တ႐ုတ္ႏိုင္ငံ Power China Co.Ltd မွ ဥကၠဌႏွင့္ တရုတ္ႏုိင္ငံသား ၁၀ ဦးတို႔အား သပိတ္က်င္းၿမိဳ႕နယ္တြင္ လဝကဥပေဒျဖင့္ အမႈဖြင့္ထား

တ႐ုတ္ႏိုင္ငံ Power China Co.Ltd မွ ဥကၠဌႏွင့္ တရုတ္ႏုိင္ငံသား ၁၀ ဦးတို႔အား သပိတ္က်င္းၿမိဳ႕နယ္တြင္ လဝကဥပေဒျဖင့္ အမႈဖြင့္ထား
အောက်တိုဘာ 17, 2017
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီးအစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္မပါဘဲ တိုင္းေဒသႀကီး ကန္႔သတ္နယ္ေျမအတြင္း ဝင္ေရာက္သည့္ တ႐ုတ္နိုင္ငံ Power China Co.Ltd မွ ဥကၠဌျဖစ္သူ Mr.Ynag Jiam အပါအဝင္ တ႐ုတ္နိုင္ငံသား(၁၁)ဦးႏွင့္ တာဝန္ခံ ေခၚေဆာင္လာသည့္ ကုမၸဏီမန္ေနဂ်င္းဒါရိုက္တာ ေဒၚသင္းသင္းေဆြတို႔အား လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

မႏၱေလးတုိင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္ ေဖာ့ေတာေက်းရြာ မိုးကုတ္ - မႏၲေလးကားလမ္းတြင္ အဆိုပါ တရုတ္ႏုိင္ငံသား (၁၁)ဦးႏွင့္ စကားျပန္ (၃)ဦးလုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ (၅)စီးအား ေအာက္တိုဘာလ (၁၄) ရက္ေန႔ ညေန (၃)နာရီခန္႔တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးႏွင့္ ရဲတပ္ဖြဲ႔ပူးေပါင္းအဖြဲ႕မွ စစ္ေဆးေတြ႔ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔သည္ မိုးကုတ္ၿမိဳ႕ ဘုရားသုံးဆူရပ္ရွိ ေရႊလိပ္ျပာဟိုတယ္ပိုင္ရွင္ ဦးေယာဆက္ေနအိမ္တြင္ တည္းခိုခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္ဟုသိရၿပီး ကန္႔သတ္နယ္ေျမအတြင္း သြားလာသည့္အဆိုပါအဖြဲ႔အား သပိတ္က်င္းၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးသို႔ ေအာက္တိုဘာလ (၁၅) ရက္ေန႔တြင္ ေခၚေဆာင္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

Mr.Ynag Jiam အပါအဝင္ တ႐ုတ္ႏိုင္ငံသား (၁၁)ဦးႏွင့္ တာဝန္ခံေခၚေဆာင္လာသည့္ ကုမၸဏီမန္ေနဂ်င္းဒါရိုက္တာ ေဒၚသင္းသင္းေဆြတို႔အား သပိတ္က်င္းၿမိဳ႕မရဲစခန္းတြင္ (ပ)၂၂၅/၂၀၁၇ လဝကအက္ ၁၃(၁)/၁၃(၅) ျဖင့္အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်မပါဘဲ တိုင်းဒေသကြီး ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်သည့် တရုတ်နိုင်ငံ Power China Co.Ltd မှ ဥက္ကဌဖြစ်သူ Mr.Ynag Jiam အပါအဝင် တရုတ်နိုင်ငံသား(၁၁)ဦးနှင့် တာဝန်ခံ ခေါ်ဆောင်လာသည့် ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းဆွေတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ဖော့တောကျေးရွာ မိုးကုတ် - မန္တလေးကားလမ်းတွင် အဆိုပါ တရုတ်နိုင်ငံသား (၁၁)ဦးနှင့် စကားပြန် (၃)ဦးလိုက်ပါလာသည့် မော်တော်ယာဉ် (၅)စီးအား အောက်တိုဘာလ (၁၄) ရက်နေ့ ညနေ (၃)နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် မိုးကုတ်မြို့ ဘုရားသုံးဆူရပ်ရှိ ရွှေလိပ်ပြာဟိုတယ်ပိုင်ရှင် ဦးယောဆက်နေအိမ်တွင် တည်းခိုခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟုသိရပြီး ကန့်သတ်နယ်မြေအတွင်း သွားလာသည့်အဆိုပါအဖွဲ့အား သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးသို့ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။

Mr.Ynag Jiam အပါအဝင် တရုတ်နိုင်ငံသား (၁၁)ဦးနှင့် တာဝန်ခံခေါ်ဆောင်လာသည့် ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းဆွေတို့အား သပိတ်ကျင်းမြို့မရဲစခန်းတွင် (ပ)၂၂၅/၂၀၁၇ လဝကအက် ၁၃(၁)/၁၃(၅) ဖြင့်အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~