တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္ေရး(မြမ္းမံ)သင္တန္းဆင္း

တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္ေရး(မြမ္းမံ)သင္တန္းဆင္း
အောက်တိုဘာ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အရန္မီးသတ္တပ္ဖြဲ ့၀င္မ်ား၏ ေလ့က်င့္ေရး(မြမ္းမံ)သင္တန္းဆင္းပြဲအား ေအာက္တိုဘာလ (၆)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနရွိ ခန္းမတြင္ က်င္းပသည္။

အဆိုပါ အခမ္းအနား၌ ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠ႒ ကုိယ္စား၊ အတြင္းေရးမွဴး လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာနမွ ခရုိင္ဦးစီးမွဴး ဦးေက်ာ္ေမာ္ထြန္း က သင္တန္းဆင္း မိန္ ့ခြန္းေျပာၾကား ခဲ့ၿပီးေနာက္ သင္တန္းသား (၅၀)ဦးအား သင္တန္းဆင္းလက္မွတ္မ်ားကို တာဝန္ရွိသူမ်ားက ေပးအပ္ခဲ့ၾကသည္။

မီးသတ္ဦးစီးဌာန၏ ရည္မွန္းခ်က္တာ၀န္မ်ားျဖစ္သည့္ မီးေဘးလုံျခံဳေရး၊ သဘာ၀ေဘးအႏၱရာယ္ ကာကြယ္ေရး၊ ရွာေဖြကယ္ဆယ္ေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳေဆာင္ရြက္ေရး စသည့္ လုပ္ငန္းမ်ားတြင္ သေႏၶတပ္ဖြဲ ့၀င္မ်ားႏွင့္အတူ ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္အတြက္ မီးသတ္ပညာ၊ ရွာေဖြကယ္ဆယ္ေရးႏွင့္ အသက္ကယ္နည္းစနစ္မ်ားကို ေက်းရြာအုပ္စုမ်ားမွ အရန္မီးသတ္တပ္ဖြဲ႕ဝင္ သင္တန္းသားမ်ား အေနျဖင့္ သိရွိနားလည္ရန္အတြက္ စက္တင္ဘာလ (၉)ရက္ေန ့မွ ေအာက္တိုဘာလ (၆)ရက္ေန႔ထိ သင္တန္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို ့ၿမဳိ႕နယ္စီမံခန္႔ခဲြမႈေကာ္မတီဥကၠ႒ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ခရိုင္မီးသတ္ဦးစီးမွဴး ဦးထြန္းႏိုင္ဦး ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ ၿမဳိ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ သင္တန္းသားမ်ား အပါအ၀င္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအား အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနရှိ ခန်းမတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနား၌ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကိုယ်စား၊ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မော်ထွန်း က သင်တန်းဆင်း မိန့်ခွန်းပြောကြား ခဲ့ပြီးနောက် သင်တန်းသား (၅၀)ဦးအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် လုပ်ငန်းများတွင် သန္ဓတေပ်ဖွဲ့ဝင်များနှင့်အတူ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးနှင့် အသက်ကယ်နည်းစနစ်များကို ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ အနဖြေင့် သိရှိနားလည်ရန်အတွက် စက်တင်ဘာလ (၉)ရက်နေ့မှ အောက်တိုဘာလ (၆)ရက်နေ့ထိ သင်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် သင်တန်းသားများ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~