ကယားျပည္နယ္တြင္း ဖမ္းဆီးရမိသည့္ပစၥည္း ေလလံတင္ရရိွေငြ၏ ၃၀ ရာခိုင္ႏႈန္းအား ဖမ္းဆီးသူႏွင့္ သက္ေသမ်ားထံ ရဲတပ္ဖြဲ႔ေန႔အခမ္းအနားတြင္ ေပးအပ္

ကယားျပည္နယ္တြင္း ဖမ္းဆီးရမိသည့္ပစၥည္း ေလလံတင္ရရိွေငြ၏ ၃၀ ရာခိုင္ႏႈန္းအား ဖမ္းဆီးသူႏွင့္ သက္ေသမ်ားထံ ရဲတပ္ဖြဲ႔ေန႔အခမ္းအနားတြင္ ေပးအပ္
အောက်တိုဘာ 1, 2017
By 🌸
ကယားျပည္နယ္ ဖရူဆုိၿမိဳ႕နယ္၊ ထီးေပါဆုိေက်း႐ြာအနီးတြင္ တရားမဝင္သယ္ေဆာင္သည့္ ႏြား (၇၅)ေကာင္အား ေလလံတင္ရရိွေငြ၏ (၃၀)ရာခိုင္ႏႈန္းကို အဆိုပါႏြားမ်ားအား ဖမ္းဆီးရမိသည့္ ကယားျပည္နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္(၁၀)ဦးႏွင့္ သက္ေသ (၂)ဦးတုိ႔အား လိြဳင္ေကာ္ၿမိဳ႕တြင္ ေအာက္တိုဘာလ(၁)ရက္ေန႔က က်င္းပသည့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ (၅၃)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားတြင္ ခ်ီးျမႇင့္လုိက္သည္။

၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလ(၁)ရက္ေန႕တြင္ က်ေရာက္သည့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ (၅၃)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားအား ကယားျပည္နယ္၊ လြဳိင္ေကာ္ၿမိဳ႕တြင္ က်င္းပရာ ကယားျပည္နယ္အစုိးရအဖြဲ႕ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠဌ၊ ျပည္နယ္အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး၊ ညႊန္ၾကားေရးမွဴးတုိ႔လည္း တက္ေရာက္ခဲ့ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္က ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔အတြက္ ဂုဏ္ျပဳခီ်းျမႇင့္ေငြ က်ပ္(၁၀)သိန္းကိုလည္း ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ကယားျပည္နယ္ရဲတပ္ဖြဲ႕မွဴး၊ ရဲမွဴးႀကီး မုိးေမာင္သန္းက ရာထူးအဆင့္တုိးျမႇင့္ျခင္းခံရသည့္ တပ္ဖြဲ႕၀င္ (၃)ဦးအား အဆိုပါအခမ္းအနားတြင္ ရာထူးတံဆိပ္ ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ကယားျပည္နယ္ရဲတပ္ဖြဲ႕မွ အမႈထမ္းေကာင္းလက္မွတ္ရရိွသည့္ တပ္ဖြဲ႕ဝင္မ်ား၊ မႈခင္းေဖာ္ထုတ္ဖမ္းဆီးႏုိင္မႈ၊ ရဲတပ္သားသစ္စုေဆာင္းႏိုင္မႈတို႔အတြက္ ဂုဏ္ျပဳမွတ္တမ္းမ်ားႏွင့္  မိတ္ဘက္အဖြဲ႕အစည္းမ်ားအား ဂုဏ္ျပဳမွတ္တမ္း လႊာမ်ား ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ဓါတ္ပံု #ျပည္နယ္အစိုးရအဖြဲ႔ရံုး

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင်း ဖမ်းဆီးရမိသည့်ပစ္စည်း လေလံတင်ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူနှင့် သက်သေများထံ ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပေးအပ်
**********
ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ထီးပေါဆိုကျေးရွာအနီးတွင် တရားမဝင်သယ်ဆောင်သည့် နွား (၇၅)ကောင်အား လေလံတင်ရရှိငွေ၏ (၃၀)ရာခိုင်နှုန်းကို အဆိုပါနွားများအား ဖမ်းဆီးရမိသည့် ကယားပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် သက်သေ (၂)ဦးတို့အား လွိုင်ကော်မြို့တွင် အောက်တိုဘာလ(၁)ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ချီးမြှင့်လိုက်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးတို့လည်း တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မိုးမောင်သန်းက ရာထူးအဆင့်တိုးမြှင့်ခြင်းခံရသည့် တပ်ဖွဲ့ဝင် (၃)ဦးအား အဆိုပါအခမ်းအနားတွင် ရာထူးတံဆိပ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကယားပြည်နယ်ရဲတပ်ဖွဲ့မှ အမှုထမ်းကောင်းလက်မှတ်ရရှိသည့် တပ်ဖွဲ့ဝင်များ၊ မှုခင်းဖော်ထုတ်ဖမ်းဆီးနိုင်မှု၊ ရဲတပ်သားသစ်စုဆောင်းနိုင်မှုတို့အတွက် ဂုဏ်ပြုမှတ်တမ်းများနှင့်  မိတ်ဘက်အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ချီးမြှင့်ကြောင်း သိရသည်။

ဓါတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~