တာခ်ီလိတ္သို႔ တရားမဝင္ ဝင္ေရာက္သည့္ ထုိင္းႏုိင္ငံသားႏွစ္ဦးအား လွည့္ကင္းအဖြဲ႔က ဖမ္းဆီးရမိ

တာခ်ီလိတ္သို႔ တရားမဝင္ ဝင္ေရာက္သည့္ ထုိင္းႏုိင္ငံသားႏွစ္ဦးအား လွည့္ကင္းအဖြဲ႔က ဖမ္းဆီးရမိ
အောက်တိုဘာ 28, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သုိ႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသားႏွစ္ဦးအား မယ္ေခါင္ရပ္ကြက္၌ လွည့္ကင္းေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕က ေအာက္တိုဘာလ (၂၆)ရက္ေန႔ နံနက္ (၁)နာရီမတိုင္မီအခ်ိန္တြင္ စစ္ေဆးေတြ႔ရိွရသျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း လွည့္ကင္းေဆာင္ရြက္စဥ္ မယ္ေခါင္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းေပၚရွိ စားေသာက္ဆိုင္မွ ထြက္လာေသာ အမ်ိဳးသားႏွစ္ဦးအား မသကၤာဖြယ္ေတြ႕ရွိသျဖင့္ ေမးျမန္းရာ မယ္ဆိုင္ၿမိဳ႕တြင္ ေနထုိင္ေသာ ထိုင္းနိုင္ငံသားမ်ားျဖစ္သည့္ အိုက္ရွဲန္ႏွင့္ ၎၏ညီ စိုင္းတစ္တို႔ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရိွရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္ၿပီး ဒုလဝကမွဴးမွ ဆက္လက္စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးသည္ အဖမ္းမခံရမီ လြန္ခဲ့ေသာ(၅)ရက္ခန္႔က ထိုင္းနိုင္ငံ မယ္ဆိုင္ၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕သို႔ မကာအိုခမ္းရပ္ကြက္အနီး ေခ်ာင္းမွတစ္ဆင့္ ျဖတ္ကူး၍ တရားမဝင္ ဝင္ေရာက္ခဲ့ေၾကာင္း စစ္ေဆးသိရိွရေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ခဲ့သည့္ ထိုင္းႏိုင္ငံသား အိုက္ရွဲန္ႏွင့္ စိုင္းတစ္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၂၀/၂၀၁၇၊လဝကအက္ ၁၃(၁)ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်သို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားနှစ်ဦးအား လှည့်ကင်းအဖွဲ့က ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားနှစ်ဦးအား မယ်ခေါင်ရပ်ကွက်၌ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့က အောက်တိုဘာလ (၂၆)ရက်နေ့ နံနက် (၁)နာရီမတိုင်မီအချိန်တွင် စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်စဉ် မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ စားသောက်ဆိုင်မှ ထွက်လာသော အမျိုးသားနှစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် မေးမြန်းရာ မယ်ဆိုင်မြို့တွင် နေထိုင်သော ထိုင်းနိုင်ငံသားများဖြစ်သည့် အိုက်ရှဲန်နှင့် ၎င်း၏ညီ စိုင်းတစ်တို့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်ပြီး ဒုလဝကမှူးမှ ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အဖမ်းမခံရမီ လွန်ခဲ့သော(၅)ရက်ခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့ မကာအိုခမ်းရပ်ကွက်အနီး ချောင်းမှတစ်ဆင့် ဖြတ်ကူး၍ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် ထိုင်းနိုင်ငံသား အိုက်ရှဲန်နှင့် စိုင်းတစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၂၀/၂၀၁၇၊လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~