တာချီလိတ်၌ ပြုလုပ်မည့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးနင်းပွဲသို့ စက်ဘီးစီးဝါသနာရှင်များ ပါဝင်ဆင်နွှဲနိုင်

တာချီလိတ်၌ ပြုလုပ်မည့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးနင်းပွဲသို့ စက်ဘီးစီးဝါသနာရှင်များ ပါဝင်ဆင်နွှဲနိုင်
အောက်တိုဘာ 13, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးနင်းပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၅)နာရီခွဲတွင် တာချီလိတ်၌  ပြုလုပ်မည်ဖြစ်သည့် အတွက်  စက်ဘီးစီးမည့်သူများ အနေဖြင့် နံနက်(၅)နာရီ၌ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စုရပ်ပြုလုပ်ကာ  အဆိုပါ ကွင်းမှ စတင်၍ စက်ဘီးစီးနင်းကာ လေယာဉ်ကွင်းလမ်းဆုံသို့ သွားရောက်ပြီး ထိုမှတဆင့် မြို့မအားကစားကွင်းသို့ ပြန်လည် ပန်းဝင်မည်ဖြစ်ကြောင်းသိရသည်။

စက်ဘီးစီးနင်းပွဲသို့ ပါဝင်ဆင်နွှဲမည့်သူများအား ရှမ်းရိုးမကွင်းတွင် ဆေးလိပ်ငွေ့ကင်းစင် အထိမ်းအမှတ် အင်္ကျီအထည်(၃၀၀)အား ပေးဝေမည်ဖြစ်ကြောင်း နှင့် လူထုစက်ဘီးစီးပွဲသို့ ပြည်နယ်ဝန်ကြီး(၄)ဦး ပါဝင်စီးနင်းမည်ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်ငွေ့ကင်းစင် လူထုစက်ဘီးစီးနင်းပွဲအား ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၅)နာရီခွဲတွင် တာချီလိတ်၌ ပြုလုပ်မည်ဖြစ်သည့် အတွက် စက်ဘီးစီးမည့်သူများ အနဖြေင့် နံနက်(၅)နာရီ၌ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စုရပ်ပြုလုပ်ကာ အဆိုပါ ကွင်းမှ စတင်၍ စက်ဘီးစီးနင်းကာ လေယာဉ်ကွင်းလမ်းဆုံသို့ သွားရောက်ပြီး ထိုမှတဆင့် မြို့မအားကစားကွင်းသို့ ပြန်လည် ပန်းဝင်မည်ဖြစ်ကြောင်းသိရသည်။

စက်ဘီးစီးနင်းပွဲသို့ ပါဝင်ဆင်နွှဲမည့်သူများအား ရှမ်းရိုးမကွင်းတွင် ဆေးလိပ်ငွေ့ကင်းစင် အထိမ်းအမှတ် အင်္ကျီအထည်(၃၀၀)အား ပေးေဝမည်ဖြစ်ကြောင်း နှင့် လူထုစက်ဘီးစီးပွဲသို့ ပြည်နယ်ဝန်ကြီး(၄)ဦး ပါဝင်စီးနင်းမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~