တာခ်ီလိတ္တြင္ ေဗ်ာက္အိုးေရာင္းခ်သူႏွစ္ဦးအား စတင္ဖမ္းဆီးအေရးယူ

တာခ်ီလိတ္တြင္ ေဗ်ာက္အိုးေရာင္းခ်သူႏွစ္ဦးအား စတင္ဖမ္းဆီးအေရးယူ
အောက်တိုဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေဗ်ာက္အိုးေရာင္းခ်သူႏွစ္ဦးအား ေအာက္တိုဘာလ (၂၉)ရက္ေန႔က ပထမဦးဆံုး ဖမ္းဆီးရမိ၍ အေရးယူထားေၾကာင္း သိရသည္။

လံုၿခံဳေရးအေျခအေနအရ အမ်ားျပည္သူ အထိတ္တလန္႔ျဖစ္ေစႏုိင္သည့္ မီးရႈးမီးပန္းႏွင့္ ေဗ်ာက္အိုး ေဖါက္ျခင္း၊ ေရာင္းခ်ျခင္းမ်ားအား တားျမစ္ထားၿပီး စစ္ေဆးရန္ ညႊန္ၾကားခ်က္အရ တာခ်ီလိတ္ၿမိဳ႕တြင္ စစ္ေဆးရာ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမွ ေစ်းဆိုင္ႏွစ္ဆုိင္တြင္ ေဗ်ာက္အိုးႏွင့္ ရႈးဒိုင္းမ်ား ေရာင္းခ်ေနသည္ကို ညေန (၆)နာရီခန္႔က စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဗ်ာက္အိုးႏွင့္ ရႈးဒိုင္းမ်ားေရာင္းခ်သည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၂၃/၂၀၁၇ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၈၆ ႏွင့္ (ပ) ၂၂၄/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၈၆ တို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၈၆ သည္ ဖမ္းဆီးရရိွသည့္ ပမာဏေပၚမူတည္၍ ဒဏ္ေငြေသာ္လည္းေကာင္း အျမင့္ဆံုးျပစ္ဒဏ္ ေထာင္ဒဏ္ သံုးႏွစ္အထိလည္းေကာင္း ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဗျောက်အိုးရောင်းချသူနှစ်ဦးအား စတင်ဖမ်းဆီးအရေးယူ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဗျောက်အိုးရောင်းချသူနှစ်ဦးအား အောက်တိုဘာလ (၂၉)ရက်နေ့က ပထမဦးဆုံး ဖမ်းဆီးရမိ၍ အရေးယူထားကြောင်း သိရသည်။

လုံခြုံရေးအခြေအနေအရ အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်သည့် မီးရှုးမီးပန်းနှင့် ဗျောက်အိုး ဖေါက်ခြင်း၊ ရောင်းချခြင်းများအား တားမြစ်ထားပြီး စစ်ဆေးရန် ညွှန်ကြားချက်အရ တာချီလိတ်မြို့တွင် စစ်ဆေးရာ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ စျေးဆိုင်နှစ်ဆိုင်တွင် ဗျောက်အိုးနှင့် ရှုးဒိုင်းများ ရောင်းချနေသည်ကို ညနေ (၆)နာရီခန့်က စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဗျောက်အိုးနှင့် ရှုးဒိုင်းများရောင်းချသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၂၃/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၆ နှင့် (ပ) ၂၂၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၆ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၆ သည် ဖမ်းဆီးရရှိသည့် ပမာဏပေါ်မူတည်၍ ဒဏ်ငွေသော်လည်းကောင်း အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်အထိလည်းကောင်း ချမှတ်နိုင်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~