တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ပထမအကြိမ် ကျင်းပပြုလုပ်မည့် စုပေါင်း မဟာဘုံကထိန်နှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ နိဗ္ဗာန်ဈေး ပါဝင်လိုသူများ ဆက်သွယ်စာရင်းပေးနိုင်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ပထမအကြိမ် ကျင်းပပြုလုပ်မည့် စုပေါင်း မဟာဘုံကထိန်နှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ နိဗ္ဗာန်ဈေး ပါဝင်လိုသူများ ဆက်သွယ်စာရင်းပေးနိုင်
အောကျတိုဘာ 26, 2017
By Tachileik News Agency


နိဗ္ဗာန်ဈေးအား နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၄)နာရီတွင်စတင်မည်ဖြစ်ပြီး လာရောက် ကုသိုလ်ယူ လိုသူများ အနေဖြင့် ဖုန်း ၀၉ ၂၅၀၈၅၇၄၄၉ နှင့် ၀၉ ၂၆၂၆၇၇၂၅၄ များသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ပဒေသာပင်(၉၆)ပင်အတွက် အမိုးတဲများ ဆောက်လုပ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ခြင်းများကို ဦးရဲထွန်းသိန်း(ဦးသားကြီး)တိုးတက်ဟိန်းကုမ္ပဏီမှ တာဝန်ယူထားပြီး ကုန်ကျစရိတ်များအတွက် ဦးမြင့်ဦး(မုတ်ဆိတ်)မှ အလှူငွေဘတ်တစ်သောင်းနှင့် မိုးကာ(၂)လိပ်၊ ဟိုတယ်တာချီလိတ်မှ မိုးကာ(၃)လိပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုးကာ(၁)လိပ်၊ ဂေါ်ရခါးလူမှုရေးအဖွဲ့မှ မိုးကာ(၂)လိပ်၊ ဦးဝင်းမောင်နှင့်ဇနီး (လောကနတ်)မှ မိုးကာ(၂)လိပ်၊ နိုင်းမိတ္တူမှ မိုးကာ(၁)လိပ်၊ အလင်းရောင်ပရဟိတအသင်းမှ မိုးကာ(၁)လိပ်၊ ဦးမြင့်ဇော်(ရဲလိုးဆပ်ပရိုက်သောက်ရေသန့်)မှ မိုးကာ(၂)လိပ် လှူဒါန်းထားကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ပထမဆုံးကျင်းပမည့် စုပေါင်း မဟာဘုံကထိန်နှင့် နိဗ္ဗာန်ဈေးပွဲတော်အား နိုဝင်ဘာလ (၂)ရက်နေ့တွင် စတင်မည်ဖြစ်ရာ နိဗ္ဗာန်ဈေး ပွဲတော်တွင် ပါဝင်လိုသူများ နေရာကြိုတင်ပြင်ဆင်ပေးနိုင်ရန်အတွက် စာရင်းကြိုတင်ပေးသွင်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

နိဗ္ဗာန်ဈေးအား နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၄)နာရီတွင်စတင်မည်ဖြစ်ပြီး လာရောက် ကုသိုလ်ယူ လိုသူများ အနဖြေင့် ဖုန်း ဝ၉ ၂၅၀၈၅၇၄၄၉ နှင့် ဝ၉ ၂၆၂၆၇၇၂၅၄ များသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ပဒေသာပင်(၉၆)ပင်အတွက် အမိုးတဲများ ဆောက်လုပ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ခြင်းများကို ဦးရဲထွန်းသိန်း(ဦးသားကြီး)တိုးတက်ဟိန်းကုမ္ပဏီမှ တာဝန်ယူထားပြီး ကုန်ကျစရိတ်များအတွက် ဦးမြင့်ဦး(မုတ်ဆိတ်)မှ အလှူငွေဘတ်တစ်သောင်းနှင့် မိုးကာ(၂)လိပ်၊ ဟိုတယ်တာချီလိတ်မှ မိုးကာ(၃)လိပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုးကာ(၁)လိပ်၊ ဂေါ်ရခါးလူမှုရေးအဖွဲ့မှ မိုးကာ(၂)လိပ်၊ ဦးဝင်းမောင်နှင့်ဇနီး (လောကနတ်)မှ မိုးကာ(၂)လိပ်၊ နို်င်းမိတ္တူမှ မိုးကာ(၁)လိပ်၊ အလင်းရောင်ပရဟိတအသင်းမှ မိုးကာ(၁)လိပ်၊ ဦးမြင့်ဇော်(ရဲလိုးဆပ်ပရိုက်သောက်ရေသန့်)မှ မိုးကာ(၂)လိပ် လှူဒါန်းထားကြောင်း သိရသည်။

လက်ရှိတွင် နိဗ္ဗာန်ဈေးအတွက် စာရင်းပေးထားသူများမှာ ဦးမင်းမင်းထွန်း(မိုးနတ်သား)မိသားစု မှ မယ်ဇလီဖူးသုပ်၊ ဓာတ်ပုံဆရာများအသင်း မှ သာကူကျို၊ စေတနာကမ်းလက်များအဖွဲ့မှ လက်ဖက်သုပ်(သို့)နို့ထမင်း၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ မှ ကြာဆံကြော်၊ ဒေါ်ယဉ်ယဉ်အေး/ဒေါ်ရီရီမြင့် မှ ထပ်တစ်ရာ(သို့)ဗူးသီးကြော်၊ လောကနတ်မိသားစု မှ ဆီထမင်း၊ ဂေါ်ရခါးလူမှုရေးအဖွဲ့မှ ပူတီ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း မှ ကြာဆံဟင်းခါးတို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~