ေတာင္ႀကီးၿမိဳ႕နယ္ ဥမွင္ရြာရွိ ေနအိမ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားႏွင့္ ဘိန္းဆီခဲတို႔ ဖမ္းဆီးရမိၿပီး

ေတာင္ႀကီးၿမိဳ႕နယ္ ဥမွင္ရြာရွိ ေနအိမ္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားႏွင့္ ဘိန္းဆီခဲတို႔ ဖမ္းဆီးရမိၿပီး
အောက်တိုဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္ ေတာင္ေလးလံုးေက်းရြာအုပ္စု ဥမွင္ေက်းရြာရွိ ေနအိမ္တစ္လံုးအား ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ ရဲတပ္ဖြဲ႔က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ ဘိန္းဆီခဲတုိ႔ကို ရွာေဖြဖမ္းဆီးရမိၿပီး ကြင္းဆက္အမႈတစ္ခုကိုပါ ထပ္မံ ေဖာ္ထုတ္ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ေလးလုံးေက်းရြာအုပ္စု၊ ဥမွင္ေက်းရြာေန သန္းစိန္(မ)၏ ေနအိမ္ကို နံနက္ (၆)နာရီခန္႔က ဝင္ေရာက္ ရွာေဖြရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၃၄၀) ျပားႏွင့္ ဘိန္းဆီခဲ (၁၀) ဂရမ္ တို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ၿပီး ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ေတာင္ေလးလုံး ေက်းရြာအုပ္စု၊ ဥမွင္ေက်းရြာေန တီးေမာင္(ခ)ေသာင္းေရႊ၏ ေနအိမ္ကိုရွာေဖြရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆) ျပား သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ သန္းစိန္ႏွင့္ တီးေမာင္(ခ) ေသာင္းေရႊတို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု ဥမှင်ကျေးရွာရှိ နေအိမ်တစ်လုံးအား အောက်တိုဘာလ (၁၇)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲတို့ကို ရှာဖွေဖမ်းဆီးရမိပြီး ကွင်းဆက်အမှုတစ်ခုကိုပါ ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဥမှင်ကျေးရွာနေ သန်းစိန်(မ)၏ နေအိမ်ကို နံနက် (၆)နာရီခန့်က ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၃၄၀) ပြားနှင့် ဘိန်းဆီခဲ (၁၀) ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တောင်လေးလုံး ကျေးရွာအုပ်စု၊ ဥမှင်ကျေးရွာနေ တီးမောင်(ခ)သောင်းရွှေ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၆) ပြား သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် သန်းစိန်နှင့် တီးမောင်(ခ) သောင်းရွှေတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~