးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကိုတော့ ညကစဝ်စံထွန်းဆေးရုံမှာ ပို့ထားပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ကတော့ စုစုပေါင်း (၁၂) ဦးရှိပါတယ်။ ကလေးက (၄) ဦး၊ လူကြီးက (၈) ဦးပါ။ စဝ်စံထွန်းဆေးရုံမှာက (၆)ယောက်ရှိပါတယ်။ အဲဒီထဲမှာမှ စိုးရိမ်ရလူနာက မိန်းကလေး (၂)ဦး ရှိနေပါတယ်။ အခုချိန်မှာတော့ သတိရနေပါတယ်။ ကျန်တာတော့ ထိခိုက်ဒဏ်ရာရသူတွေပါ။ ယခုချိန်ထိတော့ သေဆုံးသူမရှိပါဘူး” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကန်ရှေ့ရပ်ကွက်မှ တွံတီးယမ်းမီးကြီး ယမ်းချိန် (၃၇) ပိဿပါဝင်သည့် တွံတီး အလှပြမီးပုံးသည် ည (၈) နာရီ (၄၅) ခန့်က စတင်လွှတ်တင်ချိန်တွင် ကွင်းအတွင်း ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က တွံတီးမီးက မီးပုံပျံစတက်တဲ့အချိန်လေးမှာပဲ အစကတော့ မီးရှူးတွေ နည်းနည်းပဲထွက်သေးတယ်။ နည်းနည်းလေးလည်း တက်ရော မီးယမ်းအတွဲလိုက်ပြုတ်ကျလာတော့ တစ်ချို့လူတွေ ပြေးမလွတ်တော့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေများပါတယ်။ ဆိုင်ကယ်တွေဆိုလည်း ပျက်စီးကုန်ပါတယ်။ လူကလည်းများတော့ ပျက်ကျတဲ့အချိန်မှာ ပြေးထွက်လို့မရတော့ ထိခိုက်မိတဲ့သူတွေ ကလေးတွေရောပါပါတယ်” ဟု တောင်ကြီး ဒေသခံ စိုင်းစံက ပြောသည်။

တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးလေးများဖြင့် အလှဆင်ထားသည့် စိန်နားပန်မီးပုံး၊ ယမ်းအလှများဖြင့် ယှဉ်ပြိုင်ရသည့် ညမီးကြီးမီးပုံးနှင့် နေ့ခင်းတွင်လွှတ်တင်ရသည့် နေ့လွှတ်အရုပ်မီးပုံးဟူ၍ အမျိုးအစားသုံးမျိုး ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး ပျက်ကျသည့်မီးပုံးမှာ ယမ်းအလှများဖြင့် ယှဉ်ပြိုင်ရသည့် ညမီးကြီးမီးပုံးအမျိုးအစား ဖြစ်သည်။
တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ (၂၆) ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး နိုဝင်ဘာလ (၄)ရက်နေ့တွင် ဆုချီးမြှင့်မည်ဖြစ်သည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~